08 : Hou Mansion

7K 676 12
                                    

(Unicode)
Chapter 8 : ပေဝေ့အမတ်အိမ်တော်

ပေဝေ့အမတ်နှင့်ပတ်သက်ပြီး မုဟန်ကျင်းရဲ့ သတိပေးစကားကြောင့် ကျင်းရှောင် ရင်ထဲနွေးခနဲဖြစ်သွားရကာ သူ့ဝမ်ဖေးကို စနောက်ချင်လာတာကြောင့် -
"အဟင်း..အိမ်ထောင်ခွဲသွားတဲ့သူတချို့ကမိဘအိမ်ကို မလွမ်းကြဖူးကိုး..."

ထိုအခါမုဟန်ကျင်းက ကျင်းရှောင်လက်ထဲဆုပ်ကိုင်ခံထားရသည့် လက်ကိုဆွဲနှုတ်ကာ ရထားလုံးရဲ့ ပြတင်းပေါက်ဖက်သို့ မျက်နှာမူလိုက်သည်...
လျစ်လျူရှူခံလိုက်ရသော ဝမ်ရယ်က အပြုံးပင်မပျက် ရထားလုံးနံရံကိုကျောမှီလျက်သက်သောင့်သက်သာထိုင်နေရင်း -
"ကိုယ်က မစဉ်းစား မဆင်ခြင်ပဲ သွေးပူပူနဲ့လုပ်တတ် ၊ ပြောတတ်တဲ့ အကျင့်ဆိုးရှိတာကြောင့် ရှေ့လျှောက် ကျွင်းချင်ကပဲ ကိုယ့်ကို ထိန်းကွပ် သတိပေးတာမျိုးလုပ်ပေးပါ ... မဟုတ်ရင် ဆိုးဝါးတာတွေ ကိုယ်လုပ်မိသွားလိမ့်မယ်"

ကျင်းရှောင်ရဲ့ ပွင့်လင်းသောအပြောကြောင့် မုဟန်ကျင်း တွေခနဲဖြစ်သွားပြီး ခေါင်းငြိမ့်ပြလိုက်သည် ... မူဟန်ကျင်းဖက်က ပြန်အလျော့ပေးလိုက်သည်နှင့် ကျင်းရှောင် က မြွေတစ်ကောင်လို တွန့်လိမ်တွန့်လိမ်ဖြင့် မုဟန်ကျင်းအနားပြေးကပ်လာပြီး ခါးလေးကို လက်နှစ်ဖက်နှင့် ဆွဲသိမ်းပွေ့ဖက်ပစ်သည့်အပြင် မုဟန်ကျင်း ကျော၊လက်မောင်းတွေကို သူ့ခေါင်းကြီးနှင့်တိုးဝှေ့ပွတ်သပ်နေတော့၏ ...
"ကျွင်းချင် ... ပေဝေ့အိမ်တော်အကြောင်း ထပ်ပြောပြအူး .. သိထားမှ ဘယ်လိုငြင်းရမလဲ ကိုယ်ကြိုစဉ်းစားထားလို့ရမှာ..."

တစ်ကိုယ်လုံးကိူ ခေါင်းနှင့်လိုက်ပွတ်ခံနေရတာကြောင့် မုဟန်ကျင်း တောင့်ခဲသွားလျင် ကျင်းရှောင်ရဲ့ ခေါင်းကို တွန်းဖယ်ဖို့လုပ်တော့ .. ကျင်းရှောင်က အလွယ်တကူပဲ ဖယ်ပေး​ပြီး အခွင့်အရေးကိုအသုံးချကာ
ချက်ချင်းပဲ မုဟန်ကျင်းရဲ့ ပေါင်ပေါ်ခေါင်းတင်ကာ လှဲအိပ်ချပစ်ပြန်သည်...

"..."
ပေါင်ကိုခေါင်းအုံလိုသဘောထားနေသည့် ကလေးကြီးကို မုဟန်ကျင်း ငုံ့ကြည့်ရင်း ဘာမှမပြောနိုင် ၊ မလုပ်နိုင်တော့ဖူး ..

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမDonde viven las historias. Descúbrelo ahora