14 : QingMei

6.3K 614 15
                                    

(Unicode)
Chapter 14 : ဇီးသီးစိမ်းသေရည်

ကျင်းရှောင် မျက်လုံးတွေတဖျက်ဖျက်လက်လာလျက် ဇနီးဖြစ်သူအနားကိုတိုးကပ်လို့သွားကာ -
"မူရင်းအရင်းအမြစ် နဲ့ အကျိုးသက်ရောက်မှု ဆိုတာက???"
သူ့အနေနဲ့ ဒီကောလဟာလဆိုးတွေပျံ့လာရခြင်းအကြောင်းကို သိပ်သဘောမပေါက်ဖူး .. သူတွေးထားတာက ကောလဟာလ ဖြစ်စေခဲ့တဲ့ အကြောင်းရင်းတွေကို လူတွေမေ့သွားအောင် ဇာတ်လမ်းမြုပ်ပစ်မယ် ၊ သူကိုယ်တိုင်လည်း အချိန်တချို့ကြာ ဇာတ်မြုတ်နေလိုက်မယ် ဟုသာ တွေးထားခဲ့သည်...
အချိန်ကြာလာရင် လူတွေ သူ့အကြောင်းမေ့သွားကြမှာပဲ မဟုတ်လား??

"အကျိုးသက်ရောက်မှုဆိုတာ - ကောလဟာလ ပျံ့ရာကနေနောက်ဆက်တွဲဖြစ်ပေါ်လာမဲ့ကိစ္စတွေကိုဆိုလိုပြီး မူရင်းအရင်းအမြစ်ဆိုတာ - ကောလဟာလဖြစ်ပေါ်လာအောင် စဖြန့်ပေးသူ သို့မဟုတ် အဖွဲ့အစည်း ကို ဆိုလိုတာပါ ဝမ်ရယ်"
မုဟန်ကျင်း ပြောလက်စကို ခဏရပ်ပြီး ကျင်းရှောင်ကို အကဲခတ်ကာ ၊ နားလည်သည့်ပုံစံအနေအထားရှိမှ -
"ကျွန်တော်တို့အနေနဲ့ ကောလဟာလကနေတဆင့်ဖြစ်လာမဲ့ အကျိုးဆက်ကိုအရင် ဦးစားပေးတားဆီးကာကွယ်ရမယ်.. ဆိုရိုးရှိတာက - ပြည်သူလူထုရဲ့ အမြင်အတွေးတွေက သံထည်ကိုတောင် အရည်ဖျော်ချနိုင်တယ်တဲ့ ... အများနဲ့တစ်ယောက်ဖြစ်လာရင် အမှားကလည်း အမှန်ဖြစ်သွားလိမ့်မယ်... အခုချိန်မှာ ခမည်းတော်မင်းကြီးက ဒီကောလဟာလတွေကို ရီရီမောမောနဲ့ ကျော်ချကောင်းကျော်ချသွားနိုင်ပေမဲ့ နှစ်အနဲငယ်ကြာလာချိန်မှာတော့ ... ပေါ့ပေါ့တန်တန် ကျော်ချသွားဖို့ မဖြစ်နိုင်တော့ဖူး"

"ကျွင်းချင်!!!"
ကျင်းရှောင်စိတ်လှုပ်ရှားလွန်ပြီး သေရည်ခွက်ကိုင်ထားသည့် မုဟန်ကျင်းရဲ့ လက်ကို ဆွဲဆုပ်ကိုင်လိုက်သည်... ကျွင်းချင် က သူ့လို ပြန်လည်မွေးဖွားလာတာများလား ဆိုပြီး သူအတွေးတစ်ချက်ဝင်သွားပေမဲ့ ... ဒါက မဖြစ်နိုင်ဖူး .. ကျွင်းချင်သာ ပြန်လည်မွေးဖွားလာသူ ဆိုရင် အပြုအမူပြောင်းလဲနေတဲ့ သူ့ကို ချက်ချင်းရိပ်မိပြီး သံသယဝင်နေမှာပဲ...
ဒါဆို ဖြစ်နိုင်တာတစ်ခုက - ကျွင်းချင် ရဲ့ ရှေ့ရေးမျှော်မှန်း တွက်ဆနိုင်တဲ့ ဥာဏ်ရည်မြင့်လွန်းနေတာပဲ!!!

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမМесто, где живут истории. Откройте их для себя