02: Aftercare

9K 804 5
                                    

(Unicode)
Chapter 02 : တစ်ညတာအပြီး ပြန်လည်ပြုစုစောင့်ရှောက်ခြင်း...

ကျင်းရှောင် မုဟန်ကျင်းရဲ့မျက်နှာလေးကို မယုံကြည်နိုင်စွာ တို့ထိမိတယ်... ပါးပြင်နုအိအိ အေးစက်စက်ကို သူ့လက်ထိပ်ဖျားနှင့်ထိမိချိန် နှလုံးသားတစ်ခုလုံးတုန်ရီလှုပ်ခတ်လို့သွား၏...သူစိတ်ကိုငြိမ်အောင်ထားကာ သေချာပြန်ထိတွေ့ကြည့်မှ ဒါက သက်ရှိလူသားတစ်ယောက်ရဲ့ သာမာန်အပူချိန်သာဖြစ်တယ်... မှိန်ဖျဖျဖယောင်းတိုင်မီးရောင်အောက် မုဟန်ကျင်းရဲ့မျက်နှာလေးက ချောမောနေဆဲ... အောက်နှုတ်ခမ်းမှာတော့ သွေးစို့နေသည့် ဒဏ်ရာလေးတစ်ခုရှိနေပေမဲ့လို့ မျက်နှာလေးက ငယ်ရွယ်ပျိုမြစ်နေဆဲဖြစ်ပြီး ကြမ်းတမ်းခက်ခဲမှုတွေကို မတွေ့ကြုံရသေးမှန်းသိသာသည်..

ဘာတွေဖြစ်နေတာလဲ??

ကျင်းရှောင် ကြက်သေ သေနေရင်းမှ သူ့အတွင်းဝတ်ကို ဆွဲဖွင့်ကာ ခန္ဓာကိုယ်ကိုစစ်ဆေးကြည့်သည်..
ဟုန်ကျန့်ခေတ် ၁၈နှစ်မှာ နှလုံးသားနှင့်နီးသည့်နေရာတွင် မြားမှန်ခဲ့ပြီး သေမလိုဖြစ်ခဲ့ဖူးတယ်... ဒါပေမဲ့ အခုသူစစ်ဆေးကြည့်တော့ မြားဒဏ်ရာအမာရွတ်က လုံးဝမရှိ... သူ့အရေပြားက ချောမွတ်လျက် အမာရွတ်ကင်းမဲ့နေပြီး သူ့ခန္ဓာကိုယ်သည်လည်း ကြွက်သားတွေရှိနေဆဲဆိုပေမဲ့ အနည်းငယ် လူကောင်သေးနေသလို??
ကျင်းရှောင်အိပ်ရာဘေးရှိ ကျွန်းနက်အံဆွဲကို ဆွဲဖွင့်ကာ စာအုပ်အပြာရောင်တစ်အုပ်ကို အလျင်အမြန်ဆွဲထုတ်ဖွင့်ကြည့်လိုက်တော့ စာအုပ်ထဲမှာနောက်ဆုံးရေးထားသည့်အကြောင်းအရာသည်ကား − လီယန်ချင်း ဆီကနေ ငွေတုံး ၂၀၀၀ လက်ခံရရှိ. ဆားဖြူ ၅၀၀၀ ဖိုး ဝယ်ခဲ့ .
၁၉ရက် ၊ ၁၃ နှစ် ၊ ဟုန်ကျန့်ခေတ်။

ငွေစာရင်းစာအုပ်ကို ပြန်ပိတ်လိုက်ပြီး နေရာတကျပြန်ထားပြီးနောက် ပတ်ဝန်းကျင်ကို တွေဝေငေးမောစွာ လိုက်ကြည့်နေမိသည်... သူ့အကြည့်တွေက နီစွေးနေသောမင်္ဂလာအိပ်ရာပေါ်ပြန်ရောက်လာချိန် ... ဟုန်ကျန့်ခေတ် ၁၃ နှစ်မြောက် နွေဦး... ဒါက...
အဲ့ဒီနှစ်မှာ သူ ဟန် တွေကို နယ်စပ်မှာ တိုက်ထုတ်နိုင်ခဲ့ပြီး အောင်ပွဲနှင့် မြို့တော်ကို ပြန်လာခဲ့ချိန် ... ထိုအောင်ပွဲကြောင့် သူသည် ဘုရင့်သားတော်တွေထဲ ချန်ဝမ်ဘွဲ့ကို ပထမဆုံးချီးမြင့်ခံရသူ ဖြစ်ခဲ့တယ်...
ထိုနှစ်မှာပဲ မိဖုရားကြီးဝူ(မိထွေးတော်) က ဘုရင်ကြီးကို ရအောင်နားချပြီး သူ့ကို ပေဝေ့အမတ်အိမ်တော် ရဲ့ ကိုယ်လုပ်တော်ဖွားသား နှင့် လက်ဆက်စေခဲ့သည်...
အတိအကျပြောရရင် မနေ့ညက သူနှင့် အမျိုးသားဝမ်ဖေးတို့၏ မင်္ဂလာဦးည...

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမUnde poveștirile trăiesc. Descoperă acum