(Unicode)
Chapter 4 : နန်းတော်ထဲဝင်ကြပြီရင်ခွင်ထဲကနေမော့ကြည့်နေသည့် မျက်ဝန်းစိုစို နက်နက်တို့က အသက်ပါလှသည်... ကျင်းရှောင် ထိုမျက်ဝန်းပိုင်ရှင်ကို ပြန်လည်ငုံ့ကြည့်လိုက်ပြီး 'ကိုယ့်ကို မကြောက်ပါနဲ့' ဆိုသည့် စကားလုံးတို့ကို ပြောချင်လှသည်... ကျွင်းချင်ရဲ့ အကြံပေးစကားတို့ကြောင့် ကျင်းရှောင်အတွေးတစ်ခုလည်းဝင်လာ၏ .. အတိတ်တုန်းက သူက ကျွင်းချင် ကို ပစ်ပယ်ထားခဲ့ပြီး ကိုယ့်ကိုကိုယ်အထင်ကြီးစွာဖြင့် မောက်မာခဲ့လို့ အဆုံးသတ်မှာ အဖြစ်ဆိုးတွေနှင့် ကြုံခဲ့ရခြင်းဖြစ်၏...
ကျင်းရှောင် သူ့အမှားတွေအတွက် ခါးသက်သက် ပြုံးမိပြန်တယ်..."ဝမ်ရယ်... အလယ်ဂိတ်ကို ရောက်ပါပြီခင်ဗျ"
ဝေါယာဥ်ဘေးမှာလမ်းလျှောက်လိုက်ပါလာသည့် ကုန်းကုန်းငယ်လေးအသံနှင့်အတူ ဝေါယာဥ်သည် ငြိမ့်ခနဲ ရပ်တန့်လို့သွားတယ်... မင်းကြီးနေသည့် ပင်မနန်းဆောင်ဆီသွားမည်ဆိုလျှင် ဝေါယာဥ်နှင့်တောက်လျှောက်သွားလို့ရမည်ဖြစ်ပေမဲ့ အခုချိန် မင်းကြီးက အနောက်ဆောင်ရှိ မိဖုရားကြီးဝူအဆောင် မှာ ရောက်နေသည်မို့ အလယ်ဂိတ်မှာ ဝေါယာဥ်နှင့် မြင်းရထား လဲစီးသွားရမည်ဖြစ်သည်...🐎
ဧကရာဇ်ဟုန်ကျန့် သည် လန့်ရီအဆောင်မှာ မိဖုရားကြီးဝူနှင့်အတူ ဂါဝရလာပြုမည့် မင်္ဂလာမောင်နှံနှစ်ပါးကို အသင့်ထိုင်စောင့်လို့နေတယ်... သက်တော် ၄၀ သာရှိသေးသည့် မင်းကြီးသည် အခုမှအရွယ်ကောင်းတုန်းအချိန်လို့ဆိုရပေမည်... တည်ငြိမ်မှု ဥာဏ်အမျှော်အမြင်ကြီးမားမှုတွေက တကယ့်ကို အင်ပါယာတစ်ပါးဖြစ်ဖို့ထိုက်တန်နေပြီး သူ့လက်အောက်မှာ ထောက်ခံသူတွေကလည်း အများသားမို့ အင်အားလည်းတောင့်တင်းသော အင်ပါယာဘုရင်တစ်ပါးဖြစ်တယ်..
နုပျိုနေဆဲ ဖခင်ဖြစ်သူကို ကျင်းရှောင် ပြန်မြင်လိုက်ရချိန် ဝတ်ရုံရှည်ထဲမှာဝှက်ထားသည့်လက်တို့က သူ့အလိုလိုလက်သီးဆုပ်မိတယ်... စိတ်ကိုပြန်ထိန်းကာဖြင့် လက်သီးဆုပ်ကို အသာဖြေကာ လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့မှာ ယှက်လျက် မုဟန်ကျင်းနှင့်အတူ ဘုရင်နှင့်မိဖုရားကြီးကို အရိုအသေပြုလိုက်သည်...
ŞİMDİ OKUDUĞUN
ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမ
Tarihi Kurgu(Unicode) ဘုရင့်သားတော် လည်းဖြစ် ၊ စစ်ဦးစီးချုပ်လည်းဖြစ်သည့် ကျင်းရှောင်... သူ့အပေါ်အမြဲသစ္စာရှိတဲ့ ဝမ်ဖေးကို ပစ်ပယ်ခဲ့ပြီး သေဆုံးချိန်မှ အမြင်မှန်ရခဲ့သည့်နောက်... second chance အနေနဲ့ သေရာကနေ ပြန်ရှင်လာချိန် ... ကံကြမ္မာကို သူပြောင်းလဲနိုင်ခဲ့မလား...