(Unicode)
Chapter 90 : ဝမ်ရယ် စစ်ဆေးခံရသည်...'ချန်ဝမ်စာကြည့်ဆောင်' အပြင်ဖက်တွင် ကိုယ်ရံတော်ရဲမက်တွေနှင့်အစေခံလေးတွေ တသီတတန်းကြီးရှိနေပေမဲ့ အပ်ကျသံပင်ကြားနိုင်အောင်ထိ တိတ်ဆိတ်လို့နေသည်...
ဧကရာဇ်ဟုန်ကျန့် စာကြည့်စားပွဲနောက်မှာထိုင်နေပြီး ဖန်ဖြင့်ပြုလုပ်ထားသောခွက်လေးတစ်လုံးကိုလက်ထဲမှာကိုင်လျက် အသာလှည့်နေရင်း -
"ပြည်ပတိုင်းပြည်တွေနဲ့ကူးသန်းရောင်းဝယ်ရေးလုပ်တာက သာ့ချန်အတွက် အကျိုးရှိမယ်လို့ မင်းတကယ်ထင်တယ်လား?""ကျွန်တော်မျိုးတွေ့ရှိမိသလောက် သာ့ချန်ပြည်ထွက်ပစ္စည်းတွေကို ပြည်ပတိုင်းပြည်တွေ အလိုရှိနေပေမဲ့ ၊ သူတို့မှာ ရောင်း/ဝယ်ခွင့်မရှိဖူးဖြစ်နေပါတယ်"
စားပွဲရှေ့တွင် မုဟန်ကျင်းမတ်တပ်ရပ်နေပြီးမျက်လွှာချထားကာ ငြင်သာသောအသံဖြင့် -
"ပြည်ပ ပဏ္ဏာတွေလာဆက်သတဲ့အချိန် အရှေ့တောင်ကလာတဲ့တိုင်းတစ်ပါးကုန်သည်ကို ကျွန်တော်မျိုး မေးစမ်းကြည့်ခဲ့ဖူးပါတယ်... သာ့ချန်ပြည်ထွက် ပိုးထည် တစ်ချီအလျားကို ရွှေဒင်္ဂါး ၁၀ ပြား၊တစ်နည်းအားဖြင့် ရွှေ ၂ တုံးစျေးရပါသတဲ့ ...""ဟန်ကျင်း ... ဘာလို့ ကိုယ့်ကိုကိုယ် ကျွန်တော်မျိုး လို့ သုံးနှုန်းနေတာလဲ??"
မင်းကြီးက မုဟန်ကျင်းရဲ့လျှောက်တင်ချက်အပေါ် မှတ်ချက်မပြုသေးပဲ ခပ်လွင်လွင်ရီလို့ -
"တော်ဝင်မိသားစုထဲကိုလက်ဆက်ပြီးဝင်ရောက်လာခဲ့ပြီးကတည်းက ကိုယ့်ကိုကိုယ် အားချန် လို့ သုံးနှုန်းသင့်ပြီ"မုဟန်ကျင်း ရှက်ရွံ့စွါနှုတ်ခမ်းတင်းတင်းစေ့လိုက်မိပြီးမှ -
"အားချန် ရိုသေစွါ မှတ်သားထားလိုက်ပါပြီ"ထိုအချိန်မှာပဲ အခန်းထဲသို့ ကျင်းရှောင်ရောက်လာခဲ့သည်...
အခန်းထဲမယ် တင်းမာနေသောလေထုကြီးရှိနေခဲ့မယ်လို့ ကျင်းရှောင်ထင်ခဲ့ပေမဲ့... လက်တွေ့မှာ လေထုဟာပေါ့ပါးလို့နေတယ် !?
ကျင်းရှောင် အံ့ဩဆွံ့အမိပါသည်!ကျင်းရှောင်ကိုမြင်သည်နှင့် မျက်နှာပေါ်ရှိအပြုံးတွေကိုဧကရာဇ်ဟုန်ကျန့်ချက်ချင်းရုတ်သိမ်းပြီး -
"မင်းဘယ်တွေလျှောက်သွားနေတာလဲ!?"
ŞİMDİ OKUDUĞUN
ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမ
Tarihi Kurgu(Unicode) ဘုရင့်သားတော် လည်းဖြစ် ၊ စစ်ဦးစီးချုပ်လည်းဖြစ်သည့် ကျင်းရှောင်... သူ့အပေါ်အမြဲသစ္စာရှိတဲ့ ဝမ်ဖေးကို ပစ်ပယ်ခဲ့ပြီး သေဆုံးချိန်မှ အမြင်မှန်ရခဲ့သည့်နောက်... second chance အနေနဲ့ သေရာကနေ ပြန်ရှင်လာချိန် ... ကံကြမ္မာကို သူပြောင်းလဲနိုင်ခဲ့မလား...