86 : Numerous & Disorderly

4.9K 545 45
                                    

(Unicode)
Chapter 86 : တနေကုန် ကစဉ့်ကလျားတွေချည်း...

နှင်းလိုဆွတ်ဆွတ်ဖြူသောဝတ်စုံကိုဝတ်ဆင်ထားသည့် ပန်းချီကားချပ်ထဲက ခုန်ထွက်လာသလိုပုံစံနှင့်လူသည် ကူဟွိုက်ချင် ကလွဲလို့ ဘယ်သူဖြစ်ဦးမှာလဲ??

"ဝမ်ရယ်! အမတ်မင်းဝမ်!"
အစ်မဟောင် က သူတို့ကိုမြင်တော့ ပျာပျာသလဲ ဦးညွတ်လို့ကြိုဆိုတယ်... အခုမှသင်ထားပုံရသည့် သူမရဲ့ကြိုဆိုပုံက ကို့ရို့ကားယားတော့နိုင်လှသည်...

"အစ်မဟောင်... မတွေ့ဖြစ်ခဲ့တဲ့အတောအတွင်း နေကောင်းကျန်းမာရှိခဲ့မယ်လို့ မျှော်လင့်ပါတယ်"
မုဟန်ကျင်း ပြုံးရွှင်စွါဖြင့် ပြန်လည်နှုတ်ခွန်းဆက်သလိုက်တယ်...

ကျင်းရှောင်ကတော့ ကူဟွိုက်ချင်နှင့် အကြည့်ပြိုင်ပွဲကျင်းပနေတယ်! ဒီလူက ကူဟွိုက်ချင်မှန်း သေချာသွားသည်နှင့် အကြည့်တို့ဖြင့် - 'ဘာကြောင့်မြို့တော်ထဲရောက်နေသလဲ' ဟုလှမ်းမေးပေမဲ့ ၊ ကူဟွိုက်ချင်က နားလည်ပုံမရ ... မတ်တပ်ထရပ်လာပြီး -
"ဝမ်ရယ်နှင့်အမတ်ဝမ် ကို ဂါရဝပြုပါတယ်!"

"မောင်လေးကူနဲ့က လမ်းမှာတွေ့ခဲ့ကြတာ"
အစ်မဟောင် က နှုတ်ဆက်ပေးဖို့ မစောင့်နိုင်သလို တက်ကြွစွါဖြင့် -
"အစ်မစီးလာတဲ့ လား က လမ်းတဝက်မှာ ခြေထောက်ကျိုးသွားခဲ့ချိန် ၊ ကံကောင်းထောက်မလို့ မောင်လေးကူ နဲ့တွေ့ပြီး သူ့လှည်းပေါ်ခေါ်တင်ခဲ့လို့သာပေါ့... မောင်လေးကူ က အမှုထမ်းတစ်ယောက်ဖြစ်ပြီး မြို့တော်ကိုအလုပ်ကိစ္စနဲ့လာခဲ့တာဆိုပေမဲ့ တည်းစရာနေရာတော့မရှိတာမို့ အစ်မအိမ်မှာ ခေါ်ထားလိုက်တာ"

"ကျွန်တော်မျိုးရဲ့နာမည်က ကူချင် ဖြစ်ပါတယ်... ကျင်းနန်ဒေသ ဟွိုက်ယန်မြို့ရဲ့ အောက်ရုံးတရားသူကြီးဖြစ်ပါတယ်... မြို့တော်ကို အလုပ်ကိစ္စအစီရင်ခံစာတင်ဖို့လာရင်း အစ်မကူအိမ်မှာတည်းခွင့်ရလိုက်လို့ အလွန်ကံကောင်းသွားခဲ့တာပါဗျာ"
ကူဟွိုက်ချင်က အစ်မဟောင်ကို အလွန်ကျေးဇူးတင်သည့်အကြည့်တို့ဖြင့် ကြည့်သည်...
သူ့ရဲ့စကားပြောဟန်က ယဉ်ကျေးသိမ်မွေ့အောက်ကျို့သည်...
သူ မတူအောင်ချောမောသည့်မျက်နှာကြောင့်သာမဟုတ်ရင် ဒီလူက ကူဟွိုက်ချင်မှဟုတ်ရဲ့လားဆိုပြီး ကျင်းရှောင်ပင် သံသယဝင်မိမည်!
မုဟန်ကျင်း မပြုံးမိအောင် နှုတ်ခမ်းတွေကိုတင်းတင်းဖိစေ့ထားရတယ်!
ဟွိုက်ယန်မြို့ဆိုတာ အရင်ဧကရာဇ်လက်ထပ်တုန်းက မြို့တော်တစ်ခုဖြစ်ခဲ့ပြီး အခုချိန်မှာ တန့်ယန်မြို့ လို့ အမည်ပြောင်းသွားပြီး ဟွိုက်နန် ရဲ့ မြို့တော်ဖြစ်သည်...
ဟွိုက်နန်ဘုရင်က သူ့ကိူယ်သူ မြို့တော်ရဲ့အောက်ရုံးတရားသူကြီးလို့ မိတ်ဆက်လိုက်တယ်ပေါ့??

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမDove le storie prendono vita. Scoprilo ora