89 : Crisis

4.7K 557 20
                                    

(Unicode)
Chapter 89 : ကပ်ဆိုက်သောကာလ

"ကျားငယ်လေးတွေက ကစားချင်စိတ်များတော့ အဆော့လွန်ပြီး မင်းသား(၄) ကို ထိခိုက်မိစေပါပြီ... ခွင့်လွှတ်ပေးပါနော်"
ခြေထောက်ကိုလာတိုးဝှေ့နေသည့်အမွှေးပွခေါင်းလုံးကိုလက်နှင့်ပွတ်ပေးနေရင်း မုဟန်ကျင်း ကျင်းယွီကိုတောင်းပန်စကားဆိုလိုက်တယ်...

"အို့... တကယ်စိတ်မကောင်းပါဖူး ညီတော်(၄)ရေ... ရောက်လာမယ်မှန်းမသိထားတော့ ကြက်တောင်ပံကင်ကို အဲ့ဒီဖက်ပစ်ပေးလိုက်မိတယ်ကွာ...ကျွတ်"
ကျင်းရှောင် အလွန်မရိုးသားစွါ ကျင်းယွီ ကို လေသာဆောင်ထဲသို့ဖိတ်ခေါ်ပြီး င်္အကျီပေါ်ကဖုန်တွေသဲတွေကို တဖုန်းဖုန်း အသံမြည်အောင်ကို ခါပေးတယ်...
ကျင်းရှောင်ရဲ့လက်အားကြောင့် ကျင်းယွီမှာ ယိုင်ထိုးလို့...

စားပွဲပေါ်က သေရည်ခွက်(၃)ခွက်ကို ကျင်းချန်သတိထားမိလိုက်ပြီး မုဟန်ကျင်းကို မျက်လုံးဖြင့်အချက်ပြလိုက်သည်နှင့် မုဟန်ကျင်း သွက်လက်စွါပင် သူ့ကြွေခွက်လေးကို မသိမသာအင်္ကျီလက်ထဲဖွက်သိမ်းလိုက်တယ်...

ညီလာခံအပြီး မင်းကြီးက ကျင်းချန်တစ်ယောက်တည်းကို တော်ဝင်စာကြည့်ဆောင်ထဲခေါ်ခဲ့သည်... ကျင်းချန် စာကြည့်ဆောင်ထဲကထွက်လာပြီးနောက် အိမ်တော်ကိုမပြန်ပဲမြို့တောင်ပိုင်းကိုဦးတည်သွားနေသည်မို့ ... ကျင်းယွီ စိတ်ထဲမယ် ခမည်းတော်က ကျင်းချန်ကို လျှို့ဝှက်အလုပ်တစ်ခုခိုင်းလိုက်သည်ဟူ၍...
ထို့ကြောင့် ကျင်းချန်သွားရာနောက် အတင်းကုပ်ကပ်လိုက်ခဲ့တယ်...
ဒါပေမဲ့ သူ့အထင်နှင့်အမြင်တို့လွှဲခဲ့သည်...
ကျင်းချန်မြို့တောင်ပိုင်းကိုသွားသည်က ကျင်းရှောင်တို့နှင့်မက်မွန်ခြံထဲမှာတွေ့ဖို့တဲ့ !

မက်မွန်ခြံ လေသာဆောင်ထဲတွင် ၄ဦးသား ရောက်တက်ရာရာ ဟန်ဆောင်စကားဝိုင်းတစ်ခုကိုဖန်တီးခဲ့ကြ၏...
အချိန်တစ်ခုရှိလာတော့ ကျင်းရှောင် ဟန်မဆောင်နိုင်တော့ပဲ အာသမ်းဝေကာ အကြောင်းပြချက်တစ်ခုထုတ်ပြီး သူ့ဝမ်ဖေးလက်ကိုဆွဲလို့ အိမ်တော်ပြန်တော့မည်ဖြစ်ကြောင်း နှုတ်ဆက်တယ်...
ချန်ဝမ် ထပြန်ပြီမို့ အငယ်ဖြစ်သည့် ကျင်းယွီသည်လည်း ကြာကြာနေလို့မကောင်းတော့ ...
ထပြန်ရသည်...
ချန်ဝမ်တို့အတွဲနောက် ခုန်ပေါက်ပြေးလွှားဆော့ကစားရင်းလိုက်သွားသည့် ကျားကို ကျင်းယွီမကျေမလည် ခပ်စူးစူးကြည့်လိုက်တယ်...
ဘာ မတော်မဆလဲ? ငါလာနေမှန်းသိလို့ ငါ့မျက်ခွက်တဲ့တဲ့ကိုချိန်ပြီးပစ်ခဲ့တာ အသိသာကြီးကို!!

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမOnde histórias criam vida. Descubra agora