72 : New (1)

4.8K 535 33
                                    

(Unicode)
Chapter 72 : သတင်းကောင်း အပိုင်း (၁)

"ဆက်ခံသူသခင်လေးမု က ကျန်းမာရေးကောင်းခဲ့သူပါ ... ဘယ်ကနေဘယ်လို အိပ်ရာထဲဗုန်းဗုန်းလဲတဲ့အထိဖြစ်သွားရတာလဲ?"
မုဟန်ကျင်း အမေ့ကိုစောင်သေချာခြုံပေးရင်း မေးလိုက်သည်...

ကိုယ်လုပ်တော်ချွေ့ ဘေးဘီကိုအရင်ဝေ့ဝဲကြည့်ပြီးမှ လေသံတီးတိုးဖြင့် -
"၁၂လပိုင်း ၇ရက်နေ့မှာ သခင်လေးမု နဲ့ သူ့သူငယ်ချင်းတွေဖြစ်တဲ့ ဟွာဖုန်း ၊ ယန်ဝမ် တို့ သေရည်ထွက်သောက်ကြရာကနေ မြစ်ထဲပြုတ်ကျခဲ့တယ်"

မုဟန်ကျင်း မျက်မှောင်ကြုတ်မိတယ် ... ၁၂လပိုင်း ၇ရက်နေ့ဆိုတာ ဆောင်းဝင်ပြီး ၂၇ရက်မြောက်နေ့ ၊ အအေးဆုံးအချိန် ... အဲ့လိုအချိန်မှာ မြစ်ထဲပြုတ်ကျခဲ့တယ်ဆိုရင် ဖျားနာရုံလောက်နဲ့ပြီးသွားမည်မဟုတ် ၊ ပြင်းပြင်းထန်ထန်တွေဖြစ်လိမ့်မယ်...
ဒါပေမဲ့ အရွယ်ရောက်ပြီးယောကျာ်းသား (၃)ယောက်က မြစ်ထဲဘယ်လိုပြုတ်ကျခဲ့တာလဲ??

"သခင်မကြီး(၃)ယောက်ဆို အော်ငိုလိုက်ကြတာမှ ၊ မေ့လဲသွားတဲ့အထိပဲ... ဟွာဖုန်းရဲ့ခြေထောက်တွေက ကုမရတော့တဲ့အထိ ခဲသွားတယ်လို့ကြားတယ် ၊ ယန်ဝမ် နဲ့ သခင်လေးမု ရဲ့ အခြေအနေကတော့ အတိအကျမသိရသေးဖူး ၊ အိပ်ရာထဲမေ့မြောနေကြတုန်းပဲ ... ရှေ့ရက်က နန်းတွင်းသမားတော်လာကြည့်ခဲ့ပေမဲ့ သခင်မကြီးက သတင်းအမှောင်ချထားတယ်"
သတင်းတွေကိုဖောက်သည်ချနေချိန် ကိုယ်လုပ်တော်ချွေ့ရဲ့ မျက်နှာက ဝင်းပနေ၏... သူ့သားလေးကို ရေခဲရေကန်ထဲတွန်းချခဲ့တာက အဲ့သခင်လေး(၃)ယောက်လေ!
သူ့သားလေးမှာ အတွင်းဒဏ်ရသွားတဲ့အထိ ဖြစ်ခဲ့ရတယ်!
အခု သူတို့အကုသိုလ်ကြွေး သူတို့ပြန်ဆပ်ရတာပဲ!

အဖြစ်အပျက်ကထူးဆန်းလွန်းသည်ဟု မုဟန်ကျင်း ထင်မိသည်မို့ -
"မြစ်ထဲဘယ်လိုကျသွားခဲ့တာတဲ့လဲ??"

ကိုယ်လုပ်တော်ချွေ့ ပြတင်းပေါက်ကိုတချက်လှမ်းကြည့်ပြီးမှ လေသံတီးတိုးဖြင့် -
"အမေကြားခဲ့တာကတော့ - သူတို့ ၃ယောက်က ကျင်းဟူသိုင်းသမားကြီးတွေကို အပြစ်ပြုမိခဲ့ကြလို့ အရိုက်ခံရပြီး ရေကန်ထဲပစ်ချခံခဲ့ရတာတဲ့ ... မြစ်ရေထဲမှာ အချိန်အတော်ကြာပေါလောမျောနေခဲ့ပြီးမှ ဆယ်ယူနိုင်ခဲ့တာ"

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမWhere stories live. Discover now