25 : Eating Vinegar

5.5K 546 1
                                    

(Unicode)
Chapter 25 : ရှာလကာရည်တွေသောက်ကုန်ပြီ

"ပန်ဝမ် မနက်ဖြန်ကျရင် မင်းရဲ့အသနားခံလွှာကို ခမည်းတော်မင်းကြီးထံ သွားလျှောက်တင်ပေးမယ်.. ဒါပေမဲ့ မျှော်လင့်ချက်အများကြီးတော့ မထားလေနဲ့"
ကျင်းရှောင် ကော့ရော့ယိ ရဲ့ အသနားခံလွှာကို လက်ခံယူပြီးနောက် ကောင်းကင်ကိုတစ်ချက်မော့ကြည့်ကာ .. ဒီအချိန်က သူ့ဝမ်ဖေးနှင့် ညနေစာ လက်ဆုံစားရတော့မည့်အချိန်ဖြစ်တာကြောင့် လက်ထဲက လက်ဖက်ရည်ခွက် ကိုချကာ မတ်တပ်ထရပ်လိုက်သည်...

ကော့ရော့ယိ ကြမ်းပြင်ပေါ် 'ဒုတ်' ခနဲအသံထွက်သည့်အထိ ဒူးထောက်ချ ၊ အရိုအသေပြုကာ -
"ဝမ်ရယ်ရဲ့ သနားကြင်နာမှုကို ကျွန်တော်မျိုးမ ဒီတစ်သက်မမေ့ပါဖူး! မျိုးနွယ်စုကိုယ်စား ကျေးဇူးတင်ပါတယ်ရှင့်!"

ကျင်းရှောင် သက်ပြင်းသာ ချမိတော့တယ်.. အရှေ့တောင်ဘုရင်ခံ က လူရမ်းကားတစ်ယောက်ဖြစ်ပါစေဦး၊ သူအပိုင်စားရထားတဲ့မြေပေါ်မှာ ရမ်းကားမှုပြုနေသည်မို့ ၊ ကော့ မျိုးနွယ်စု ဘယ်လောက်ပဲ မတရားခံခဲ့ရ... ဧကရာဇ် က မျက်ကွယ်ပြုထားပေလိမ့်မည်...
ဒါပေမဲ့ ဒီကိစ္စက အခုအချိန်မှာ အကောင်အထည်မပေါ်လာနိုင်ပေမဲ့ အနာဂတ်မှာအကောင်အထည်ပေါ်လာမှာဖြစ်တယ်... လောလောဆယ် မျက်နှာကောင်းရစေရန်အတွက် ကျင်းရှောင်ကတော့ အသနားခံလွှာကို ခမည်းတော်ထံ သွားတင်ပေးမည်..

ဒီရက်ပိုင်းတွေအတွင်း အိမ်စာကူးနေချိန်တွေမှာ မုဟန်ကျင်း အချိန်တွေကိုမေ့လျော့သွားတတ်သည်မို့ ကျင်းရှောင်စာကြည့်ခန်းဆီကို အရင်သွားကြည့်လိုက်ပေမဲ့ စာကြည့်ခန်းထဲတွင် သက်ရှိတစ်ယောက်တစ်လေတောင်မရှိနေ...
တစ်ဝက်တစ်ပျက် ကူးပြီးဖွင့်ထားသော စာအုပ်မှာ လေအတိုက်တွင် တရွှက်ရွှက် လှန်နေတာကြောင့် ကျင်းရှောင် စားပွဲခုံနားသွားကာ စာအုပ်ကို ပိတ်ပေးလိုက်သည်... အနီးနားရောက်ကာမှ ခုံအောက်တွင် လုံးချေပြီးပစ်ထားသောစက္ကူလုံးအတော်များများရှိနေတာကို ကျင်းရှောင် သတိထားမိလိုက်တယ်...
စက္ကူလုံးတစ်လုံးကို ကောက်ယူကာ ဖြည်ကြည့်လိုက်တော့ စာလုံးတစ်လုံးမှမရှိပဲ အမဲရောင်မှင်စက် ၃စက်သာ ရှိနေတာကိုတွေ့ပြီး ကျင်းရှောင်ရီမိတော့သည်...
သူ့ဝမ်ဖေးလေး စာကူးရတာ အီလာပြီထင်ရဲ့ ... နောက်ရက်တွေ ကိုယ့်ကိုတိုင် စာကူးပြီး ဝမ်ဖေးလေးကို လိုက်လည်ပေးအူးမှပါလေ...

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမDonde viven las historias. Descúbrelo ahora