41 : Xiao Hei

5K 485 15
                                    

(Unicode)
Chapter 41 : ရှောင်ဟေး ...

ကင်းလှည့်နေသော တပ်သားတို့သည် အချင်းချင်းစကားတစ်ကြောင်းပြည့်အောင် ပြောခွင့်မရှိသည်မို့ ညအချိန်တွေမှာ တပ်စခန်းတွေသည် တိတ်ဆိတ်ငြိမ်သက်နေစမြဲ ...
ဒါပေမဲ့ ဗဟိုတဲတွင် သေရည်ဝိုင်းဖွဲ့သောက်နေသော စစ်သူကြီး(၃)ဦးတို့၏ လက်ချောင်းခန့်မှန်းခြင်းကစားပွဲကြောင့် ပွက်လောရိုက်နေတော့သည်... စစ်သူကြီးကျောက် ၊ ညာစစ်သူကြီး ၊ ဘယ်စစ်သူကြီး တို့သည် ကျင်းရှောင်နှင့်အတူ ရှူံးနွီစစ်ပွဲမှာအတူတိုက်ခိုက်ခဲ့ကြသူတွေဖြစ်ပြီး လူသူမရှိသည့် မြေပြန့်လွင်ပြင်ဒေသမှာ လချီကြာစခန်းချနေခဲ့ရတာတွေကြောင့် ပြုမူရမည့် လောကကျင့်ဝတ်တွေကို မေ့လို့နေပြီ... မြို့တော်နှင့်လီ ၅၀ အကွာသာ ရှိသည့်တပ်စခန်းမှာပင်ဤသို့သော အပြုအမူတွေကို လုပ်နေတာကြောင့် တစ်ရက်ရက်တော့ အချိန်ပေးပြီး သူတို့ကို ဆုံးမရမည် ဟု ကျင်းရှောင် တေးမှတ်ထားလိုက်ရင်း ဗဟိုတဲနှင့်ဆန့်ကျင်ဖက်အရပ်ကို လမ်းလျှောက်ထွက်လာကာ တစ်ကိုယ်တည်းအတွေးရေယာဉ်ထဲမျောနေလိုက်တယ်...
အနောက်တောင်သိမ်းယူမည့်စစ်ပွဲသည် အရင်ဘဝဟောင်းကထပ် ၃နှစ်စောပြီး ဖြစ်လာခဲ့တယ်ဆိုပေမဲ့ ကျင်းရှောင်တွင် အားသာချက်တွေအများကြီးရှိလို့နေတယ်...
သူနှင့်အမြဲတမ်းအတိုက်အခံလုပ် ၊ ခက်ခဲစေတတ်သော စစ်သူကြီး ကျန့်တုံ သည် မင်းသား(၁) ကယ်ဆယ်ရေးမှာ ပါသွားရုံမက ခမည်းတော်က သူနှင့်အာဏာပြိုင်ဖြစ်လာနိုင်မည့် အကြီးအကဲတွေကိုလည်း မထဲ့ပေးထားဖူး .. ဒါကြောင့် ဒီစစ်ချီမှုမှာ အာဏာအလုံးစုံသည် ကျင်းရှောင်လက်ထဲတွင်သာရှိ၏... အခြေအနေက အကုန်ပြီးပြည့်စုံလွန်းနေတော့ ဘယ်ကစကိုင်တွယ်ရမှန်းမသိ ကျင်းရှောင် ဖြစ်နေတယ်...

~ ဟီးးး ~
မြင်းတင်းကုပ်မှာ အစာစားနေသည့် ရှောင်ဟေးသည် သခင်ဖြစ်သူကိုမြင်တော့ အသံပြုလို့ လှမ်းနှုတ်ဆက်တယ်...
မြင်းဟီသံကြောင့် ကျင်းရှောင်အတွေးစတို့ပြတ်သွားပြီး ခြေဦးတည့်ရာလျှောက်လာမိရာက မြင်းတင်းကုပ်ထိပင် ရောက်လာခဲ့ကြောင်း သတိထားမိတော့သည်...
အနက်ရောင်ရှောင်ဟေး သည် မဲမှောင်နေသောပတ်ဝန်းကျင်နှင့်တစ်သားတည်းဖြစ်လုလု ... ကျင်းရှောင်
ရှောင်ဟေးရဲ့အစာခွက်ရှေ့မှာရပ်လိုက်ရင်း ခေါင်းကို လက်ဖြင့်ပွတ်သပ်ပေးလိုက်တော့ ရှောင်ဟေးက နှာမှုတ်ကာ ခေါင်းကိုရှောင်ပစ်ပြီး အစာကိုသာ ဆက်စားနေတယ်...

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမWhere stories live. Discover now