(Unicode)
Chapter 82 : ချုန်လင်ဂုဏ်ပြုပွဲ...လျှို့ဝှက်တပ်အကြောင်းပြောနေရာကနေ လှည့်လည်ပွဲကြည့်ဖို့အကြောင်း စကားလမ်းကြောင်းလွှဲသွားသည့် ရှောင် ကြောင့် မုဟန်ကျင်း မသိမသာမျက်မှောင်ကြုတ်လို့ ၊ ရှောင်ဟွမ်ရဲ့အမြီးထိပ်လေးကိုလက်မနှင့်ပွတ်သပ်ဆော့နေလိုက်ရင်း -
"ထူးချွန်အောင်မြင်သူတွေကို လှည့်လည်ပွဲအပြီး ချုန်လင်ဂုဏ်ပြုပွဲမှာ ရှောင် တွေ့နိုင်တာပဲလေ... ဘာလို့ဟွေဝေ့ဆိုင်ထိ တကူးတကသွားထိုင်ကြည့်ချင်တာလဲ?""ပွဲကြည့်ရတဲ့အရသာချင်း မတူဖူးလေကျွင်းချင်ရဲ့"
ကျွင်းချင် ဆော့ကစားနေသည့်ရှောင်ဟွမ်ရဲ့အမြီးကို ကျင်းရှောင်စိတ်ဝင်စားလာပြီးဆော့ကစားကြည့်သည်...ကလေးဆန်လွန်းသောဝမ်ရယ့်ကို မုဟန်ကျင်း အူယားလာကာ လက်ကို ခပ်ဖွဖွဆိတ်လိုက်တယ်...
"ပုံမှန်နေ့တွေမှာ သတ်သတ်လွတ်* စားခိုင်းနေတာလည်းမဟုတ်ပဲနဲ့ ၊ မုရှူံ့အားလပ်ရက်တွေမှာ ရှောင် က ဘာလို့အရူးအမူးဖြစ်နေရတာလဲ? အခုချိန် ရှောင် ကငယ်ရွယ်ပြီးသန်မာနေတယ်ဆိုပေမဲ့ အသက်ကြီးလာချိန် ဒဏ်ခံရလိမ့်မယ်""ကိုယ့်အမှားမဟုတ်ဖူးလေ... ဘယ်သူက ကျွင်းချင်ကို တချိန်လုံးဆွဲဆောင်မှုအပြည့်ဖြစ်နေပါလို့ ပြောထားလို့လဲ..."
ကျင်းရှောင် ကလေးလို လေသံတိုးတိုးဖြင့် ချွဲ့နွဲ့ဆန့်ကျင်ရင်း မုဟန်ကျင်းရဲ့ခေါင်းအုံးပေါ်သို့ မသိမသာခေါင်းတိုးအိပ်တယ်...မျက်နှာပေါ်လေနွေးငွေ့တွေလာမှုတ်ထုတ်နေသည့် ရှောင့်ရဲ့ခေါင်းကို မုဟန်ကျင်း အသာတွန်းထုတ်လိုက်ပြီး -
"စကားကောင်းအတည်ပြောရအောင် ရှောင်... လျှို့ဝှက်တပ်ကို ဘာလို့ဖွဲ့စည်းထားတာလဲ?"~ဝါးးဝူးးး!!~
ရှောင်ဟွမ်က သခင်ကိုအတုခိုးပြီး သူ့ရဲ့လက်တုတ်တုတ်တွေဖြင့် ကျင်းရှောင်ရဲ့မျက်နှာကိုတွန်းထုတ်တယ်...
နူးညံ့သည့်ခြေဖဝါးတွေကြားမှာပေါက်နေသည့် အမွှေးနုတွေနှင့် နှာခေါင်းကိုလာပွတ်မိလေတော့ ကျင်းရှောင် နှာချီရပြန်သည်...
အလွန်လက်ဆော့သော ရှောင်ဟွမ်ကို ကျင်းရှောင် စောင်နှင့်အုပ်လိုက်ပြီး စောင်ရဲ့တစ်ဖက်ကို တံတောင်ဆစ်နှင့်ဖိထားလိုက်ကာ ထွက်ရမလွယ်အောင် လုပ်ပစ်တယ် -
"ဒါက ကြိုတင်ကာကွယ်မှုတစ်ခုပါပဲ... မလိုအပ်ရင် ကိုယ်သုံးဖြစ်မှာမဟုတ်ပါဖူး"
VOUS LISEZ
ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမ
Fiction Historique(Unicode) ဘုရင့်သားတော် လည်းဖြစ် ၊ စစ်ဦးစီးချုပ်လည်းဖြစ်သည့် ကျင်းရှောင်... သူ့အပေါ်အမြဲသစ္စာရှိတဲ့ ဝမ်ဖေးကို ပစ်ပယ်ခဲ့ပြီး သေဆုံးချိန်မှ အမြင်မှန်ရခဲ့သည့်နောက်... second chance အနေနဲ့ သေရာကနေ ပြန်ရှင်လာချိန် ... ကံကြမ္မာကို သူပြောင်းလဲနိုင်ခဲ့မလား...