81 : Personal Army

5.3K 559 6
                                    

(Unicode)
Chapter 81 : လျှို့ဝှက်ကိုယ်ပိုင်တပ်

"ဒါက?"
မုဟန်ကျင်း မျက်ခုံးတွေစုကြုံ့လို့ ကျင်းရှောင်ကို မော့ကြည့်လိုက်တယ်...

"ဘေးအန္တရာယ်ကိုကြိုတင်ကာကွယ်ဖို့ပြင်ဆင်ထားခြင်းမျိုးပါ"
ကျင်းရှောင် ပြုံးလျက် ကျွင်းချင်ကိုစခန်းအနှံ့လိုက်ပြသည်...
စခန်းပြင်ဆင်ထားသည့်ပုံစံက ချန်ဝမ်၏ကိုယ်ပိုင်တပ်ကဲ့သို့ပဲ.. တပ်စခန်းတည်ဆောက်ထားပုံက စစ်သည်ထောင်သောင်းချီနေလို့ရသည့်အနေအထားဆိုပေမဲ့ လက်ရှိမှာ စစ်သည် ၁၀၀၀ ခန့်သာ ရှိ၏...
မြင်းတင်းကုပ်သို့ရောက်လာချိန်၊ ရှင်းလင်းနေသည့် တင်းကုပ်ကို ကျင်းရှောင်တစ်ချက်ကြည့်ရင်း -
"ဒီကစစ်သည်တွေအကုန်လုံးက ကိုယ်သေချာဖြေးဖြေးချင်းစီစစ် စုဆောင်းထားတဲ့ မြို့တော်ပြင်ပကသူတွေချည်းပဲ"

"အဖေ့ဆီကနေ မြင်းတွေဝယ်နေတာ ဒီအတွက်လား??"
ပေဝေ့အမတ်ကြီး အနောက်မြောက်ဒေသကနေ မြင်းတွေစပို့တော့မည်ဆိုသည့်အကြောင်း ပြောခဲ့ဖူးတာကို မုဟန်ကျင်းသတိရလိုက်သည်...

"အင်း"
ကျင်းရှောင်လက်တစ်ဖက်ကိုအားပြုထောက်လျက် တင်းကုပ်တန်းပေါ်သို့တင်ပလွှဲတက်ထိုင်လိုက်ပြီး ခြေထောက်တွေကို လှုပ်ယမ်းနေရင်း စစ်ရေးလေ့ကျင့်နေသော စစ်သည်တွေကို တိတ်တဆိတ်လိုက်ကြည့်နေလိုက်တယ်...
ဒီလျှို့ဝှက်တပ်စခန်းက သူ့ရဲ့နောက်ဆုံးဝှက်ဖဲပဲ!
အရင်ဘဝနှင့်ကွဲလွဲစွါ ... အကျဉ်းထောင်ကိုသာ သူရှောင်နိုင်ခဲ့ပြီဆိုပါက... ဤအင်အားဖြင့်ဘယ်သူ့ကိုမှကြောက်စရာမလိုတော့ဖူး!

မုဟန်ကျင်း စိုးရိမ်ပူပန်စွါဖြင့် -
"ဒါက လျှို့ဝှက် ကိုယ်ပိုင်တပ်ပဲ... အပြင်လူတွေဆီသာပေါက်ကြားသွားမယ်ဆိုရင် ရှောင် ပုန်ကန်မှုနဲ့တရားရုံးတက်ရလိမ့်မယ်"

ကျင်းရှောင် တန်းပေါ်ကနေခုန်ချ ၊ မျက်မှောင်ကြုတ်နေသူကိုပွေ့ဖက်လို့ ပါးပေါ်တစ်ချက်အနမ်းပေးလိုက်ပြီး -
"ကိုယ်သေချာစီစဉ်မှာမို့ စိတ်မပူပါနဲ့"
မြို့တော်ကနေ လီဆယ်ချီဝေးသည့် ဖုန်းယွဲ့တောင်ထိပ်အကြောင်းကို သူတွေးမိရုံဖြင့် ရင်ခွင်ထဲကလူကို တင်းကြပ်နေအောင်ဖက်ထားမိသည်...

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမDonde viven las historias. Descúbrelo ahora