06 : The Concubine of the House

7.1K 662 1
                                    

(Unicode)
Chapter 6 : ချန်ဝမ်အိမ်တော်၏ကိုယ်လုပ်တော်

"ကော!"
ထင်ဖုန်းဧည့်ဆောင်နှင့်နီးလာသည်နှင့်အမျှ ကျင်းရှောင်စိတ်တွေလှုပ်ရှားလာပြီး မထိန်းနိုင်တော့သည့်အဆုံး ဧည့်ဆောင်ထဲ ခြေကုန်သုတ်ပြေးဝင်သွားကာ လူမမြင်ရခင် အသံကကြိုရောက်လို့နေပြီ...

ကျင်းချန် သောက်လက်စလက်ဖက်ရည်ခွက်ကိုအသာပြန်ချပြီး ဧည့်ဆောင်ထဲ ဒရောသောပါးဝင်ချလာသူကို မျက်မှောင်ကြုတ်ကြည့်လျက် -
"အိမ်ထောင် တောင်ကျနေပြီကို အခုထိလျှပ်ပြာလျပ်ပြာနဲ့ပါလား? ဒါဘယ်လိုအပြုအမူတွေလဲ!?"

အကျင့်အရ ကျင်းရှောင် ခြေလှမ်းတွေတုံ့ခနဲ ရပ်သွားပြီး ခေါင်းငုံ့ကာ ပြုံးမိတယ် ... အတိတ်ဘဝတုန်းက အစ်ကိုတော်ကသူ့ကိုကောင်းစေချင်လို့ ဆူပူခြင်း ကို နားမလည်ပဲ အမြဲရှောင်ခွါနေခဲ့မိတယ် ...
အခုချိန်မှာတော့ အစ်ကိုတော် သူ့ကို အချိန်အကြာကြီး ဆူနိုင် ပြောနိုင်ဖို့သာ သူမျှော်လင့်ပါ၏...
ကျင်းရှောင် အိန္ဒြေအနဲငယ်ဆယ်ရင်း အစ်ကိုတော်နှင့်မရီးတော် ကို ဂါရဝပြုနှုတ်ဆက်လိုက်တယ် ...

ကျင်းချန်က အေးစက်စက်နှင့် မလှုပ်မယှက်သာ ရှိနေဆဲမို့ မရီးတော်ရှောင်း က အခြေအနေကိုကြည့်ကာ -
"အစက အစ်မတော်တို့လာလည်ဖို့အစီအစဉ်မရှိခဲ့ဖူးရယ်... ချန်ဝမ်ဖေး နေမကောင်းဖူးကြားလိုက်တဲ့အချိန် မင်းသားက စိတ်ပူတယ်ဆိုတာနဲ့ အစ်မတော်တို့လာခဲ့ကြတာ..."

အစ်ကိုတော် တစ်ပါးအနေနှင့် ညီတော်ဂါရဝလာမပြုခင် အရင်သွားတာမျိုး က မဖြစ်သင့်တာတစ်ကြောင်း ၊ သာမာန်မိသားစုတွေလည်းမဟုတ်ပြန်တော့ မင်းသားတွေအချင်းချင်း အိမ်လည်ကြတာမျိုးက သိပ်လုပ်လို့မကောင်း...
ဒီလိုကြည့်စရာ အခြေအနေတွေများနေတာတောင် ညီတော်အတွက် စိတ်ပူပန်ပြီး ရောက်လာခဲ့သော အစ်ကိုတော်တစ်ယောက်ကြောင့် ကျင်းရှောင် ရင်ထဲနွေးရပါသည် ...
မျက်မှောင်ကြုတ်ထားဆဲ အစ်ကိုယ်တော်ကို မော့ကြည့်ရင်း - အရင်ဘဝတုန်းက သူဘယ်လောက်တောင် မျက်ကန်းဖြစ်ခဲ့သလဲ??
အစ်ကိုတော် က သူနှင့်တွေ့တိုင်း မျက်မှောင်ကြုတ်နေတတ်တာကို သူ့ကို မနှစ်မြို့တာကြောင့်လို့သာထင်ခဲ့မိပြီး ၊ ဒီအစ်ကိုတော် က သူ့အတွက် နောက်ကွယ်မှာ ဘယ်လောက်တောင် လိုက်ကူညီပေးခဲ့ရသလဲဆိုတာတွေကို မမြင်နိုင်ခဲ့ဖူး !

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမTempat cerita menjadi hidup. Temukan sekarang