11 : Monthly Report

6K 618 1
                                    

(Unicode)
Chapter 11 : လစဉ်စာရင်း

တလွှားလွှားဝင့်ကြွားစွါပြေးနေသည့်မြင်းနက်တစ်ကောင် နှင့် သခင်ဖြစ်သူ ချန်ဝမ် မင်းသားတို့ ရောက်လာသည်နှင့် လမ်းဘေးဝဲယာတစ်ဖက်တစ်ချက်တွင် ဆိုင်ခင်းရောင်းချနေသူတို့သည် စျေးဗန်းအမြန်သိမ်းကာ ပုန်းကွယ်တိမ်းရှောင်ကြသည်...

"မြင်တယ်မလား?? နောက်တစ်ခါ ထပ်ဂျီကျရင် မင်းကိုချန်ဝမ်ဆီပေးပစ်မယ်"
ဟင်းရွက်စျေးသည်တစ်ယောက်က ပြေးလွှားဆော့နေသည့်သူ့သားကို အနားခေါ်ကာ ထိုသို့သောခြောက်လှန့်စကားတို့ကို ဆို၏...

သိုင်းသမားလည်းဖြစ်၊နားလည်းပါးသည့် ကျင်းရှောင်... ထိုစျေးသည်မ ၏ စကားကိုကြားလိုက်ရချိန် မြင်းကိုအရှိန်နှေးလိုက်ပြီး မျက်မှောင်တွေပါစုကြုံ့မိသည်..
ဒါက ပြည်သူလူထုကြားမှာ ပျံ့နှံ့နေသည့် သူနှင့်ပတ်သက်သော ကောလဟာလတစ်ခု ...
// ချန်ဝမ် က အာဏာရှင်တစ်ယောက် ! သူက စစ်ပွဲထဲမှာဖမ်းမိခဲ့တဲ့ သုံ့ပန်း ၁သိန်း ကို သတ်ပစ်ခဲ့တယ်! ချန်ဝမ် နာမည်ပြောလိုက်ရုံနဲ့ ကလေးတွေ အိမ်မက်ဆိုးမက်ကုန်ကြတဲ့အထိပဲ! //

တကယ်ကို ပေါက်လွတ်ပဲစား ကောလဟာလပါပဲ !!!
သုံ့ပန်း ၁သိန်း ကို သတ်ဖို့အသာထား . သူ့တပ်အင်အားတောင် ၅သောင်း ပဲရှိတဲ့ကိစ္စ !!
သူတို့အနိုင်တိုက်နိုင်ခဲ့ပါတယ်ဆိုမှ ရန်သူဖက်က ဘယ်လိုလုပ် အင်အား ၁သိန်း ရှိနိုင်မလဲ??!
ရန်သူစစ်သူကြီး နှင့် တပ်သား ၂၀၀၀ ကို သူလက်နက်ချဖို့ပြောခဲ့ပေမဲ့ သူတို့က လက်နက်ချရမှာထပ် သေသွားတာက မြတ်သည်ဆိုပြီး တိုက်စစ်ဇွတ်ဖွင့်လာလို့ သူနှင့်သူ့တပ်သားတွေ စစ်ပွဲဆင်နွှဲခဲ့ရသည် ... သုံ့ပန်း ၅၀၀ ရှိခဲ့ပေမဲ့ ထို ၅၀၀ စလုံးက ကျင်းရှောင်တို့ တိုင်းပြည်နှင့်လူမျိုးတွေကို အရိုးထဲ အသားထဲကပင် ခါးခါးတူးတူးကို မုန်းနေကြသူတွေမို့ စစ်ပွဲထဲမှာ တစ်ခါတည်းမရှင်းပစ်ခဲ့ရင် နောင်အခါမှာပြသနာတွေတသီတတန်းကြီးဖြစ်ပေလိမ့်မည် ...

ကောလဟာလတွေက ထိုအချိန်မှစ၍ ထွက်လာပြီး တဖြေးဖြေးနှင့် ချဲ့ကား ဆိုးဝါးလာတာဖြစ်တယ်...

...

ဒီနေ့ နေသာသည်မို့ စာကြည့်ခန်းငယ် ပြတင်းပေါက်ကို ဖွင့် ၊ အခန်းတွင်းသို့ နေရောင်ခြည်ကောင်းမွန်စွါဝင်ရောက်စေလျက် မုဟန်ကျင်း စာကြည့်စားပွဲမှာထိုင်ကာ မင်္ဂလာခန်းဝင် စာရင်းစာအုပ်ကို စစ်ကြည့်နေသည်...

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမWhere stories live. Discover now