42 : Wolf's bane

4.5K 496 4
                                    

(Unicode)
Chapter 42 : ဆီမီးတောက်ပင် ခေါ် အဆိပ်မြက်ပင်

"ရှောင်ဟေး?"
ကျင်းရှောင် ခဏကြက်သေ သေသွားခဲ့ပြီး စားလက်စတူနှင့်ပန်းကန်လုံးကိုချကာ တဲအပြင်သို့ ပြေးထွက်သွားတော့၏... မနေ့ညကအထိ အကောင်းကြီးရှိနေခဲ့တဲ့ သူ့မြင်းက မနက်အစောကြီးမှာ ဘာထဖြစ်သွားခဲ့တာလဲ??

"ဝမ်ရယ်!"
တဝက်တပျက်သာ စားပြီးသေးသည့် ကျင်းရှောင်ရဲ့မနက်စာကို ကြည့်ပြီး မုဟန်ကျင်း သက်ပြင်းချလျက် သူပါ မြင်းတင်းကုပ်သို့ လိုက်သွားလိုက်တယ်...

~ ဟီးးး ~
ရှောင်ဟေးက တင်းကုပ်ထဲမှာ အရိုင်းဆန်စွါ ရုန်းကန်လှုပ်ရှားနေပြီး နှာတွေတရှူးရှူးမှုတ်ကာဖြင့် ဒေါသအတော်ထွက်နေပုံပေါက်သည်... အစာခွက်ထဲက အစာတွေပါမှောက်ကျနေပြီး ထိုအစာတွေကို ခြေထောက်ဖြင့် တက်နင်းလို့နေတယ်... တင်းကုပ်တစ်နေရာတွင်တော့ မြင်းထိန်းသမားသည် ဗိုက်ကိုလက်နှစ်ဖက်နှင့်အုပ်ကာ ခွေလဲနေပုံအရ ရှောင်ဟေး ကန်လိုက်ပုံပါပဲ...

တင်းကုပ်ကို ကျင်းရှောင်ရောက်လာတော့ - ဒီလောက်တက်ကြွတဲ့ကြက်ဖ လိုဖြစ်နေတာကို ဘယ်နားက နေမကောင်းတာလဲ??
ကျင်းရှောင် တပ်သားတွေကို ဘေးဖယ်နေစေပြီး တင်းကုပ်တိုင်ကို ခြေဖြင့်အားပြုတစ်ချက်ကန်လို့ ရှောင်ဟေး ကျောပေါ်ကို တက်ခွလိုက်ပြီး လည်ဆံမွေးတွေကို ဆွဲထားလိုက်တယ်...
ကျောပေါ်တက်လာသူက သခင်ဖြစ်သူမှန်းသိသည်မို့ ခါချခြင်းမပြုပေမဲ့ နှာတရှူးရှူးမှုတ်ပြီး ခြေထောက်တွေကအစာတွေကို ဒေါသတကြီးတက်နင်းချေနေဆဲ!!

"ကျွင်းချင်! အနားမကပ်လာနဲ့ဦး!"
တင်းကုပ်နား မုဟန်ကျင်းရောက်လာတော့ ကျင်းရှောင် စိုးရိမ်တကြီးလှမ်းတားရသေးသည်.. ရှောင်ဟေး စိတ်ရိုင်းဝင်သွားချိန် ကျွင်းချင် ထိခိုက်မိသွားမှာစိုးလှသည်...
မုဟန်ကျင်း တင်းကုပ်နှင့် ခြေ(၃)လှမ်းအကွာမှာရပ်လိုက်တာကို မြင်တော့ ကျောက်မုန့်က နှာမှုတ်ပြီး -
"မှန်တာပေါ့... နုနုထွတ်ထွတ်လေးသာ မြင်းကန်ခံလိုက်ရရင် ဘယ်ကြည့်ကောင်းပါတော့မလဲ!?"

"ကျောက်မုန့်! ပါးစပ်ပိတ်ထားစမ်း!"
ပြောချင်ရာတွေပြောနေသည့် ကျောက်မုန့်ကို ကျင်းရှောင် လှမ်းဆူရသေး၏... ရှောင်ဟေး ငြိမ်သက်သွားမှ ကျင်းရှောင် ကျောပေါ်ကနေဆင်းလာပြီး ပွစာကြဲနေသည့်တင်းကုပ်ပတ်ပတ်လည်ကိုကြည့်ကာ မြင်းထိန်းသမားကို -
"ဘာတွေဖြစ်ခဲ့တာလဲ??"

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမWhere stories live. Discover now