65 : Treasure Trove

4.9K 528 15
                                    

(Unicode)
Chapter 65 : ပိုင်ရှင်မဲ့ရတနာသိုက်..

ဟောင်သာ့တောက်ထွက်သွားသည်နှင့် ဝမ်ရယ်နှင့်ဝမ်ဖေး အကြည့်ချင်းဆုံလျက် -
"ကော့ရော့ယိ အောင်မြင်သွားတယ်လို့ ရှောင် ထင်မိလား?"
မုဟန်ကျင်း ကျင်းရှောင်လက်ထဲကနေလက်နှုတ်လိုက်ပေမဲ့ .. ကျင်းရှောင်က ခွင့်မပြု ... ချက်ချင်းလိုက်ပြန်ဆွဲပြီး မုဟန်ကျင်းရဲ့လက်ချောင်းသွယ်သွယ်၊လက်ဖဝါးနုနုတို့ကို လိုက်လံတို့ထိ ဆော့ကစားရင်း -
"ကိုယ်အဲ့လိုထင်တယ်"
လက်လှလှလေးကို ဆွဲယူနမ်းရှိုက်လိုက်ပြန်ကာ -
"ဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ .. အရှေ့တောင်တပ် ဖရိုဖရဲဖြစ်နေတယ်ဆိုတာက အခွင့်အရေးကောင်းပဲ"

မုဟန်ကျင်း ခေါင်းငြိမ့်သဘောတူလို့ -
"အရှေ့တောင်ဘုရင်ခံသေသွားခဲ့တယ်ပဲ ဆိုကြပါစို့ ၊ သူ့သားတော်တွေထဲမှာ ပုလ္လင်ကိုဆက်ခံနိုင်မဲ့အရည်အချင်းရှိသူတွေရှိနေလား?"
အကယ်၍အရည်အချင်းရှိဆက်ခံသူ ၁ယောက် ၊ ၂ယောက်ပဲရှိခဲ့မယ်ဆိုဦးတော့... ဖရိုဖရဲဖြစ်နေသည့် အရှေ့တောင်တပ်ကို ၂ရက်အတွင်း ပြန်လည်စုစည်းသွားနိုင်လိမ့်မည်...

ကျင်းရှောင်ခေါင်းယမ်းကာ ခပ်ဟဟရီလို့ -
"အရှေ့တောင်ဘုရင်ခံက အသက်၃၀ တောင်မကျော်သေးဖူးလေ... သူ့ရဲ့အကြီးဆုံးသားတော်တောင် အရွယ်ရောက်သေးမှာမဟုတ်ဖူး... သူ နန်းပုလ္လင်ဆက်ခံနိုင်ဖို့ကြိုးစားခဲ့ချိန်တုန်းက သူ့ရဲ့တစ်ဦးတည်းသော သွေးချင်းအစ်ကိုတော်ကို သေစေခဲ့တယ်... ဆိုတော့ကာ .. လောလောဆယ် အရှေ့တောင်နန်းပုလ္လင်ကိုဆက်ခံနိုင်မဲ့ သင့်တော်တဲ့သူ မရှိသေးဖူး"

အရှေ့တောင်ဒေသသည်ပင်လယ်နှင့်ဆက်စပ်နေတာကြောင့် ကူးသန်းရောင်းဝယ်ရေးဖွံ့ဖြိုးလာချိန် ဒေသတွင်းကြွယ်ဝချမ်းသာလာခဲ့ကာ တော်ဝင်မျိုးဆက်တွေထဲ အကျင့်ပျက်ခြစားမှုတွေဖြစ်ပေါ်လာခဲ့တယ်... အရှေ့တောင်ဘုရင်ခံ နန်းတက်သည့်အချိန် စည်းစိမ်တွေကို ခွဲဝေမပေးချင်သည့် သူ့လောဘကြောင့် အလားအလာရှိသည့်တော်ဝင်မျိုးနွယ်အတော်များများကို ဖိနှိပ်ခဲ့သည်... ယခု သူရုတ်တရက် သေဆုံးသွားချိန်မှာ နန်းပုလ္လင်ဆက်ခံဖို့ အရည်အချင်းရှိသူတွေ တစ်ယောက်မှမကျန်တော့...
မုဟန်ကျင်း သက်ပြင်းချမိသည်... လူတွေရဲ့ မတော်လောဘက တစ်ချိန်မှာ သူတို့ကို ဒဏ်ပြန်ခတ်မှာပဲ...
အရှေ့တောင်ဘုရင်ခံက သူစိုက်ပျိုးခဲ့တာကို ၊ သူပြန်ရိတ်သိမ်းရတာ...

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမDonde viven las historias. Descúbrelo ahora