39 : Forgot to Say

5K 535 16
                                    

(Unicode)
Chapter 39 : ပြောဖို့မေ့သွားတယ်..

မုဟန်ကျင်း ယိုင်လဲကျသွားတာကိုမြင်လိုက်ရချိန် ကျင်းရှောင်မျက်လုံးတွေပြာဝေသွားပြီး အတွင်းအားကိုသုံးကာ ဝမ်ဖေးအနားသို့ မျက်စိတစ်မှိတ်အတွင်းရောက်အောင်သွားလို့ ကြမ်းပြင်နှင့်မထိခင် အချိန်မှီပွေ့ဖက်လိုက်တယ်...
သူပွေ့ဖက်ထားသည့်ခန္ဓာကိုယ်က ချွေးတွေရွှဲနှစ်နေပြီး မျက်နှာချောချောလေးက စက္ကူတစ်ရွက်အလား ဖြူလျော်လို့နေသည်...

"သူ့ကို သလွန်ပေါ်တင်လိုက်"
မင်းကြီးက ဒူးထောက်နေဆဲ မိဖုရားကြီးကို ထခွင့်မပြုသေးပဲ ဇာမဏီသလွန်ကို လက်ညှိုးထိုးပြတယ်..
ထို့နောက် ဘေးနားက ကုန်းကုန်းကို -
"သမားတော် အမြန်သွားပင့်ခဲ့စမ်း!"

ကျင်းရှောင် မုဟန်ကျင်းကို သလွန်ပေါ်ငြင်သာစွါတင်ပေးလိုက်ပြီး အစေခံတစ်ယောက်ကမ်းပေးသည့် ဆေးလက်ဖက်ရည်အေးကို နှုတ်ခမ်းတွေခြောက်ကပ်နေသည့်အမျိုးသားရဲ့ နှုတ်ခမ်းနားတေ့ကာ တိုက်လိုက်၏...
မြောင်ရှီး ယပ်တောင်တစ်ချောင်းကို ကိုင်ကာ အသာခပ်ပေးနေရင်း ပါးပေါ်က မျက်ရည်တွေကိုလည်း သုတ်နေတယ်..

"ခမည်းတော်..."
ကျင်းရှောင် ဒေါသကြောင့်မျက်ဆံတွေနီရဲတက်လာပြီး မုဟန်ကျင်းလက်ဖဝါးကို ဆုပ်ကိုင်ထားရင်း မင်းကြီးကိုတစ်ခုခုပြောရန် ပါးစပ်ဟလိုက်ပေမဲ့ မုဟန်ကျင်းက သူ့လက်ဖဝါးကို အသာဆိတ်လိုက်တာကြောင့် မုဟန်ကျင်းကို လှည့်ကြည့်လိုက်တယ်...
ထိုအပြုအမူက မင်းကြီးမျက်လုံးထဲမှာတော့ ကျင်းရှောင်က ဒေါသထွက်နေပေမဲ့ မယ်တော်မိဖုရားကြီးကို ပြောဆိုဖို့မသင့်တာကြောင့် ဒေါသတွေကို မျိုချလိုက်ရသည့် ၊ မတရားအနိုင်ကျင့်ခံနေရသော သားတော်တစ်ပါးကဲ့သို့ဖြစ်နေသည်... ဧကရာဇ်ဟုန်ကျန့် အလိုမကျစွါ မျက်မှောင်ကြုတ်သွားပြီး အစေခံတစ်ယောက် ယူလာပေးသည့် ခုံပေါ်တွင်ထိုင်ချကာ ဒူးထောက်နေဆဲ မိဖုရားကြီးကိုတစ်ချက်ဝေ့ကြည့်ပြီး -
"အခုက ဘာဖြစ်နေတာလဲ?"

"မင်းကြီးကိုလျှောက်တင်ပါတယ်... ချန်ချယ့် မိသားစုကိစ္စလေးတွေဆွေးနွေးဖို့ ချန်ဝမ်ဖေးကို ဆင့်ခေါ်ခဲ့ပါတယ်... ဒါပေမဲ့ ဒီကလေးရဲ့စကားတချို့ကို သဘောမတွေ့တာနဲ့ ခဏတာဆိုပြီး ဒူးထောက်အပြစ်ပေးခဲ့မိပါတယ်... ချန်ဝမ်ဖေးရဲ့ခန္ဓာကိုယ်က အားပျော့မယ်လို့ မထင်ခဲ့ရိုးအမှန်ပါရှင့်"
မိဖုရားကြီးလျှောက်တင်လိုက်သည့် အရှေ့ပိုင်းက အမှန်တွေဖြစ်တယ်... တိုင်းပြည်မှာ မိဖုရားကြီးတစ်ပါးက မိခင်နေရာမှာရှိသူမို့ သား/သမီးတွေကို သူမမှာဆုံးမပိုင်ခွင့်အပြည့်ရှိတယ်... ဒါပေမဲ့ ဒီနေ့မှာမှ ချန်ဝမ်က မင်းကြီးကိုပါပင့်ဆောင်လာလိမ့်မယ်လို့ ဘယ်သူထင်မလဲ? ဒါအပြင် ငြိမ်သက်စွါ ဒူးထောက်နေခဲ့တဲ့ ချန်ဝမ်ဖေးက ရုတ်တရက်မူးမေ့လဲသွားလိမ့်မယ်လို့ ဘယ်သူထင်ခဲ့မှာလဲ??
အခု သူမအနေအထားက မိထွေးတော်သည် သားအရင်းမဟုတ်သူကို အာဏာပြ၊နိုင်စားနေသည့် ပုံစံပါပင်..

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမDonde viven las historias. Descúbrelo ahora