93 : The Scramble

4.7K 537 26
                                    

(Unicode)
Chapter 93 : ခဲခဲယဉ်းယဉ်းရယူနိုင်ဖို့ကြိုးစားရမည်!

"ကျင်းနန်ဒေသရဲ့မြေမျက်နှာသွင်ပြင်က ပြန့်ပြူးတာမို့ ဟွိုက်နန်ဖက်ကနေ ခံစစ်ကောင်းရှိဖို့မဖြစ်နိုင်ဖူး... အောင်မြင်မှုကြီးကိုဆွတ်ခူးရနိုင်ဖိူ့ကအလွယ်လေး"
မင်းသား(၄) ဖုန်းယီနန်းဆောင်ထဲတွင် ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်ဖြင့် -
"မယ်တော်... ကျွန်တော် ဟွိုက်နန်ကိုစစ်ချီခွင့်ရကိုရမှဖြစ်မယ်!"

မိဖုရားကြီး သဘောတူကြောင်းခေါင်းငြိမ့်ပြလိုက်တယ်... သူမရဲ့သားတော်က မင်းသားဘွဲ့ရဖို့ အရွယ်ရောက်နေပြီမို့ ကြီးကြီးမားမားအောင်မြင်မှုတစ်ခုဆွတ်ခူးနိုင်ဖို့လိုနေပြီ!
"အရှေ့တောင်က အောင်မြင်ဖို့လွယ်မှန်းကြိုသိခဲ့ရင် မင်းကိုလွှတ်ခဲ့တယ်"
ဧကရာဇ်ဟုန်ကျန့်ဆီကသူမ သိခဲ့ရသည့်အတိုင်းဆို အရှေ့တောင်ဘုရင်ခံကို သူ့ရဲ့ကိုယ်လုပ်တော်ကလုပ်ကြံသတ်ဖြတ်သွားခြင်းဖြစ်ပြီး ကျင်းရှောင် နဲနဲလေးမှပင် အားစိုက်ထုတ်စရာမလိုခဲ့...

ဖုန်းယီနန်းဆောင်တွင် သားအမိနှစ်ယောက် အကြံအစည်တွေ ၊ စိတ်လှုပ်ရှားမှုတွေ ၊ ပူပန်မှုတွေနှင့်ဖြစ်နေသလို ပေဝေ့အိမ်တော်မှာကား သာ၍ဆိုးလို့နေတယ်...

ပေဝေ့အိမ်တော်, အနောက်ခြံဝင်းတွင် >>

"အခြေအနေဘယ်လိုရှိလဲဟင်!?"
မုဟန်ကျင်း သတင်းကြားကြားချင်း အမြန်ရောက်လာပြီး အပြင်ဧည့်ခန်းထဲရောက်သည်နှင့် အဖေဖြစ်သူကို မေးသည်...

မုကျင်း မျက်မှောင်တွေစုကြုံထားပေမဲ့ မျက်လုံးထဲမှာတော့ မျှော်လင့်ချက်ရောင်ခြည်တွေအပြည့် -
"မကြာခင်လို့ပြောတယ်"

အတွင်းခန်းထဲသို့ဝင်ချည်ထွက်ချည် အလုပ်ရှုပ်နေသော အစေခံမလေးတွေကိုကြည့်ရင်းမုဟန်ကျင်းစိုးရိမ်ပူပန်နေရသည်...

"တအားမစိုးရိမ်ပါနဲ့..."
နောက်ကလိုက်လာသည့် ကျင်းရှောင် ... စိတ်ပူပန်နေသည့် သူ့ဝမ်ဖေးလေးကို ပွေ့ဖက်ပြီး နှစ်သိမ့်တယ် -
"ကိုယ်ကြားဖူးတာက ဒုတိယကိုယ်ဝန်ဆို မွေးဖွားရလွယ်တယ်တဲ့... မယ်တော်ကိုယ့်ကိုမွေးတုန်းက ဘာမှအားမစိုက်ထုတ်ခဲ့ရဖူး"

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမDonde viven las historias. Descúbrelo ahora