95 : Conspiracy

4.6K 584 14
                                    

(Unicode)
Chapter 95 : လျှို့ဝှက်ပူးပေါင်းကြံစည်မှု ...

"ရှောင်စီ နှစ်မပြည့်ပဲသေသွားပြီ!!?"
သတင်းကြားကြားချင်း ကျင်းရှောင်အလန့်တကြားမတ်တပ်ထရပ်မိတယ်!

သောဖူပေါက်စီလိုသူ့မျက်နှာကိုတွန့်ထားရင်း -
"ဟုတ်ကဲ့... မင်းကြီးဆီကိုတောင်သတင်းပို့ပြီးခဲ့ပါပြီ ဝမ်ရယ်..."

"မဖြစ်ဖူး... လွေ့ဝမ်အိမ်တော်ကို ငါသွားရမယ်!"
ကျင်းရှောင် အဝတ်လဲဖို့အတွင်းခန်းထဲဝင်တော့မည့်အချိန် ၊ မုဟန်ကျင်း သူ့လက်ကိုအသာဆွဲလိုက်ပြီး -
"ဝမ်ရယ်ကအကျယ်ချုပ်ကျနေတဲ့အချိန်လေ... ဘယ်လိုလုပ်သွားလို့ရမှာလဲ? ကျွန်တော်ပဲသွားလိုက်မယ်"
မင်းသား(၄) မနက်ဖြန်စစ်ထွက်မည် ၊ အခုလိုအချိန်မှာ ကျင်းရှောင် အကျယ်ချုပ်ကနေ အပြင်ကိုဇွတ်တရွက်ထွက်သွားခြင်းက မကောင်းသည့်ကောလဟာလတွေပေါ်ထွက်လာစေမည်!

ကျင်းရှောင် အသံတိတ်သွားပြီး လက်သီးကျစ်ကျစ်ပါအောင်ဆုပ်မိတယ်... သူဘယ်လိုလုပ်မေ့သွားရတာလဲ?
အရင်ဘဝတုန်းက ဟုန်ကျန့် ၁၄ နှစ်မှာသူ့အစ်ကိုတော် ကလေးထပ်ရသည့်အကြောင်း သူ မကြားမိခဲ့ ၊ သူပြန်လည်မွေးဖွားလာတာနဲ့အမျှ ပြောင်းလဲမှုတွေဖြစ်ခဲ့တယ်နှင့်တူသည်...
အရင်ဘဝ ဟုန်ကျန့် ၁၆ နှစ်မှာမှ သူစစ်မြေပြင်ကနေ ဒဏ်ရာပြင်းထန်စွါနှင့် မြို့တော်ပြန်ရောက်လာချိန် အစ်ကိုတော့်သားတော်(၄) သေဆုံးခဲ့သည့်အကြောင်းကို သူသတင်းကြားခဲ့ပေမဲ့  သွားမကြည့်ခဲ့ဖူး ၊ ဖာသိဖာသာပဲနေခဲ့တယ်... အဲ့ဒီနောက်ပိုင်း သူနှင့်အစ်ကိုတော်ရဲ့ဆက်ဆံရေးက ပိုမိုဆိုးရွားခဲ့သည်...
လက်ရှိဘဝမှာတော့ ကျင်းရှောင် ထိုသို့အဖြစ်မခံနိုင်တော့!
"မဖြစ်ဖူး! ကိုယ်သွားမယ်!"
တားမြစ်နေသည့်ကြားမှကျင်းရှောင် အတွင်းခန်းထဲဝင်ကာ အဝတ်ဝင်လဲသည်...

မုဟန်ကျင်းနှုတ်ခမ်းတင်းတင်းစေ့လို့ စားပွဲခုံဆီသွား စာတစ်စောင်အမြန်ရေးကာ သောဖူလက်ထဲထဲ့ပြီး -
"ဒါကိုနန်းတော်ဆီ ခုချက်ချင်းအမြန်ပို့ပေး!"

သောဖူ စာကိုလက်ခံပြီး လျှပ်စီးလိုအလျင်ဖြင့် အမြန်ထွက်သွားတယ်...
သူက မိဖုရားဟောင်းကြီးရဲ့ကုန်းကုန်းမို့ နန်းတော်ထဲသူသာအလွယ်တကူဝင်ခွင့်ရှိသည်မို့ ဝမ်ဖေးပေးသောစာကို သူသာသွားပို့ပေးနိုင်မည်..

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမМесто, где живут истории. Откройте их для себя