28 : Foreshadowing

5.5K 549 16
                                    

(Unicode)
Chapter 28 : နိမိတ်ပြခြင်း

ကျင်းရှောင်ပို့ပေးလက်တဲ့ ဂုဏ်ပြုလက်ဆောင်ကို မင်းသား(၄) လက်ခံလိုက်ပေမဲ့ နဲနဲလေးမှ ပျော်ရွှင်မှုမရှိပေ .. လွန်ခဲ့တဲ့ နှစ်အနဲငယ်တုန်းက မင်းသား(၁) က ဒီကိုယ်လုပ်တော် ကို ကျင်းရှောင်ဆီ ပေးခဲ့တာမဟုတ်လား?
အခု ကျင်းရှောင် က အရှုပ်ထုပ်ကို တစ်ချက်တောင်မထိပဲ သူ့ဆီပို့လိုက်တယ် ၊ သူ့ကလှည့်ကျ ဘယ်ဆီပြန်ပို့ရမှာတဲ့လဲ??
အစ်ကိုတော်တွေအနေဖြင့် ညီတော်တွေကို သူ့တို့အပိုင် မထိတွေ့ထားသည့် ကိုယ်လုပ်တော်အလှတွေကို လက်ဆောင်အနေဖြင့် ပို့ပေးခွင့်ရှိပေမဲ့ ညီတော်တွေက အစ်ကိုတော်တွေကို ပေးလို့မရ ... ထုံးစံမရှိ ... မင်းသား(၄) အောက်မှာ အရွယ်ရောက်နေတဲ့ ညီတော်ဆိုတာ မရှိသေးဖူး ...

တကယ်တော့အိမ်စာကူးပြီးတာ ကြာလှပြီဆိုပေမဲ့ ... မနက်ညီလာခံ မတက်ရပဲ စံအိမ်မှာ အေးဆေးနပ်နေရတဲ့ အရသာကို ကျင်းရှောင် မခွဲနိုင်မခွါရက်ဖြစ်နေပြီ...

မုဟန်ကျင်း က -
"ညီလာခံထဲမှာ အခြေအနေတွေက တစ်နေ့ပြီးတစ်နေ့ အပြောင်းအလဲသိပ်မြန်တယ်... အခုဆို မင်းသား(၄) ညီလာခံထဲပြန်ရောက်နေပြီမို့ ဝမ်ရယ် သွားတက်သင့်ပါပြီ"

ဝမ်ဖေးရဲ့တိုက်တွန်းမှုကြောင့် ကျင်းရှောင် ပျင်းတွဲ့ဇိမ်ခံမနေတော့ပဲ စီစဉ်စရာရှိတာကို ထစီစဉ်ရတော့၏.. ကော့ရော့ယိကို ဓါးကိုးလက်သိုင်းဝိဇ္ဇာလက်ထဲအပ်နှံ၊သိုင်းသင်စေပြီး ၊ မုဟန်ကျင်းဆီကနေဝယ်ခဲ့သည့် မြေလွတ်ရိုင်းကို ရန်ဖုန်း အား တိတ်တဆိတ်ရှင်းလင်းဖို့ တာဝန်ပေးခဲ့သည်...
နွေစံအိမ်ခွဲမှာ စီစဉ်စရာရှိတာတွေအကုန်စီမံခန့်ခွဲပြီးနောက် ဝမ်ရယ်တစ်ပါး မပြန်ချင်ပါပဲ ပင်မစံအိမ်ကို ဝမ်ဖေး လက်ဆွဲလို့ ပြန်ခဲ့ရလေသည်...

မင်းသား(၄) ညီလာခံစတက်ပြီး (၃)ရက်မြောက်နေ့မှာ ချန်ဝမ်သည်လည်း 'စစ်ဗျူဟာ စာအုပ်' ကို ၁၀ကြိမ် ကူးလို့ပြီးစီးခဲ့ပြီဟုဆိုကာ ညီလာခံသို့ရောက်လာတော့သည်...
ဧကရာဇ်ဟုန်ကျန့် က အိမ်စာတွေကို အများရှေ့ညီလာခံမှာပင် စစ်ဆေးကာ ကျင်းရှောင်ကိုလည်း စာအုပ်ထဲကမေးခွန်းတချို့စစ်မေးချိန် ကျင်းရှောင် တစ်ခုမကျန် အကုန်ပြန်ဖြေနိုင်ခဲ့တာကြောင့် သဘောတွေ့ပြီး ပိုးထည်သေတ္တာ(၁၀)လုံး ၊ ပုလဲသေတ္တာ(၁)လုံး ချီးမြင့်ခဲ့၏...

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမDonde viven las historias. Descúbrelo ahora