105 : The End

7K 729 66
                                    

(Unicode)
Chapter 105 : ဇာတ်သိမ်းပိုင်း ...

ကျင်းရှောင် ဒူးထောက်နေရင်း ငုတ်တုတ်မေ့ ...
တော်ဝင်အမိန့်ပြန်တမ်း ၂ခု က လုံးဝဆန့်ကျင်ဖက် !!
'သစ္စာစောင့်သိလျှင် တသက်စာကြီးပွါးမည် ၊ လောဘနောက်လိုက်လျှင် ပျက်စီးမည်'
ဟု ခမည်းတော်ဟုန်ကျန့်ကသတိပေးလိုခြင်းပင်...!

"မင်းနာမည်ကို ရှောင် လို့ မင်းမယ်တော်ပေးသွားခဲ့တဲ့ရည်ရွယ်ချက်က ရှောင်းရှောင် သံစဉ်တွေထဲက ဇာမဏီငှက်လို သာ့ချန်ပြည်ကြီးအေးချမ်းသာယာအောင် ကူညီပေးစေချင်လို့ပဲ"
ဧကရာဇ်ဟုန်ကျန့်သက်ပြင်းဖျော့ဖျော့ချလျက် -
"ကလေး လေးအရွယ်ကနေ ရဲရင့်တဲ့ မင်းသားတစ်ပါးဖြစ်လာတဲ့အထိ ခမည်းတော်ကမင်းကိုစောင့်ကြည့်ခဲ့တာမို့ ၊ ဒီနေ့ဒီအချိန်မှာ ချန်ဝမ်ကျင်းရှောင် ဆိုပြီးအောင်မြင်လာခဲ့တဲ့ မင်းကိုကြည့်ပြီးဖခင်တစ်ယောက်အနေနဲ့ ကိုယ်တော့်ရင်ထဲမှာ ဝမ်းမမြောက်ပဲဘယ်နေပါ့မလဲ?? ဒါပေမဲ့ ခမည်းတော်က သာ့ချန်ပြည်ရဲ့ ရှင်ဘုရင်တစ်ပါး ...
တိုင်းပြည်အတွက်ပဲ အမြဲဦးစားပေးရတယ်... ရေမြေ့ရှင်သခင်ဆိုပေမဲ့ အရာရာကို စိတ်ရှိတဲ့အတိုင်းလုပ်ခွင့်မရှိခဲ့ဖူး...
မင်းတို့ ညီအစ်ကိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကာကွယ် ၊ ကူညီလို့ ... မင်းတို့ရဲ့မယ်တော် ဖြစ်စေချင်ခဲ့တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားကြပါ"

"ခမည်းတော်...."
ကျင်းရှောင်မျက်လုံးတွေရဲလို့ မင်းကြီးကို မော့ကြည့်လိုက်တယ်...
ခမည်းတော်သူ့ကို အခုလိုမျိုး တစ်ခါမှ မချီးမွမ်းဖူးဘူး... ဘဝ ၂ခုဖြတ်သန်းခဲ့ဖူးတာတောင်မှ ... ဒါက ပထမဆုံးအကြိမ် ... ...

"လောဘဓါတ်ခံနဲ့ လူသားတွေရဲ့ နှလုံးသားမှာ ကျေနပ်ရောင့်ရဲမှုဆိုတာ ဘယ်တော့မှမရှိဖူး ... ဒီရက်ပိုင်း ခမည်းတော် သိသိသာသာကြီး အားနဲလာချိန်မှာမှ ထိုက်ဇူ(တည်ထောင်သူဘိုးဘေး) ရဲ့ ခေါ်သံကို ကြားခဲ့တယ်... မနေ့ညက ညလယ်ခေါင်နိုးလာတော့ ထိုက်ဇူရေးသားခဲ့တဲ့စာအုပ်ငယ်လေးကိုထုတ်ဖတ်ကြည့်လိုက်ချိန်မှ ... ထိုက်ဇူ ရဲ့ လမ်းညွှန်မှုတွေကနေ ခမည်းတော် သွေဖယ်နေမိမှန်း သတိထားမိခဲ့တယ်"'
ဧကရာဇ်ဟုန်ကျန့် သက်ပြင်းချရင်း ဝါကျင့်ကျင့်စာအုပ်လေးတစ်အုပ်ကို ခေါင်းအုံးအောက်ကနေထုတ်ကာ ကျင်းချန်ဆီကို ကမ်းပေးလိုက်ပြီး -
"ဟွိုက်နန် နဲ့ ပတ်သက်တဲ့အရေးကို ထိုက်ဇူ ဆန္ဒပြုထားခဲ့တဲ့အတိုင်းပဲ လိုက်နာပေးပါ ၊ အတင်းဖိအားပေးတာမျိုး မလုပ်နဲ့"
ဧကရာဇ်ဟုန်ကျန့် မောဟိုက်လာသည့်နှယ် စကားသံတွေက တိုးဖျလို့လာပြီ...

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမМесто, где живут истории. Откройте их для себя