10 : Peach Blossom Brewing

6.9K 637 1
                                    

(Unicode)
Chapter 10 : မက်မွန်ပွင့်သေရည်

ကျင်းရှောင်ရဲ့ 'အိပ်ဆောင်ဝင်' ဆိုတဲ့စကားကြောင့်မုဟန်ကျင်းရဲ့နားရွက်တွေက ပိုမိုနီရဲတက်လာပြီး -
"ကျွန်တော် မအိပ်ချင်သေးဖူး"

ကျင်းရှောင်ရဲ့မျက်လုံးထဲမှာ ကျွင်းချင်းက ချစ်ဖို့ကောင်းလိုက်လေခြင်း!!
ကျင်းရှောင်ရှေ့တိုးလာပြီး မုဟန်ကျင်းလက်ထဲရှိ ပျင်းစရာကောင်းလှသော ဥပဒေစာအုပ်ထူကြီးကို ပိတ်လိုက်ကာ မုဟန်ကျင်းကိုလည်း လက်မောင်းကနေဆွဲထူရင်း -
"ကိုယ်လည်း မအိပ်ချင်သေးဖူး... ဆိုတော့... ကိုယ်မင်းကို နေရာတစ်ခုခေါ်သွားပြမယ်"

"ဝမ်ရယ်..."
ကျင်းရှောင်ဆွဲခေါ်ရာနောက် မုဟန်ကျင်းပါသွားရရင်း စိတ်ထဲမှာလည်း 'အနမ်းလက်ဆောင်' တောင်းမည့်ကိစ္စ ဝမ်ရယ်မေ့သွားပါစေ ဟု ကြိတ်ဆုတောင်းနေမိသည်...

စာကြည့်ခန်းငယ်ထဲကနေထွက်လာပြီးနောက် ဥယျာဉ်ထဲကိုရောက်လို့လာတယ်..

"ခဏနော်.."
ကျောက်တုံးကြီးတစ်တုံးအနားရောက်တော့ ကျင်းရှောင်က ကျောက်တုံးကြားထဲလက်နှိုက်ကာ အဖုံးပါသည့်ဝါးခြင်းတောင်းတစ်လုံးကို ဆွဲထုတ်လာ၏...

"ဒါက ဘာလဲဟင်?"
မုဟန်ကျင်း စပ်စုလာမိတယ်... ချန်ဝမ်အိမ်တော်မှာ လျှို့ဝှက်ချက် ၊ ဖွက်ထားတဲ့အရာတွေရှိတယ်ပေါ့??
ကျင်းရှောင်ရဲ့ပုံစံက - ကလေးတစ်ယောက် သူဖွက်ထားခဲ့သည့်အရုပ်ကို ပြန်ထုတ်ယူနေသည့်ပုံစံနှင့်...

မုဟန်ကျင်းအမေးကို ကျင်းရှောင်ကပြုံးရုံသာပြုံးပြပြီး ပြန်မဖြေ ..
"ဒါလေးကိုင်ခဲ့ပေး"
သူက မုဟန်ကျင်းလက်ထဲကို ဝါးခြင်းတောင်းထဲ့ပေးလိုက်ပြီး စွေ့ကနဲဆိုသလို ခါးကနေဆွဲယူပွေ့ဖက်လိုက်ပြီး ပေါ့ပါးစွါဖြင့် ခုန်ပျံကျော်လွှားသွားလျက် .. ဥယျာဉ်ထဲရှိ အမြင့်ဆုံး လေသာဆောင်သို့တက်ခဲ့သည်...

"ဝမ်ရယ်!!"
မုဟန်ကျင်း အလန့်တကြားထအော်မိပေမဲ့ သူဘာမှဆက်မပြောနိုင်ခင်မှာပဲ လေသာဆောင်ခေါင်မိုးပေါ်သို့ပင်ရောက်လို့နေပြီ ..

"အိမ်တော်ထဲမှာ ဒီနေရာက အမြင့်ဆုံးပဲ"
ကျင်းရှောင်က အုတ်ချပ်တွေပေါ်မှာထိုင်ချရင်း မုဟန်ကျင်းကို ပြုံးပြလျက် သူ့ဘေးနားမှာလာထိုင်ဖို့ လက်ဟန်ပြတယ် -
"ကိုယ့်အနားမှာလာထိုင်လှည့်"

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမDonde viven las historias. Descúbrelo ahora