107 : Extra 02

5.2K 625 41
                                    

(Unicode)
Extra 02 : Xiao Huang's Daily Life (ရှောင်ဟွမ်ရဲ့တစ်နေ့တာဖြတ်သန်းမှု)

မနက်ခင်းနေရောင်က ပန်းခြုံလေးတွေပေါ်ဖြာကျလာချိန်... ပန်းခြုံအောက်မှာအိပ်နေသည့် နက်ဝါစင်းကြားအမွေးပွပွပေါ်သို့ အစက်အပြောက်လေးတွေဖြစ်ပေါ်လို့လာတယ်..

//ကျွီ//
တံခါးပွင့်သံက ဝက်သားဟင်းတွေဖြင့်ပြည့်နေသောအိမ်မက်ကနေ ရှောင်ဟွမ့်ကိုနိုးထလာစေတယ်... ရှောင်ဟွမ်အလိုမကျစွာဖြင့် ခေါင်းကို ရင်ဘတ်ထဲတိုးပြီး အတင်းပြန်ကွေးကာ အိမ်မက်ဆက်မက်ဖို့သူကြိုးစားခဲ့ပေမဲ့ တချို့လူသားတွေကတင်းပြည့်ကျပ်ပြည့်မဟုတ်လေတော့... ...

"ကျားငတုံးကောင်...နေဖင်ထိုးနေပြီ ခုထိမထသေးဖူး"
ပန်းခြုံအောက်မှာကွေးနေသည့် အမွေးပွလုံးကို ကျင်းရှောင်တစ်ချက်ကန်နှိုးလိုက်တယ်..

မတ်တပ်ရပ်နေသည့် ရှည်မျောမျောထိုလူသားကို ရှောင်ဟွမ် မနှစ်မြို့စွာ သွားဖြီး မာန်ဖီပြလိုက်၏... သခင်ဖြစ်သူ ခင်ပွန်းအဖြစ်မွေးထားတဲ့ ဒီလူသားက လုံးဝမှခေါင်းမကောင်းဖူး!
နှစ်တချို့ကြာလာတောင်မှ ရှောင်ဟွမ် ဆိုတဲ့ နာမည်လေးကိုတောင် ဒီလူမမှတ်မိနိုင်ဖူး.. အမွေးလုံး၊ကျားငတုံးကောင်ဆိုပြီးမဟုတ်တာတွေပဲ သူခေါ်တတ်တယ်...

ဒါပေမဲ့ ရှောင်ဟွမ် က စိတ်သဘောထားကြီးသူမို့ အဲ့ဒီလိုခေါင်းမကောင်းတဲ့လူမျိုးနဲ့ဘယ်တော့မှရန်ဖက်ဖြစ်မှာမဟုတ်ဖူး၊မသိချင်ယောင်ဆောင် လျစ်လျူရှူပြီးပဲနေလိုက်မယ်...
ရှောင်ဟွမ် ခေါင်းကိုတစ်ချက်ခါယမ်းကာ ပင်မဆောင်ထဲသို့ပြေးဝင်သွားလိုက်၏...

ဟော... ပင်မဆောင်ရဲ့ အိပ်ခန်းအလယ် ကြီးမားသည့် အိပ်ရာအိအိကြီးပေါ်မှာအိပ်မောကျနေဆဲရှောင်ဟွမ့်ရဲ့သခင်...စောင်ထဲကနေထွက်ကျနေသည့် သခင်ရဲ့ဖြူသွယ်သွယ်လက်လေးက...ကြည့်ရတာ အရသာရှိလိုက်တာနော်...

//ပလပ် ... ပလပ်...//
ရှောင်ဟွမ် လျှာထုတ်ပြီး သခင့်လက်လှလှလေးကို လျက်လိုက်တယ်...

လက်ဖဝါးကယားစိစိဖြစ်နေတာကြောင့် မုဟန်ကျင်းနိုးလာပြီး မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရသည်က - ကြည်တောက်နေသော မျက်လုံးဝါတွေဖြင့် သူ့ကိုထိုင်ကြည့်နေသည့် အမွေးပွပွမျက်နှာတစ်ခု...
မုဟန်ကျင်း မရီပဲမနေနိုင် ... လက်ဆန့်ထုတ်ကာ အမွေးပွကောင်လေးရဲ့ ခေါင်းလုံးလုံးလေးကိုတစ်ချက် နှစ်ချက် ပွတ်ပေးလိုက်ပြီး တစ်ဖက်သို့လှည့်ကာ ပြန်အိပ်လိုက်သည်..

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမحيث تعيش القصص. اكتشف الآن