31 : Frightening News

5.5K 571 14
                                    

(Unicode)
Chapter 31 : ထိတ်လန့်ဖွယ်သတင်း

ပွေ့ချီလာသူကို အိပ်ယာပေါ်အသာအယာချလိုက်သည်...
မုဟန်ကျင်း အနဲငယ်တုန်ရီနေတာကို ကျင်းရှောင်သတိထားမိပြီး နှစ်သိမ့်ရန်အလို့ငှါ ပါးတစ်ဖက်ကို မြတ်နိုးငြင်သာမှုအပြည့်နှင့် တစ်ချက်ငုံ့နမ်းရင်း ကုတင်ခန်းဆီး၊လိုက်ကာတို့ကို လက်တစ်ဖက်ဖြင့် ဆွဲချလိုက်သည်...
ရှောင်ယွင်ပြောခဲ့ဖူးသည့် - အမှောင်ရိပ်ရှိခြင်းက အမျိုးသားဇနီးသည်ကို စိတ်လုံခြုံမှု ဖြစ်စေသည် - ဆိုတာကို ကျင်းရှောင် သတိတရဖြင့် လုပ်ဆောင်လိုက်ခြင်းဖြစ်တယ်... လိုက်ကာ ကျသွားသည်နှင့် အိပ်ယာအတွင်းပိုင်းထဲမှောင်ရိပ်ကြီးစိုးသွားတာကြောင့်
မုဟန်ကျင်း တစ်ချက်မျက်လုံးဖွင့်ကြည့်လိုက်ပြီး ချက်ချင်းပြန်ပိတ်လိုက်ပေမဲ့ ခန္ဓာကိုယ်တောင့်တင်းနေမှုက အတော်အသင့်လျော့သွားတယ်...

ငြင်သာနွေးထွေးသည့်လက်တစ်စုံက သူ့ရဲ့ ဦးခေါင်းနှင့်ဆံနွယ်တွေကိုပွတ်သပ်နေပြီး စိုစွတ်မှုရှိသည့်အနမ်းဖွဖွလေးတွေက နဖူးပေါ် ၊ နှာတံထိပ်... ထိုမှတဆင့် နှုတ်ခမ်းလွှာပေါ်သို့ ဖြေးညင်းစွါရောက်ရှိလို့လာတယ်..
ခပ်ဖွဖွ ထိကပ်ရုံနမ်းနေရာမှ ဖိကပ်လာသည်.. စုပ်ယူနမ်းရှိုက်ခြင်းမှတဆင့် တတိတိနှင့်ငုံထွေး ကိုက်ခဲမှုတချို့ပါ ပါလာ၏...

တစ်ဖက်လူရဲ့အသက်ရှူသံတွေပြင်းလာတော့မှ ကျင်းရှောင် အနမ်းကိုရပ်တန့်ပေးပြီး ခန္ဓာကိုယ်ကို အနဲငယ်ကြွလျက် မုဟန်ကျင်းကို အပေါ်စီးကနေ အုပ်မိုးကြည့်လိုက်တယ်...
အင်္ကျီဖရိုဖရဲဖြင့် အသက်အငမ်းမရရှူရှိုက်နေသော... ပြန့်ကျဲနေသော ဆံနွယ်ရှည်တွေ နှင့် ချောမောခန့်ညားသော မျက်နှာတစ်ခုက မီးရောင်မှိန်မှိန်အောက် တုနှိုင်းမရအောင် လှပလို့...

ရင်ဘတ်မှာချည်ထားတဲ့ကြိုးကပြေလျော့လျက် ၊ နှင်းလိုဖွေးဖွေးဆွတ် ချောမွေ့နေသော ရင်ဘတ်တစ်ခု...
အင်္ကျီကအလုံးစုံကျွတ်နေတာမျိုးမဟုတ်ပဲ ရင်ဘတ်နှင့် ပုခုံးသားတွေသာ ပေါ်ရုံ ၊ လက်တွေမှာ ဝတ်ထားလျက်ရှိနေသေးသည့် မြင်ကွင်းက ပို၍ပင် ဆွဲဆောင်အားပြင်းနေစေသည်...
မြင်နေရသည့်မြင်ကွင်းလှလှလေးကြောင့် ကျင်းရှောင် အာတွေခြောက်လာရကာ စိတ်မထိန်းနိုင်တော့ပဲ အနီရောင်ပဲစေ့လေးတစ်စေ့ကို ငုံ့စုပ်ပစ်သည် ..

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမDonde viven las historias. Descúbrelo ahora