76 : Married Woman

5.5K 588 11
                                    

(Unicode)
Chapter 76 : အိမ်ထောင်သည်အမျိုးသမီး ...

"အရှင်... အရှင်မင်းကြီး..."
မိဖုရားကြီးအတော်တုန်လှုပ်သွားရကာ မည်သို့တုံ့ပြန်ရမှန်း မသိ! မင်းကြီးရဲ့သဘောထားကို သူမတွက်ချက်မှားခဲ့တာလား?
ကျင်းရှောင်ကို အမျိုးသားဇနီးသည် နှင့်လက်မဆက်ပေးခင်အချိန်တုန်းက ကျင်းရှောင်စစ်ပွဲအောင်မြင်မှုတွေနှင့်ပြန်လာတိုင်း မင်းကြီး သက်ပြင်းတွေချခဲ့တာ ဘာကြောင့်လဲ??

ဧကရာဇ်ဟုန်ကျန့် သူ့မိဖုရားကြီးကိုတစ်ချက်ငဲ့ကြည့်လိုက်တယ် ... အခွန်ဘဏ္ဍာရေးဌာနကို စစ်တပ်ငွေလာဘ်စားမှုနှင့် ရှင်းလင်းတုန်းက မိဖုရားကြီးနှင့်ကျင်းယွီ နှစ်ယောက်စလုံး အမူအရာတွေပျက်နေခဲ့ကြတယ်... စုံစမ်းရေးကိုအဆုံးထိမသွားခဲ့ပေမဲ့ သဲလွန်စတွေအားလုံးက မင်းသား(၄) ကျင်းယွီထံကိုသာညွှန်ပြနေခဲ့တယ်!
အရင်တုန်းက ကျင်းရှောင်အကြောင်းပြောရင် မိဖုရားကြီးဆီကချီးမွမ်းသံတွေချည်းထွက်ခဲ့ပေမဲ့ ၊ အခုနောက်ပိုင်းမှာ သိသိသာသာကြီးကို သူမက ကျင်းရှောင် ကို ပြသနာရှာ ဆွဲချဖို့လုပ်လာတယ်!

မင်းကြီးရဲ့မျက်နှာတော်ကို သူမအသာခိုးကြည့်လိုက်ချိန် ၊ တင်းမာနေသော မျက်နှာကြောင့် မိဖုရားကြီး ရင်ထိတ်သွားရကာ -
"ကျွန်တော်မျိုးမ အာရုံထွေပြားခဲ့မိပါတယ်..."
မိဖုရားကြီး မြေပြင်ပေါ်နဖူးကပ်ပြီး ဦးသုံးကြိမ်ချ တောင်းပန်သည်...

ဧကရာဇ်ဟုန်ကျန့် သူမကို လျစ်လျူရှုထားပြီး အိပ်ရာပေါ်မှာထိုင်ချလိုက်တယ်ဆိုရင်ပဲ မိဖုရားကြီး ဒူးထောက်လျက်ရှေ့တိုးလာပြီး ဖိနပ်ချွတ်ကူသည်...
မင်းကြီးနှင့်သူမ စကားအခြေအတင်ဖြစ်ကတည်းက အစေခံတွေအကုန် နောက်ဆုတ်ခစားပြီးဖြစ်တယ်...
ခံစားချက်တွေပြင်းထန်နေသည့် ၊ ရှိုက်နေသောအသံဖြင့် -
"ကျွန်တော်မျိုးမကအမျိုးသမီးတစ်ယောက်သာဖြစ်တာမို့ အရှင်မင်းကြီးနှင့်သား/သမီးတွေအတွက်ပဲ နေ့စဉ်နှင့်အမျှတွေးနိုင်တာပါ... ကျင်းယွီက အသက်လည်းငယ် ၊ ဆက်ခံသူလည်းမရှိသေးတော့ သူ့ကို အစ်ကိုတော်(၃)ပါး တွဲခေါ်ဖို့အတွက် ကျွန်တော်မျိုးမ မျှော်လင့်ခဲ့မိပြီး တရားစီရင်ရေးမှာ သွားညှိမယ်လို့ မထင်ထားရိုးအမှန်ပါ..."

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမWhere stories live. Discover now