27 : A Headache

5.8K 573 5
                                    

(Unicode)
Chapter 27 : ခေါင်းကိုက်စရာ

နယ်မြေ(၃)ခု စုစည်းမှုတိုက်ပွဲက အနှေးနဲ့အမြန်ဆို ဖြစ်လာမှာဖြစ်ပြီး မင်းကြီးဆိုလိုသည့် အချိန်ကောင်းမဟုတ်သေးဖူးဆိုသည်က - စစ်ပွဲစဖို့ရန် အကြောင်းပြချက် မလုံလောက်သေးခြင်းကို ဆိုလိုသည် .. ပြည်သူမိသားစုတစ်ခု သတ်ဖြတ်ခံရတာကိုအကြောင်းပြချက်လုပ်ပြီး စစ်ပွဲတစ်ပွဲ သွားစလို့မရ ...
အတိတ်ဘဝတုန်းက သူပုန်နှိမ်နင်းရေးကိုဦးဆောင်တိုက်ခဲ့ရသူက ကျင်းရှောင်ဖြစ်ပြီး စစ်ကူတောင်းချိန် ၊ မင်းကြီးက အနောက်တောင်ပိုင်းဘုရင်ကို စစ်ကူလွတ်ပေးဖို့ အမိန့်ပေးခဲ့ပေမဲ့ အနောက်တောင်ပိုင်းဘုရင်က သူတို့ဒေသဟာ သဘာဝဘေးဒဏ်ခံထားရလို့ မင်းနေပြည်တော်ကနေ ပထမဆုံး ရိက္ခာထောက်ပံ့မှုပေးရမည် ၊ သို့မှသာ စစ်ကူလွတ်နိုင်မည် ဟု ပြန်တုံ့ပြန်ခဲ့သောကြောင့် မင်းကြီးကိုလွန်စွါဒေါသပုန်ထသွားစေသည် ... ကျင်းရှောင် မှာ သူပုန်တွေကို မသေရုံတမယ် ရေကုန်ရေခမ်း နှိမ်နင်းအောင်မြင်ပြီးရုံရှိသေး ၊ မြို့တော်ကိုတောင် မပြန်လာနိုင်သေးခင်မှာပဲ မင်းကြီးက တောင်ပိုင်းဒေသကို ပြန်လည်သိမ်းပိုက်ဖို့ဆိုပြီး ကျင်းရှောင်ကို နောက်ထပ်စစ်ပွဲတစ်ခုဆီသို့ ထပ်လွှတ်ခဲ့တယ်...
ဒီဘဝမှာတော့ အရေးမပါတဲ့ သူပုန်နှိမ်နင်းရေး စစ်ပွဲကို သူအောင်မြင်စွါရှောင်နိုင်ခဲ့ပြီမို့ ကြီးကျယ်ခမ်းနားမှုတွေရလာမည့် နယ်မြေ(၃)ခု တိုက်ပွဲကိုသာ စောင့်ရုံသာ .. အမြန်ဖြစ်လာလေ ကောင်းလေပဲ!!
ရှောင်ဟေး ကို စီးရင်း ကျင်းရှောင် အတွေးလွန်နေခဲ့ပြီး အသိပြန်ကပ်လာချိန် ရှောင်ဟေး ဦးတည်နေသည်က သူ့အစ်ကိုကြီးရဲ့ အိမ်တော်ရှိရာဖက် ဖြစ်နေလေသည်..

"ဒီငရှုပ်ထုပ် ကတော့လေ.. အစ်ကိုကြီးအိမ်တော်ထဲက မြက်နုတွေကို မင်းစားချင်နေတာမလား?"
ကျင်းရှောင်ခုန်ဆင်းလျက် ရှောင်ဟေးနားရွက်ကို ချစ်စနိုးဆွဲကာဖြင့် အိမ်တော်ရှေ့ကနေ လှည့်ထွက်ဖို့ကြိုးစားတယ် ... နန်းတွင်းကနေပြန်လာပြီးချက်ချင်း မင်းသားနှစ်ပါး ထပ်တွေ့ဆုံခြင်းသည် မလိုလားအပ်သော အထင်မြင်လွဲမှုတွေကို ပေါ်ပေါက်စေနိုင်သည်လေ...
ထိုအချိန်မှာပဲ ဌာနကနေပြန်လာသည့် ကျင်းချန်နှင့် အိမ်တော်တံခါးရှေ့တွင် တဲ့တဲ့တိူးတော့၏...
ကျင်းချန် ဝေါယာဉ်ပေါ်ကဆင်းဆင်းချင်း မြင်းကို နားရွက်ကနေဆွဲကာ ဆွဲခေါ်ဖို့ကြိုးစားနေသည့် သူ့ညီတော်ကို မြင်လိုက်ရတော့ မျက်မှောင်ကြုတ်သွား၏... ဒီမြို့တော်မှာ ကိုယ့်မြင်းကို သွားချင်ရာသွားစေပြီးမှ နားရွက်ဆွဲ ဆုံးမဖို့ကြိုးစားနေတာ သူ့ညီတော်ပဲ ရှိလိမ့်မည်... အခုလည်း ငေးတိငေးကြောင်နဲ့ ဘာပြသာနာတွေ ရှာလာပြန်ပြီလဲ မသိ...
"အိမ်တော်တံခါးရှေ့မှာ ဘာလုပ်နေတာလဲ? အထဲဝင်လေ"

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမWhere stories live. Discover now