68 : Cooperation

4.8K 542 18
                                    

(Unicode)
Chapter 68 : ပူးပေါင်းခြင်း

ဤသို့ဖြင့် ယောင်ချာချာကျင်းရှောင်သည် စိတ်မပါ့တပါဖြင့် ဟွိုက်နန်ဘုရင်ခံနှင့် သွေးသောက်ညီနောင် ဖွဲ့ဖြစ်ခဲ့ကြသည်...
၃ယောက်သား ဟိုးအရင်ကတည်းကသိခဲ့ပြီးသားမိတ်ဆွေရင်းတွေကဲ့သို့ မြစိမ်းရောင်ဝါးတောထဲတွင် တစ်နေ့ခင်းလုံး စကားလက်ဆုံကျနေခဲ့ကြတယ်...
အဖိုးတန်ဓါးကောင်းရတနာတွေအကြောင်း ၊ စစ်ဗျူဟာတွေသာမက အစားအသောက်ကောင်းတွေအပြင် အလှပဂေးလေးတွေမကျန် ၊ လမ်းဘေးစကားဝိုင်းဖြစ်လိုက် ကဗျာတွေသီချင်းတွေအကြောင်းဆွေးနွေးသည့် စာတတ်ပေတတ် ပညာတတ်စကားဝိုင်းဖြစ်လိုက်နှင့် နေဝင်ချိန်ရောက်မှ နှုတ်ဆက်ပြီးလမ်းခွဲခဲ့ကြသည်...
ကူဟွိုက်ချင် က သူ့ကိုတွေ့ချင်လျှင် 'ရေရှင်အိမ်တော်' ကိုလာခဲ့ဖို့ ဖိတ်ခေါ်ခဲ့သေး၏...

ကျောခိုင်းထွက်သွားသည့်လူနှစ်ယောက်ကို ကူဟွိုက်ချင်လက်နောက်ပစ်ရပ်ကြည့်နေရင်း မျက်နှာပေါ်မှာအပြုံးတစ်ခုဖြစ်ပေါ်လာသည်...
ချန်ဝမ် နှင့် သူ့အမျိုးသားဇနီးသည် တို့က တစ်ယောက်ချင်းစီမှာ အားသာချက်ကိုယ်စီရှိနေကြပြီး သူတို့က တကွဲစီဆိုလျှင် မှုစရာမလိုပေမဲ့ ၊ အတူတကွဆိုလျှင်တော့ သူတို့က ခွန်အားကြီးသော ပေါင်းစည်းမှုတစ်ခုပဲ!
တစ်ယောက်က စာတတ်ပေတတ် ပညာရှိဖြစ်ပြီး တစ်ယောက်က သိုင်းပညာရှင်စစ်ဦးစီးချုပ် ...
တစ်ယောက်ကရဲရင့်စွါရှေ့ချီတက်မည့်သူဖြစ်ပြီး တစ်ယောက်ကနောက်တန်းကနေ ဗျူဟာအစီအစဉ်တွေရေးဆွဲပေးနေမှာဖြစ်တယ်...
ဒီလင်လင်နှစ်ယောက်နှင့်ရန်သူဖြစ်ခဲ့ပါက ... သူအတော်လေးအခက်တွေ့နိုင်မည်...

.

တော်ဝင်စစ်သည်ဝတ်စုံဝတ်ဆင်ထားသောစစ်သည်တစ်ယောက်မြင်းစီးလျက် ရောက်လာပြီး -
"အရှင် ... တန်ယန့်မြို့ကို မနက်ဖြန်ပြန်မှာပါလား?"

တန်ယန့်မြို့က ဟွိုက်နန်ဒေသ၏မြို့တော်ဖြစ်ပြီး ဖျင်ကျန်းမြို့နှင့် မနီးမဝေးမှာတည်ရှိသည်...

"မပြန်သေးဖူး ..."
ကူဟွိုက်ချင်မျက်နှာပေါ်ရှိအပြုံးကပိုမိုတောက်ပလာပြီး -
"ပြန်သတင်းပို့လိုက် - ကိစ္စတွေက အရေးမကြီးတာမို့ ကိုယ့်ဟာကိုယ်ဖြေရှင်းလိုက်ပါ"

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမNơi câu chuyện tồn tại. Hãy khám phá bây giờ