52 : Sheng Jing Pass

4.5K 502 4
                                    

(Unicode)
Chapter 52 : ရှန်ကျင်းတောင်ကြားလမ်း

မုဟန်ကျင်း အရွန်းဖောက်သည့်စကားကိုကြားလိုက်ချိန် ပူပန်စိုးရိမ်နေခဲ့သောကျင်းရှောင်မျက်နှာသည်ပြုံးဖြီးဖြီးဖြစ်သွားပြီးအရူးလို တဟီးဟီး တဟဲဟဲ ရီကာ မုဟန်ကျင်းကို အတင်းတွေဖက်ပြီး −
"အယ်... ကွာရှင်းချင်ပါတယ်ဆိုပြီး မင်္ဂလာဦးညမှာစပြောခဲ့တာ ဘယ်သူလဲ..ပြော"
အခုတော့ ကိုယ့်ကိုကွာရှင်းဖို့တွန့်ဆုတ်နေပြီမလား ဆိုသည့် စကားတွေကိုတော့ ကျင်းရှောင် အသံထွက်မပြောရဲပေ...

ကျင်းရှောင်ခေါင်းကို မုဟန်ကျင်း ငန်းမွေးယပ်တောင်ဖြင့် ခပ်ဖွဖွပုတ်လိုက်ပြီး −
"ဝမ်ရယ်ကျွန်တော့်ကိုကွာရှင်းလိုက်မယ်ဆိုလည်းကောင်းတာပဲ...ဝမ်ရယ့်ကို ကျွန်တော့်မိသားစုထဲလက်ထပ်ယူလိုက်ရုံပေါ့"

"အင်း...အဲ့ဒါလည်း မဆိုးဖူးပဲ"
မုဟန်ကျင်းပါးကိုနမ်းဖို့ကျင်းရှောင်အနားတိုးသွားလိုက်တယ်ဆိုရင်ပဲ...

"ကျွန်တော့်ဇနီးဖြစ်လာဖို့ကိုတော့ အိမ်မက်ပဲမက်နေလိုက်.."
မုဟန်ကျင်း ခေါင်းရှောင်လိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ −
"အစားလည်းကြီးတယ်၊ ပျင်းလည်းပျင်းတယ်...ကျွန်တော့်အိမ်သူသက်ထားဇနီးဖြစ်လာခဲ့ရင် ရှောင် ဘာများကူညီနိုင်မှာမို့လဲ..."
ထိုသို့စကားအကုန်ပြောပြီးသည်နှင့် သူ့ခြေရင်းမှာရှိနေသည့် ရှောင်ဟွမ်လေးကို မုဟန်ကျင်း ကောက်ပွေ့ပြီး ဗဟိုတဲထဲကနေ ကျော့ကျော့မော့မော့ထွက်လို့သွားတယ်...

ကျင်းရှောင်ထိုင်ခုံပေါ်မှာ ငုတ်တုတ်မေ့... သူ့ကျွင်းချင်က ကောင်းကင်နဲ့မြေကြီးကို တကယ်ပဲ ပြောင်းပြန်လှန်ချင်နေတာပဲ! ကိုယ့်ခင်ပွန်းကို အစားကြီးတယ်၊အပျင်းကြီးတယ် ဆိုပြီး အားပါးတရကိုပြောချသွားတာနော်... ဒါမျိုးတော့မရဖူး! ခင်ပွန်းကို လေးစားဖို့ဇနီးလေးကို ဆုံးမမယ် ဆိုပြီး ကြုံးဝါးလျက် ကျင်းရှောင် ဗဟိုတဲထဲကနေ အထွက် ... အပေါက်ဝတွင် တပ်စခန်းလုံခြုံရေးအကြောင်းဆွေးနွေးဖို့လာသည့် ညာစစ်သူကြီး ဘယ်စစ်သူကြီး တို့နှင့် ထိပ်တိုက်တိုးတော့သည်...
ကျင်းရှောင် သူ့ပြုံးဖြီးဖြီးမျက်နှာကြီးကို ချက်ချင်းတည်ပြီး မကျေမလည်ဖြင့် တဲထဲသို့ ပြန်ဝင်လိုက်ရတော့သည်...

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမTempat cerita menjadi hidup. Temukan sekarang