(Unicode)
Chapter 53 : ကြံမိကြံရာလုပ်ကုန်ပြီ..."ခဏနေအုံး!"
မုဟန်ကျင်း ညာစစ်သူကြီးကို အမြန်တားလိုက်ပြီး -
"တပ်စခန်းပတ်ပတ်လည်မှာ ကြိုးတန်းတွေချထားဖို့ တပ်သားတွေကို လုပ်ခိုင်းထားပြီးပြီ... ကြိုးတန်းတွေကို အသင့်စိုက်ထားတဲ့ငုတ်တွေမှာ အခုချက်ချင်းတင်းတင်းချည်ကြဖို့ အမြန်အမိန့်ပေးလိုက်ပါ!"ညာစစ်သူကြီးအံ့အားသင့်သွားပြီးမှ ခေါင်းငြိမ့်ပြကာ တဲထဲကနေအမြန်ပြေးထွက်သွားခဲ့တယ်..
မုဟန်ကျင်း ဘယ်စစ်သူကြီးကိုလှည့်ကြည့်ကာ -
"မြင်းစစ်သည်တစ်ယောက်ကိုခုခံနိုင်ဖို့ခြေလျင်တပ်သားဘယ်လောက်သုံးရမလဲ??"ဘယ်စစ်သူကြီး တည်ငြိမ်စွါဖြင့် -
"မြင်းစစ်သည်တွေက အမြန်နှုန်းမှာပဲအားသာချက်ရှိတာပါ ၊ ခြေလျင်တပ်သား ၃ယောက် က မြင်းစစ်သည် ၁ယောက်ကို ကောင်းမွန်စွါခုခံနိုင်ပါတယ်..."မုဟန်ကျင်း ဖြေးညင်းစွါခေါင်းငြိမ့်လို့ -
"အရေအတွက်အရဆို ငါတို့ဖက်ကအားသာနေတာမို့ ရန်သူလျှပ်တပြက်ဝင်တိုက်တာကို အထိတ်တလန့် မပြာသွားဖို့ပဲလိုတယ်... ညာစစ်သူကြီးက စိတ်လိုက်မာန်ပါရှိတာမို့ ဘယ်စစ်သူကြီး အမြန်သွားပြီး ကူညီထိန်းပေးပါ ၊ ငါတို့စခန်းက စတုရန်းပုံ ၊ တစ်ဖက်ကို ၁၆၅မီတာ ရှိတယ် ၊ ကြိုးတန်းထောင်ချောက်လုပ်ထားတဲ့နေရာတွေမှာ တပ်သားတွေကိုအဆင့်သင့်နေရာချဖို့လုပ်ပါ"ဘယ်စစ်သူကြီး လက်ချင်းယှက်အရိုအသေပြုလို့ -
"ဟုတ်ကဲ့ပါ!"🐎
ကျောက်မုန့်နှင့်သူ့မြင်းတပ်ဟာ တောင်ကြားလမ်းထဲဝင်ခဲ့မိချိန်မှစ ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းခံနေရတယ် ... တောင်နံရံတွေကနေ ရန်သူခြေလျင်တပ်တွေတဖွားဖွားထွက်လာပြီးသူတို့စီးလာသည့်မြင်းတွေရဲ့ ခြေထောက်တွေကို ခုတ်ဖြတ်ပစ်တာမို့ သူတို့တစ်ဖွဲ့လုံး ခြေလျင်သာ ရှေ့ဆက်ချီတက်ခဲ့ရသည် ...
တောင်ကြားလမ်းက ကျဉ်း ၊ ရန်သူ့အင်အားကများရုံမက လမ်းတလျှောက်ထောင်ချောက်တွေကလည်းဆက်တိုက်ဆိုသလိုပဲ ! တောင်ပေါ်ကလှိမ့်ချလာသည့်ကျောက်တုံးတွေ ၊ မြေအောက်ဆူးချွန်ကျွင်းတွေဖြင့် စုတ်ပြတ်သတ်အောင်ကို လှိမ့်ပိမ့်ခံနေရတယ်!
YOU ARE READING
ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမ
Historical Fiction(Unicode) ဘုရင့်သားတော် လည်းဖြစ် ၊ စစ်ဦးစီးချုပ်လည်းဖြစ်သည့် ကျင်းရှောင်... သူ့အပေါ်အမြဲသစ္စာရှိတဲ့ ဝမ်ဖေးကို ပစ်ပယ်ခဲ့ပြီး သေဆုံးချိန်မှ အမြင်မှန်ရခဲ့သည့်နောက်... second chance အနေနဲ့ သေရာကနေ ပြန်ရှင်လာချိန် ... ကံကြမ္မာကို သူပြောင်းလဲနိုင်ခဲ့မလား...