(Unicode)
Chapter 21 : အခွင့်အလမ်းအိမ်သူသက်ထားဝမ်ဖေး အခုလို တွေဝေငေးမောနေတာမျိုးဟာ ကျင်းရှောင် အတွက် ကြုံတောင့်ကြုံခဲဖြစ်နေသည်မို့ သဘောကျစွါပြုံးရင်း ဝမ်ဖေးအနားတိတ်တိတ်လေးတိုးကပ်သွားကာ နှုတ်ခမ်းကို ဖွဖွလေးနမ်းလိုက်တယ်...
"အာ..."
မုဟန်ကျင်း လန့်ဖျပ်သွားလျက် အသိပြန်ကပ်လာပြီး ကျင်းရှောင်ကို မြင်ကာ -
"ဝမ်ရယ် ဘာလုပ်လိုက်ပြန်တာလဲ...""ကျွင်းချင် တော်နေကလို တွေဝေနေတဲ့ပုံစံလေးက ရှားမှရှား မြင်ရခဲလို့လေ"
ကျင်းရှောင် ထမင်းစားပွဲဝိုင်းမှာဝင်ထိုင်လိုက်သည်နှင့်ကျီရှီးက ညစာ ပြင်ဆင်တည်ခင်းပေးလာပြီး အနောက်သို့ဆုတ်ကာ စောင့်ဆိုင်းမှုပြုတယ်...မုဟန်ကျင်း တိတ်တဆိတ်ဖြင့်သာ စွပ်ပြုတ်ဟင်းချိုကို တစ်ဇွန်းခပ်သောက်လိုက်၏... ဒီနေ့ စွပ်ပြုတ်က အနံ့တစ်မျိုးမွှေးနေပါလား....
ကျင်းရှောင် ဟင်းအကြော်အလှော်တွေချည်းသာပါးစပ်အပြည့်စားနေရင်း -
"လက်နက်ပုန်းတိုက်ခိုက်တာမျိုးကို ကျွင်းချင် သင်ချင်လား??"
မုဟန်ကျင်း စွပ်ပြုတ်ကိုချည်းလှိမ့်သောက်နေသည်မို့ ကျင်းရှောင် ငါးအသားတချို့ကို ဖဲ့ပြီး ပန်းကန်ထဲ ထဲ့ပေးလိုက်သည်..."လက်နက်ပုန်း??"
မုဟန်ကျင်း ဇဝေဇဝါဖြင့် ကျင်းရှောင် ကို ခေါင်းမော့ကြည့်လိုက်ပြီး -
"ဘယ်လိုလို့ ဒီကိစ္စက ပေါ်လာရတာလဲ??""ကျင်းဟူလောကမှာနာမည်ကြီးကျော်ကြားတဲ့ 'ဓါးကိုးလက်တစ္ဆေ' ဆိုတဲ့သူ နဲ့ ဒီနေ့စံအိမ်တော်မှာ တွေ့ဆုံဖြစ်ခဲ့တယ်"
ဓါးကိုးလက်တစ္ဆေ ဆိုသူအားမျက်စိထဲပြန်မြင်ယောင်ပြီး ကျင်းရှောင် ရီမိတယ်... တကယ် တစ္ဆေတစ်ကောင်အတိုင်းပဲ!
"သူက ကိုယ့်လက်အောက်မှာ အလုပ် လုပ်ချင်တယ်တဲ့လေ"မုဟန်ကျင်း အနေဖြင့် ထိုသူရဲ့နာမည်ကိုမကြားဖူးပေမဲ့ ကျင်းဟူလောကမှာ နာမညါကြီးသူတွေက တော်ဝင်မျိုးနွယ်၊နန်းတွင်းရေးရာတွေနဲ့ ဝေးဝေးနေတတ်ကြတဲ့သူတွေမဟုတ်ဖူးလား???
ဒီနေ့ည မုဟန်ကျင်းက စွပ်ပြုတ်ရည်ကို အတော်သဘောတွေ့နေပုံမို့ ကျင်းရှောင်ပြုံးကာ စွပ်ပြုတ်ရည်ထဲ့ဖြည့်ပေးရင်း မုဟန်ကျင်းရဲ့အတွေးတွေကိုရိပ်မိသည့်အလား -
"ဒီနေ့ခေတ် ကျင်းဟူလောက က အရင်လိုမဟုတ်တော့ဖူးလေ... သူတစ်ပါးအတွက် လူလိုက်မသတ်ပေးချင်ဖူးဆိုရင် ငွေရစရာလမ်းကို မရှိတော့ဖူး"
ESTÁS LEYENDO
ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမ
Ficción histórica(Unicode) ဘုရင့်သားတော် လည်းဖြစ် ၊ စစ်ဦးစီးချုပ်လည်းဖြစ်သည့် ကျင်းရှောင်... သူ့အပေါ်အမြဲသစ္စာရှိတဲ့ ဝမ်ဖေးကို ပစ်ပယ်ခဲ့ပြီး သေဆုံးချိန်မှ အမြင်မှန်ရခဲ့သည့်နောက်... second chance အနေနဲ့ သေရာကနေ ပြန်ရှင်လာချိန် ... ကံကြမ္မာကို သူပြောင်းလဲနိုင်ခဲ့မလား...