78 : Fighting Fire With Fire

5.2K 601 11
                                    

(Unicode)
Chapter 78 : မီးကိုမီးနှင့်တန်ပြန်တိုက်ခိုက်မည်!

ပေဝေ့အမတ်ကြီး ဇနီးဖြစ်သူနှင့်သေချာရှင်းလင်းပြီးနောက် ဒုတိယဇနီး ၊ ကိုယ်လုပ်တော်ချွေ့ဆီသို့ ဆောင်တော်ကူးလိုက်သည်...
ကိုယ်လုပ်တော်ချွေ့ ကိုယ်ဝန်ဆောင်နေသည့်သတင်းကြားပြီးဖြစ်ပေမဲ့ အခုမှပဲသွားနိုင်တော့သည်...
သက်ကြီးပိုင်းမှာရလာတဲ့ကလေးမို့... အန္တရာယ်ကင်းကင်းနှင့်မွေးဖွားသန့်စင်နိုင်ခဲ့ပါက ၊ တင်းနန်မြို့စားတို့အုပ်စုရှေ့ သူဂုဏ်ယူဝင့်ကြွားနိုင်မည်!
ထိုသို့တွေးလိုက်မိသည်နှင့် လေးလံနေခဲ့သောမုကျင်းရဲ့စိတ်အစဉ်ဟာ ပေါ့ပါးလို့သွားတယ်...

ပေဝေ့ကတော် အခန်းထဲမှာတစ်ညလုံးငုတ်တုတ်ထိုင်ပြီး အရာရာကိုသုံးသပ်ကြည့်တယ်...
ပထမဆုံးတစ်ချက် - မုဟန်ကျင်းက ချန်ဝမ်မင်းသားရဲ့မြတ်နိုးခြင်းကိုအပြည့်အဝရထားသည့်အပြင် စစ်ဖက်ရေးရာမှာဂုဏ်ထူးဆောင်နိုင်ထားသူ... ဧကရာဇ်ကလည်း သူ့ကိုအမတ်ငယ်ရာထူးချီးမြင့်ချင်နေတယ်...
ဒုတိယတစ်ချက် - ဟန်ကျင်း မှာသာ အမတ်ငယ်ရာထူးရှိသွားရင် ပေဝေ့ဆက်ခံသူရာထူးကို မုလင်းပေါင်သေသွားရင်တောင်မှ လာယူလို့မရတော့ဖူး!
ဒါပေမဲ့ သူတို့မိသားစုကြားထဲ ရုန်ချန်းမြို့စားကတော်ကကန့်လန့်ဝင်ရှုပ်နေတယ်!
သူမလက်ချက်နှင့် ဧကရာဇ် က ဟန်ကျင်းကိူ အမတ်ငယ်ရာထူးမချီးမြင့်တော့ပဲ ၊ မုလင်းပေါင် ဒုက္ခိတဖြစ်နေသည်ကိုလည်းသိထားပြီးမို့ နှစ်သိမ့်သည့်အနေဖြင့် ပေဝေ့ဆက်ခံသူအဖြစ် တိုက်ရိုက်ချီးမြင့်လိုက်မည်ဆိုလျှင်... သူမ အရာရာဆုံးရှူံးသွားရမည်!
ဒါကြောင့် လက်ရှိမှာအရေးကြီးဆုံးက ဟန်ကျင်း ရာထူးဘွဲ့ တစ်ခုခုရသွားဖို့ပဲ! ဒါမှမြေးလေး ဆက်ခံသူဖြစ်လာနိုင်မှာ!!
ဟမ့်! မျိုးမစစ်လေးက ငါတို့ကိုကောင်းကောင်း ချည်တုတ်ပြီး အသုံးချသွားတာပဲ!

သူမစိတ်ကို အစီအစဉ်တကျပြင်ဆင်ပြီးနောက် နာရီအနည်းငယ်အိပ်စက်လိုက်ပြီး မနက်လင်းသည်နှင့်သင့်လျော်လျောက်ပတ်သော ဝတ်စုံလဲပြီး ဝင်ခွင့်ကဒ်ပြားကိုင်ကာ နန်းတော်တွင်းသို့ဝင်ခဲ့လိုက်သည်...

🍓

ယနေ့မနက်ညီလာခံက အလွန်ရှည်ကြာခဲ့သည်... အဘယ်ကြောင့်ဆိုသော်...မင်းသား(၁) ကို ပြန်ခေါ်မလား? ဆက်ထားကြမလား? ဆိုတာကို မင်းကြီးဆွေးနွေးခိုင်းခြင်းကြောင့်ပင်... သူပုန်တွေ၊ပြည်သူတွေရှေ့ တော်ဝင်မိသားစုသိက္ခာကိုမင်းသား(၁) ဆက်မချနိုင်အောင် ပြန်ခေါ်ချင်ပြီ...
ကျင်းယွီနှင့်အပေါင်းအပါတွေက ပြန်ခေါ်ဖို့ကိစ္စကို သဘောတူတိုက်တွန်းကြတယ်... ချန်ဝမ်က မြို့တော်ပြန်ရောက်ခဲ့ပြီးဖြစ်ပေမဲ့ မင်းသား(၁) က ခုထိပြန်မလာနိုင်သည့်အပြင် ပြောစမှတ်ပြုလောက်သည့်အောင်မြင်မှုတွေလည်းမထွက်လာတာကြောင့် မြို့တော်ပြန်လာပြီး မင်းသား(၄)ကို လာကူညီတာကမှဟုတ်ဦးမည်!

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမHikayelerin yaşadığı yer. Şimdi keşfedin