22 : Farce

5.8K 645 14
                                    

(Unicode)
Chapter 22 : ဟာသပြဇာတ်

ဝမ်ရယ်ရဲ့နှစ်သက်မှုကိုလိုချင်ပြီး
ကိုယ်လုပ်တော် က ဆေးခပ်သည့်အမှုမှ ၊ အနီးကပ်အစေခံတွေ၏ယုံကြည်မှု အလွဲသုံးစားမှု အထိဖြစ်လာခဲ့ပြီး ပြသနာကပို၍ ကြီးလို့လာသည်...

ငိုယိုနေသော ကိုယ်လုပ်တော်လီကို ကျင်းရှောင် အေးစက်စက်နှင့်သာ ငုံ့ကြည့်လိုက်တယ်...
အိမ်တော်ထဲ အမျိုးသားဝမ်ဖေး ဝင်လာချိန်မှစ၍ ဖူ့ရန် သို့မဟုတ် ကိုယ်လုပ်တော်တွေနှင့်ရသည့် သားဦးတွေသည် တရားဝင်သားတော်တွေအဖြစ် အိမ်တော်ကိုဆက်ခံခွင့်မရှိပေမဲ့ အမွေအများစုကိုတော့ခွဲဝေရရှိမည်ဖြစ်တာကြောင့် ကိုယ်လုပ်တော်တွေ ကလေးရဖို့ အလျင်လိုနေတာ မထူးဆန်း..
ဒါပေမဲ့ ညစာထဲ နွေဦးဆေးခပ်ဖို့ကြံစည်ချိန် သူတို့မတွေးမိလိုက်တာက ဆေးအစွမ်းသည် ဝမ်ရယ်ပေါ်တွင်သာမက အမျိုးသားဝမ်ဖေးအပေါ်မှာလည်းသက်ရောက်မှုရှိသွားမယ်ဆိုတာကိုပဲ!

မုဟန်ကျင်း ကျင်းရှောင်ဘေးမှာ ဝင်ထိုင်လိုက်ရင်း -
"သောဖူ .. ဒီလိုပြစ်မှုမျိုးကို ဘယ်လိုစီမံသင့်သလဲ လျှောက်တင်ပါဦး"
ချန်ဝမ်အိမ်တော်က ကိုယ်လုပ်တော်တွေက အတော်ရဲတင်းနေပါ့လား! ပေဝေ့အမတ်အိမ်တော်မှာ ဒါမျိုးကိစ္စတွေဆိုတာ မရှိခဲ့ဖူး..

သောဖူ ပေါက်စီလို သူ့မျက်နှာကြီးကို ရှူံ့လျက် ရိုသေစွါဖြင့် -
"ဝမ်ဖေးကို ကျွန်တော်မျိုးလျှောက်တင်ပါတယ်... နွေဦးဆေးခပ်လုပ်ကြံသည့်ပြစ်မှုမျိုးအတွက် မသေမချင်းတုတ်နဲ့ရိုက်သတ်ခံရမှာဖြစ်ပါတယ်"
ဒါက ဖူ့ရန်ဆုန့် ချမှတ်ထားသည့် စည်းကမ်းအသစ်သာဖြစ်တယ်... အရင်တုန်းက ကတုံးရိတ်ပြီး ဘုရားကျောင်းပို့ သီလရှင် ဝတ်စေရုံမျှသာ ဖြစ်၏...

တုတ်နှင့်မသေမချင်း ရိုက်သတ်ခံရမည် ဆိုသည့် ပြစ်ဒဏ်ကိုကြားလိုက်သည်နှင့် ကိုယ်လုပ်တော်လီ ပိုမိုခြောက်ခြားတုန်လှုပ်သွားကာ -
"ဝမ်ရယ်! တကယ်ပဲ ကျွန်တော်မျိုးမ လုပ်တာမဟုတ်ပါဖူး!! ကျွန်တော်မျိုးမ ဝမ်ရယ့်ဆီမှာ ခစားလာတာ ၅နှစ်ကြာရှိခဲ့ပါပြီ!! ထောက်ထားညာတာပေးပါ ဝမ်ရယ်!!"

ကိုယ်လုပ်တော်လီရဲ့ စူးစူးဝါးဝါးအော်ငိုသံတို့ကြောင့် ကျင်းရှောင် မျက်မှောင်ကြုတ်လာပြီး -
"သူမကို ခေါ်ထုတ်သွားစမ်း!"

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမWhere stories live. Discover now