17 : Rumours

5.8K 585 6
                                    

(Unicode)
Chapter 17 : ကောလဟာလ

ကျင်းရှောင် နေ့တဝက်စာမျှ ကြောင်အသွားမိပြီး အသိပြန်ကပ်လာနိုင်ချိန် - 'သူ့ဝမ်ဖေးလေးက သူ့ဆီကနေ ပိုက်ဆံချေးနေတယ်???'
ကျင်းရှောင် အလိုမကျစွါမျက်မှောင်တွေကြုတ်လျက် မုဟန်ကျင်းကို လက်ကနေဆွဲကာ 'လေတေးသံသာနားဆင်ဆောင်' ထဲရှိစာကြည့်ခန်းသို့ ခေါ်သွားသည်...
အခန်းထဲရောက်တော့ ရွှေကနုတ်တွေဖြင့်အလှဆင်ထားသော အနီရောင်သစ်သားသေတ္တာအသေးတစ်လုံးကို ထုတ်လာပြီး မုဟန်ကျင်း လက်ထဲထဲ့ပေးကာ -
"ဒါလေးကို လောလောဆယ်အရင်ယူထား .. လိုအပ်ရင် ကိုယ့်ကို ပြန်ပြော.."

"ကျွန်တော့် နို့ထိန်းသည်မိသားစုမှာပြသနာလေးနဲနဲဖြစ်နေလို့ ... လက်ထဲမှာလည်း ငွေစ ရှိမနေလို့..."
မုဟန်ကျင်း ခေါင်းငုံ့ထားရင်း -
"အပိုင်စားရထားတဲ့ ရွာတွေကနေ အခွန်အခတွေရလာတဲ့အချိန်ကျကျွန်တော်ပြန်ဆပ်ပါ့မယ်"
မုဟန်ကျင်း သေတ္တာကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ - ရွှေတုံး ၁၀၀ ၊ ငွေတုံး ၁၀၀ ၊ ဘဏ်စာရွက်တချို့ .. စုစုပေါင်း ၅၀၀၀ ရှိ၏...

"နောက်တစ်ကြိမ် ထပ်ပြောလိုက်စမ်း!"
ကျင်းရှောင်မျက်လုံးတွေမှေးကျဉ်းလျက် ဒေါသရိပ်ပါနေသော အကြည့်တို့ဖြင့် တစ်လှမ်းချင်းတိုးကပ်လာပြီး မုဟန်ကျင်းရဲ့ မေးစေ့ကို လက်မ ၊ လက်ညှိုးနှင့် ညစ်ကာ မော့ကြည့်စေလိုက်သည်...

ကျင်းရှောင်ဆီကနေ ဒေါသအရိပ်အငွေ့တွေကို ခံစားမိတော့ မုဟန်ကျင်းလန့်သွားပြီး သူစကားပြောမှားသွားကြောင်း သတိထားလိုက်မိသည်... ခင်ပွန်းသည်ဆီကနေ ပိူက်ဆံယူပြီး ပြန်ဆပ်မယ်ဆိုတာကြီးက နားထောင်ရတာ သိပ်တော့ အဆင်မပြေဖူးပေါ့... မုဟန်ကျင်း နှုတ်ခမ်းတွေကို လျှာနဲ့ တစ်ချပ်သပ်ကာ -
"ကျွန်တော်အပိုင်စားရထားတဲ့ရွာလေးတွေက စိုက်ပျိုးရေးမဖြစ်ထွန်းတဲ့ရွာလေးတွေမို့ အခွန်အခ သိပ်မရပါဖူး... ဒီသေတ္တာထဲက ငွေ ၅၀၀၀ ကို တကယ့်တကယ်မှာ ၁၀နှစ် ၊ နှစ် ၂၀ အချိန်ပေးတောင် ကျွန်တော် အကြေမဆပ်နိုင်ပါဖူး ဝမ်ရယ်..."
မုဟန်ကျင်း လိမ္မာပါးနပ်စွါဖြင့် ငွေပြန်မဆပ်နိုင်ကြောင်း ဖာထေးပြောလိုက်ရသည်.. ထိုအခါမှ ကျင်းရှောင်ရဲ့ စိတ်အခြေအနေက ပြန်လည်ကောင်းမွန်လာပြီး သူက မုဟန်ကျင်းမေးစေ့ကို ၂ချက် ၃ချက် ဆွဲညစ်လှုပ်ခါပြီး -
"တစ်ခုခုလိုအပ်ရင် ကိုယ့်ကိုလာရှာ... မင်းအတွက် ကိုယ်က အစစအရာရာတာဝန်ယူပေးမှာ.."
စကားအဆုံး ဖိကြိတ်ထားသော ဝမ်ဖေးရဲ့နှုတ်ခမ်းတစ်စုံကို 'ပြွတ်' ခနဲ ငုံ့နမ်းပြီး အခန်းထဲကနေအရင်ထွက်သွားကာ ဓါးရေးပြန်လေ့ကျင့်နေသည်...

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမWhere stories live. Discover now