91 : Influence

4.8K 562 16
                                    

(Unicode)
Chapter 91 : လွှမ်းမိုးမှု

ဟင်း... ရှောင် ကလေ... နဲနဲလေးမှကိုကြင်နာသနားစိတ်ယိုဖိတ်လို့မရတာ...
ရင်ဘတ်မှာအတင်းတိုးဝှေ့နေသည့်ခေါင်းကိုတွန်းထုတ်လိုက်ပြီး -
"ညီလာခံဆိုတာ စာသင်ကျောင်းမဟုတ်ဖူးလေ ရှောင်... မတက်ချင်ဖူးဆိုတိုင်း သွားမတက်ပဲနေလို့ရမလား? ပြီးတော့ ကျွန်တော့်မှာလုပ်စရာတွေတပုံကြီး"
မုဟန်ကျင်း စကားကုန်ပြောပြီးနောက် ကျင်းရှောင်ရဲ့ ပါပီမျက်လုံးရွှဲကြီးတွေကို မမြင်ချင်ဟန်ဆောင်ကာ စာကြည့်ဆောင်ထဲမှ ထထွက်လာခဲ့တယ်...
အခန်းအပြင်ရောက်သည်နှင့် ယွင်ကျူးကိုခေါ်ပြီး 'ချန်ဝမ်အကျယ်ချုပ်ကျ အပြစ်ပေးခံထားရသည့်သတင်း' ကို လွေ့ဝမ်မင်းသားဆီသို့အကြောင်းကြားစေသည်...
ကော်ဇောပေါ်တွင် မဲ့တဲ့တဲ့မျက်နှာဖြင့်အရှက်မရှိထိုင်မြဲထိုင်နေသူ ဝမ်ရယ်ကို လျစ်လျူရှုကာ သူ့ရဲ့စာကြည့်ခန်းငယ်ဆီသို့ ထွက်လာခဲ့လိုက်တယ်...
ဧကရာဇ်ဟုန်ကျန့် တင်ခိုင်းသည့်ကုန်သွယ်ရေးအကြံပြုချက်အစီရင်ခံစာကို တတ်နိုင်လျှင် အမြန်ရေးပြီးတင်ရမည်!

ကူကယ်ရာမဲ့စွါဖြင့် ... ဝမ်ဖေးသူ့ကိုကျောခိုင်းပြီးထွက်သွားခဲ့သည်ကို ကျင်းရှောင်ထိုင်ကြည့်ရင်း ကျန်ခဲ့ရသည်...
ရင်ထဲမှာ ရုတ်တရက်ကြီး ဆို့နင့်ဝမ်းနည်းလာတယ်... အခုသူ့အနေအထားက အလုပ်ပြုတ်သွားတဲ့ယောကျာ်း ၊ မိန်းမဖြစ်သူရဲ့လစာကို မှီခိုပြီးနေ နေရသလိုပဲ... ...

ကျင်းရှောင်ရဲ့သတင်းရရချင်း ကျင်းချန် နေ့လည်စာသုံးဆောင်ပြီးသည်နှင့် ချန်ဝမ်အိမ်တော်သို့ရောက်လာခဲ့တယ်... မင်းကြီးက ကျင်းရှောင်ကို အိမ်တော်ပြင်ပထွက်ခွါခွင့်ပိတ်ထားခဲ့ပေမဲ့ ဧည့်တွေ့၊လာလည်ခွင့်ကိုတော့ မပိတ်ထားဖူးလေ...

"ဒါက အစ်ကိုတော့်အတွက်ဆိုပြီး ကူဟွိုက်ချင်ပေးသွားတဲ့စာအုပ်"
ကျင်းရှောင် သူလျှိုစာရင်းပြုစုထားသည့်စာအုပ်ငယ်ကို ကျင်းချန်အားထုတ်ပေးလိုက်သည်...

ကျင်းချန်မျက်နှာတမျိုးတမည်ဖြစ်သွားပြီး -
"ဒါက... ကော ကိုလည်း သူတစ်အုပ်ပေးခဲ့တယ်..."

ကျင်းရှောင် : "..."
ကျင်းချန် : "..."

"ကူဟွိုက်ချင် မျိုးမစစ်ကောင်!!! ငါ့မှာတော့ သူ့ရဲ့ယုံကြည်မှု၊ကြင်နာမှုတွေကို ရင်ထဲထိတောင် ခံစားပေးခဲ့တာ!!"
ကျင်းရှောင် ထဆဲတော့သည်!
အကျင့်မကောင်းသည့်ကူမျိုးရိုးက ညီအစ်ကိုနှစ်ယောက်ကို ကစားသွားတယ်!!

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမOnde histórias criam vida. Descubra agora