(Unicode)
Chapter 87 : သွေးလေခြောက်ခြားသည့်ရောဂါ ဖြစ်နေသည်...မုဟန်ကျင်း အတွင်းခန်းထဲရောက်ချိန် အမေ့ကို သမားတော် သွေးခုန်နှုန်းစစ်နေသည်...
ပေဝေ့အမတ်ကြီးသည် အိပ်ရာခေါင်းရင်းမှာ ခုံတစ်လုံးနှင့်ထိုင်ကြည့်နေပြီး ကော့ရော့ယိက အိပ်ရာဘေးတဖက်မှာမတ်တပ်ရပ်နေသည်..."သန္ဓေသားမှာမူမမှန်မှုအနဲငယ်ရှိပေမဲ့ ကံကောင်းထောက်မစွါဖြင့်အသက်ရှင်လျက်ရှိနေဆဲပါ"
သွေးခုန်နှုန်းစမ်းပြီးနောက်သမားတော် တွေ့ရှိချက်ကိုပြောလာပြီး သန္ဓေသားတည်ငြိမ်သွားရန်သောက်ရမည့်ဆေးစာရင်းကိုရေးပေးသည်...မုဟန်ကျင်း အိပ်ရာနားလျှောက်သွားလိုက်သည်... အမေရဲ့အသားအရည်အနဲငယ်ဖြူလျော်နေပြီး နဖူးမှာ ချွေးစေးအနဲငယ်စို့နေသည်...
"အမေ... နာနေသေးတာလားဟင်?"
မုဟန်ကျင်းအိပ်ရာဘေးမှာဝင်ထိုင်ကာ ကော့ရော့ယိလက်ထဲက လက်ကိုင်ပုဝါကိုယူလို့ ချွေးစက်တွေကိုငြင်သာစွါလိုက်လံတို့ထိသုတ်ပေးတယ်..."သက်သာလာပါပြီ..."
ချွေ့ဖူ့ရန်ရဲ့အသံကအားနဲနေသယောင်ရှိပေမဲ့ စကားလုံးတွေပီသပြီး လက်ဖဝါးကလည်းနွေးနေသည်မို့ အခုချိန်ထိတော့ သူမအဆင်ပြေနေတာသိသာသည်...မုဟန်ကျင်း သမားတော်ဖက်လှည့်ကာ -
"သူမတောက်လျှောက်နေကောင်းခဲ့ပါရဲ့နဲ့ ဘာလို့ရုတ်တရက်ကိုယ်ဝန်ပျက်ကျချင်တဲ့လက္ခဏာတွေထဖြစ်ရတာလဲ?"
သန္ဓေသားကျန်းမာစေမည့်ဆေးညွှန်းတွေကို သမားတော်ကျန်းကပဲဆေးစပ်ပေး ၊ ဆေးကျိုသူက ရော့ယိ ၊ ချွေ့ဖူ့ရန် နေ့စဉ်စားတဲ့အစားအစာတွေကို သေချာလေးဂရုစိုက်စစ်ဆေးပေးခဲ့တာမို့ အန္တရာယ်ဖြစ်စရာ ဘာအကြောင်းမှမရှိခဲ့ ...
အထူးသဖြင့် ချွေ့ဖူ့ရန် က ကိုယ်ဝန်အစောပိုင်းကာလမှာ အော့အန်/အစားပျက်တာဆိုးခဲ့သည်မို့ မုဟန်ကျင်း က နန်းတွင်းစားဖိုမှုးတစ်ယောက်ကို ပို့ပေးပြီးချက်ပြုတ်စေခဲ့သည်...ချွေ့ဖူ့ရန် အိပ်ရာထဲလှဲသွားကာမှ သမားတော်လည်းရောက်လာခဲ့သည်မို့ ဘာတွေဖြစ်ခဲ့လဲဆိုတာ ဂဃနဏ မသိသေး...
ပေဝေ့အမတ်ကြီးက -
"ကျွန်တော့်ဇနီးကထိတ်လန့်သွားတာကြောင့်ပါ ၊ အစားမှားတာမျိုးမဟုတ်ပါဖူး"
YOU ARE READING
ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမ
Historical Fiction(Unicode) ဘုရင့်သားတော် လည်းဖြစ် ၊ စစ်ဦးစီးချုပ်လည်းဖြစ်သည့် ကျင်းရှောင်... သူ့အပေါ်အမြဲသစ္စာရှိတဲ့ ဝမ်ဖေးကို ပစ်ပယ်ခဲ့ပြီး သေဆုံးချိန်မှ အမြင်မှန်ရခဲ့သည့်နောက်... second chance အနေနဲ့ သေရာကနေ ပြန်ရှင်လာချိန် ... ကံကြမ္မာကို သူပြောင်းလဲနိုင်ခဲ့မလား...