33 : Position

5.4K 535 3
                                    

(Unicode)
Chapter 33 :

ပေဝေ့ကတော် နန်းတွင်းဝင်ပြီး (၂)ရက်အကြာ ၊ ပေဝေ့အိမ်တော်သို့ အမတ်ကတော် ၊ မြို့စားကတော်တွေ တဖွဲဖွဲရောက်လာ ၊ လက်ဆောင်တွေပေး ၊ ဂုဏ်ပြုစကားတွေဆိုလာချိန်မှ ... မြို့တော်ထဲမှာ သတင်းပျံ့နေပြီဖြစ်ကြောင်း သခင်မကြီး သိသွားကာ ဒေါသူပုန်ထတော့၏...
ဒေါသထွက်ရုံကလွဲပြီး ပျံ့နေသောသတင်းကို ထိန်းချုပ်ဖို့မဖြစ်နိုင်တော့တာကြောင့် နှုတ်ဖွာလွန်းသူ အဒေါ်(၃) ကိုသာ ခေါ်ဆူ မဲမာန်တော့၏...

"အမကြီး...ကျမ တစ်ယောက်ထဲကို ဆူပူနေတာတော့ မဟုတ်သေးဖူးနော်!!"
အဒေါ်(၃) တအင့်အင့်ရှိုက်ငိုရင်း ခပ်စူးစူးအသံဖြင့် -
"ကျမကစုကျီလေးအတွက် ဝမ်းသာပေးလို့မရတော့ဖူးလား? ဒီကိစ္စကို ကျမရဲ့ အစေခံတချို့နဲ့ပဲ စကားပြောဖြစ်ခဲ့တာမျိုးပါ.. အဲ့နေ့က သခင်မကြီး အိမ်ပြန်လာပြီး သတင်းကောင်းပြောတော့ ခန်းမထဲမှာ ကျမတစ်ယောက်တည်း ရှိနေတာမှမဟုတ်ပဲ! တခြားသူတွေလည်း ရှိနေတာကို!"

"ဒီလောက်ဖြစ်လာတာကိုတောင် နင်က ပြန်ခံပြောရဲသေးတယ်? အဲ့နေ့ကတည်းက အားလုံးကို နှုတ်လုံဖို့ ငါသေချာမပြောလိုက်ဖူးလား! ငါတို့ဖက်မှာ အောင်မြင်မှုရှိနေပေမဲ့ 'အကယ်၍' ဆိုတာက ရှိလာနိုင်တယ်လေ! နင်ကတော်တော့်ကိုကောင်းတယ်! ခန်းမအပြင်ထွက်သွားတာနဲ့ အကုန်လုံးကို မသိမှာစိုးတဲ့အတိုင်း အကုန်လိုက်ဖွတော့တာပဲ!!"
ပေဝေ့ကတော်မှာ ဒေါသတွေထွက်လွန်းလို့ အသားတွေပင်တဆတ်ဆတ်တုန်နေတော့သည်... မိဖုရားကြီးဆီသာ ဒီသတင်းပေါက်ကြားသွားလို့ကတော့ 'ပေဝေ့အိမ်တော်က အကြွားထူသည်' ဆိုပြီး စုကျီ ကို သဘောမကျဖြစ်နိုင်သည်..

အဒေါ်(၃) *ပေဝေ့အမတ်ဟောင်း၏ တရားဝင်သား နံပါတ်(၃)၏ ဇနီး* အငိုချက်ချင်းရပ်သွားပြီး အေးစက်နေသောမျက်နှာဖြင့် -
"ဒီကိစ္စမှာ ကျမ မှားခဲ့တယ်ဆိုဦးတော့ .. ယောင်းမ အနေနဲ့ ကျမကို ဒီလေသံသုံးပြီး မဆုံးမသင့်ဖူး!"
တရားဝင်သား ၊ ညီအစ်ကိုတွေရဲ့ ဇနီးသည်တွေကြားမှာ အဆင့်ကွာခြားမှု ကြီးမားတာမျိုးမရှိ .. သူမရဲ့ခင်ပွန်း သည်လည်း ပေဝေ့အမတ်ဟောင်းရဲ့ သားအရင်းပဲလေ! ဒါကို သူမ သမီးကျတော့ မင်းသား အဆင့်တွေနှင့် လက်ဆက်ခွင့်မရပဲ ၊ သခင်မကြီး သမီးကျ လက်ဆက်ခွင့်ရှိနေတာမျိုးကို တကယ်မနှစ်မြို့ ၊ မကျေနပ်ပေ...

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမWhere stories live. Discover now