108 : Extra 03 (Final)

6.3K 603 49
                                    

(Unicode)
Extra 03 : An Illusive Dream <ထင်ယောင်ထင်မှားဖြစ်စေသော အိမ်မက်ဆိုးတစ်ခု မက်ခဲ့သည်...>

အကျဉ်းတိုက်ထဲတွင် နေတစ်ပြောက်တောင်မကျသည်မို့ ဘယ်လောက်ပဲကောက်ရိုးခြောက်တွေခင်းထားပါစေ ၊ အပြာရောင်ကျောက်သား အောက်ခင်းကြမ်းပြင်တွေကနေ စိမ့်တက်လာသည့်အရိုးထဲထိစိမ့်အေးပါသော အအေးဒဏ်ကို အံမတုနိုင်ပေ...

မြက်ခြောက်ပေါ်တွင် ရှေ့ပြေးလိုက် နောက်ပြေးလိုက်လုပ်နေသော ကြွက်တစ်ကောင် ... အမှောင်ထဲတွင် လက်တစ်ခုနှင့်ခလုတ်တိုက်မိပြီး အသားနံ့ကြောင့် သွားထက်ထက်တွေနှင့်ကိုက်ချလိုက်တယ်...

"အ့..."
ကျင်းရှောင် လန့်နိုးလာပြီး လက်ကိုလျင်မြန်စွါလှုပ်ရှားကာ ကြွက်ကိုအမိအရဖမ်းလိုက်တယ်...

//ကျွိ ကျွိ//
ကြွက်ကထိတ်လန့်စွါဆက်တိူက်အော်တော့၏...

ကြွက်အော်သံကြောင့် ဘေးမှာကပ်လျက်အိပ်နေသည့် မုဟန်ကျင်း လန့်နိုးသွားပြီး ကြွက်နှင့်ရန်ဖြစ်နေသည့်ကျင်းရှောင်ကိုတွေ့တော့ ခပ်ဖွဖွရီမိတယ်...
သူ ဖြေးဖြေးချင်းထလိုက်ပြီး -
"ဝမ်ရယ် ဘာလို့မအိပ်တာလဲ?"

ဒေါင့်မှာအိပ်နေသူကို ကျင်း​ရှောင် လှည့်ကြည့်လိုက်၏... အကျဉ်းတိုက်ထဲ ထွန်းထားသည့်ဆီမီးတိုင်တွေရဲ့အလင်းဖျော့ဖျော့အောက် မုဟန်ကျင်းရဲ့အပြုံးတို့က သူ့ကိုနွေးထွေးစေသည်မို့ အနားတိုးကပ်လိုက်ပြီး လက်ထဲကကြွက်ကိုမြောက်ပြကာ -
"ကြည့်လိုက်... ကြွက်တစ်ကောင်မိထားတယ်... ကြည့်ရတာ ကိုယ်တို့တော့အသားစားရတော့မယ်"

ရုန်းထွက်ဖို့ကြိုးစားနေသည့် မီးခိုးရောင်ကြွက်ကို မုဟန်ကျင်း မျက်မှောင်ကြုတ်ကြည့်ပြီး ၊ ဒါကိုတော့ သူစားနိုင်မည်မဟုတ် ...
ထို့ကြောင့်စကားလမ်းကြောင်းလွှဲရန် -
"ဝမ်ရယ် အိပ်မပျော်ဖူးဆိုရင်... ကျွန်တော်နဲ့... စကားပြောလို့ရတယ်လေ... အဟွတ်.. အဟွတ်..."
စကားပြောနေရင်း ချောင်းတွေဆက်တိုက်ဆိုးလာတော့သည်...
ချန်ဝမ်အိမ်တော်မှာကတည်းက ကျန်းမာရေးမကောင်းခဲ့သူမို့ အကျဉ်းကျခဲ့ချိန်မှာ ဆေးမရှိဝါးမရှိနှင့် အခြေအနေအတော်ဆိုးလာခဲ့တယ်...
အထူးသဖြင့် အေးစက်နေသည့်ကြမ်းပြင်ကြောင့် သူ့အောက်ပိုင်းတွေ လှုပ်ရှားလို့မရချင်တော့အောင်ထိ ကိုက်ခဲနေတော့၏...

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမWhere stories live. Discover now