44 : Bare to the Waist

4.7K 516 10
                                    

(Unicode)
Chapter 44 : အပေါ်ပိုင်းဗလာနှင့်ပတ်ပြေးရမည် ...

ကျင်းရှောင်အချိန်တစ်ခုကြာစောင့်ဆိုင်းနေပေမဲ့ မုဟန်ကျင်းထံကနေ တုံ့ပြန်စကားတစ်ခွန်း မထွက်လာခဲ့... သူက ခေါင်းငုံ့ပြီးသာ အသံတိတ်လို့နေတယ်... မုဟန်ကျင်းရဲ့နှုတ်ဆိတ်မှုက ကျင်းရှောင်ကို အသိပြန်ကပ်စေခဲ့ပြီး သူပြောခဲ့သည့်စကားတွေက အတော်လည်းခက်ထန်သွားကြောင်း သတိဝင်လာတယ်...

မုဟန်ကျင်းအသံခပ်တိုးတိုးဖြင့် -
"ဒေါသကိုမျိုချလိုက်ဖို့ ကျွန််တော် မဆိုလိုပါဖူး"
ပေါင်ပေါ်မှာ တင်ထားသည့်လက်ဖဝါးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတာများ လက်ဆစ်တွေပင်ဖြူလျော်လို့လာသည့်အထိ ..
"ဒါပေမဲ့ အချိန်တစ်ခုလေးစောင့်ပေးဖို့တော့ တကယ်လိုနေ - ဟင်??"

ဝမ်းနည်းနေသည့်မုဟန်ကျင်းရဲ့ပုံစံလေးက ကျင်းရှောင်ရဲ့နှလုံးသားကို နာကျင်စေသည်... မုဟန်ကျင်းထိုင်နေသည့် အနားအမြန်လျှောက်သွားလိုက်ပြီး လက်သီးဆုပ်လေးကို အပေါ်ကနေအုပ်ကိုင်ဖြည်ပေးလိုက်တယ်...
မုဟန်ကျင်းပြောလက်စ စကားရပ်သွားပြီး ကျင်းရှောင်ကို မယုံရဲသေးသည့်အကြည့်တို့ဖြင့် မော့ကြည့်လာချိန် ၊ မုဟန်ကျင်းရဲ့ မျက်နှာလေးကို တယုတယကိုင်တွယ်လိုက်ပြီး -
"ကိုယ် မင်းကို စိတ်တိုသွားတာမဟုတ်ပါဖူး..."
သူ့ဝမ်ဖေးလေးက ထိလွယ်ရှလွယ် ခံစားချက်ပြင်းထန်တဲ့သူဆိုတာကို သူဘယ်လိုလုပ်မေ့သွားရတာလဲ!!
"ကျွင်းချင်..."
ကျင်းရှောင် မုဟန်ကျင်းရှေ့ ဒူးထောက်လျက် ထိုင်ချလိုက်သည်...

နာကျင်မှုတွေအတိုင်းသားပေါ်နေသည့်မျက်ဝန်းတစ်စုံကို မုဟန်ကျင်းငုံ့ကြည့်မိချိန် သူ့ရင်ထဲက ခါးသက်မှုတွေ ပျောက်ကွယ်လို့သွားတယ်... နှုတ်ခမ်းတွန့်ကာ ပြုံးလို့ ကျင်းရှောင်ရဲ့ မျက်ခွံနှစ်ခုပေါ် အနမ်းတချို့ခြွေချပေးလိုက်၏...
"ရှောင် က ကျွန်တော့်ရဲ့ခင်ပွန်းမို့ စိတ်ဆိုးခွင့်ရှိပါတယ်.. ဒါပေမဲ့ စိတ်ဆိုးတာမကောင်းဖူးဆိုတာ သိပြီးရင်တော့ ထပ်လုပ်ရင် အပြစ်ပေးခံရပါမယ်..."

"အွန်း!!"
မုဟန်ကျင်း ဖက်ကစပြီး အနမ်းတွေခြွေချလာတာကြောင့် ကျင်းရှောင် လကမ္ဘာပေါ်ရောက်သွားသလို စိတ်တွေကြည်နူးနေပြီး ဒီအချိန်မှာ သူ့ဝမ်ဖေးဘာပြောပြော 'အင်း' လုပ်မည်ဖြစ်သည်...

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမDove le storie prendono vita. Scoprilo ora