92 : Trouble Brewing

4.7K 562 16
                                    

(Unicode)
Chapter 92 : ပြသနာတွေအစပျိုးလာပြီ...

မုဟန်ကျင်း ညီလာခံကနေပြန်ရောက်သည့်အချိန် ပင်မခြံဝင်းထဲတွင် ကျင်းရှောင်တစ်ယောက်ပြင်းထန်သည့်ဓါးရေးလေ့ကျင့်မှုတို့ကိုလုပ်နေသည်...
ရှောင်ဟွမ်ကိုတော့အရိပ်အယောင်ပင်မမြင်မိ...
ရှောင်ဟွမ်က သခင်တွေရှေ့မှာ အိမ်မွေးကြောင်တစ်ကောင်လိုအမြဲပြုမူလေ့ရှိပေမဲ့ ကျားတစ်ကောင်ဗီဇအရ သူစိမ်းတွေအပေါ်တုံ့ပြန်မှုက ပြင်းထန်သည်...
ဒါကြောင့်မို့လည်း မုဟန်ကျင်းက ရှောင်ဟွမ်ကို ပင်မဆောင်ခြံဝင်းအတွင်းမှာသာဆော့ကစားစေပြီး အပြင်ထွက်ခွင့်မပြု...

ဝမ်ဖေးပြန်ရောက်လာတာကိုတွေ့တော့ ကျင်းရှောင် လက်ထဲကဓါးကို ဓါးအိမ်ထဲသိမ်းဆည်းလိုက်ပြီး ချွေးတွေစိုရွှဲနေသည့် သူ့မျက်နှာကိုမော့ပေးလိုက်၏...
ကိုယ့်ကိုချွေးသုတ်ပေး...

ကျီရှီး ဆက်သလာသည့်လက်ကိုင်ပုဝါကို မုဟန်ကျင်းယူပြီး ကျင်းရှောင်ကိုချွေးသုတ်ပေးလိုက်ရင်း -
"ရှောင်ဟွမ်လေးကော?"

"ကိုယ်လည်းမသိဖူး"
ကျင်းရှောင် စိတ်ကျေနပ်စွါမျက်လုံးတွေမှိတ်၊ဇိမ်ခံရင်း -
"သူက ကိုယ်နဲ့မဆော့ချင်ဖူးတဲ့လေ... တစ်နေရာရာမှာသွားထိုးအိပ်နေတာဖြစ်မှာပေါ့"

မုဟန်ကျင်း စိတ်နဲနဲပူမိသည်မို့ ယွင်ကျူးကို 'ရှောင်ဟွမ်ရှာပုံတော်' ဖွင့်ခိုင်းလိုက်သည်...
ထို့နောက် ဝမ်ရယ်နှင့်ဝမ်ဖေး ခြံဝင်းထဲထုတ်ထားသည့် သလွန်ရှည်ပေါ်ထိုင်ရင်းလေညင်းခံ အနားယူနေချိန်
နွေရာသီစာအချဉ်ဓါတ်ပါသည့်ဇီးသီးလက်ဖက်ရည်ကို မြောင်ရှီးဆက်သလာတယ်...

အချဉ်ဓါတ်ပါသည့်လက်ဖက်ရည်ကို ကျင်းရှောင်နှစ်ခြိုက်စွါဖြင့် တစ်ခွက်လုံးအကုန်မော့သောက်ပစ်ပြီး ကျေနပ်မှုကြောင့် သက်ပြင်းဖွဖွချလျက် -
"ဒီနေ့ဘာလို့နောက်ကျနေတာလဲ?"
အကြည့်တွေက သလွန်ကနေခြေဆင်းချထားသည့် ခြေတံသွယ်သွယ်လေးတွေဆီမှာပဲဝဲနေပြီး မေးခွန်းလေးမေးရင်း အနားကို မသိမသာ တိုးတိုးကပ်လို့သွားတယ်...

မုဟန်ကျင်း လက်ဖက်ရည်အရသာခံသောက်နေချိန်ကိုအခွင့်ကောင်းယူပြီး ပေါင်ပေါ်သို့ ကျင်းရှောင်ခေါင်းလှဲချပစ်၏...
မုဟန်ကျင်း လက်ဖက်ရည်တစ်ငုံပဲသောက်ရသေးသည် ၊ သူ့ပေါင်ပေါ်မှာ ခေါင်းလုံးလုံးကရောက်လို့နေပြီ..
အိမ်မှာကျန်နေခဲ့ချိန် ပျင်းနေလို့ထင် ၊ ခုတလောကျင်းရှောင်ကသူ့ကိုအရမ်းကပ်လာတယ်... လူကိုမြင်တာနဲ့ ဖက်နမ်းမယ် ၊ ပွေ့ဖက်ထိတွေ့ပွတ်သပ်မယ်ဆိုတာချည်းပဲ...
မုဟန်ကျင်း အလိုလိုက်စွါပင် ခေါင်းအုံးရအဆင်ပြေအောင် အနောက်သို့ အနဲငယ်ရွေ့ထိုင်လိုက်ပြီး -
"ညီလာခံပြီးတော့ ခမည်းတော်က ကျွန်တော့်ကို စာကြည့်ဆောင်ထဲဆင့်ခေါ်ခဲ့လို့"

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမDove le storie prendono vita. Scoprilo ora