48 : Tiger Cub

4.6K 490 1
                                    

(Unicode)
Chapter 48 : ကျားပေါက်လေး...

ရွာထဲရှိစားသောက်ဆိုင်တစ်ဆိုင်တွင် မုဟန်ကျင်း ဝမ်ရယ်ကို ၂နာရီခန့်ထိုင်စောင့်လိုက်ရသည်...

"ဘယ်လိုလဲ? သူ့ကို ပါလာအောင်နားမချနိုင်ခဲ့ဖူးလား?"
ကျင်းရှောင်အတွက် ပြင်ဆင်ထားသည့် ထမင်းဖြူပန်းကန်တစ်လုံးကို ရှေ့သို့တိုးပေးလိုက်ရင်း စားပွဲထိုးကို နွေးခိုင်းထားသည့်ဟင်း၂ခွက်လာချဖို့ အချက်ပြလိုက်သည်...

ဟောင်သာ့တောက် နှင့်မထင်မှတ်ပဲဆုံလိုက်ရချိန် ကျင်းရှောင် ဝမ်းသာအားရဖြင့် သူ့တပ်သားဖြစ်လာဖို့စည်းရုံးရေးဆင်းဖို့ကြိုးစားခဲ့ပေမဲ့ ... ဟောင်သာ့တောက် က သူအသားစင်းဖို့ရှိနေကြောင်း ၊ လောလောဆယ်စကားပြောဖို့အချိန်မရှိကြောင်း ပြန်တုံ့ပြန်ခဲ့သည်...
နေ့လယ်ခင်း နေပြင်းပြင်းပူနေသည့်အချိန်မို့ သူ့ဝမ်ဖေးလေး ပင်ပန်းမည်စိုးကာ စားသောက်ဆိုင်တစ်ဆိုင်တွင် သွားထိုင်စောင့်ရန် ကျင်းရှောင်မှာကြားလိုက်ပြီး သူကိုယ်တိုင်ကတော့ အသားဆိုင်မှာ ဟောင်သာ့တောက် အားမည့်အချိန်ကို စောင့်နေခဲ့သည်..
သို့သော်လည်း ၂နာရီကြာအောင်စောင့်ခဲ့ရပြီး စည်းရုံးရေးဆင်းဆွယ်တရားဟောခဲ့ပေမဲ့ မအောင်မြင်ခဲ့ပေ...
ကျင်းရှောင်ထင်ခဲ့တာက - ဟောင်သာ့တောက်သည် နာမည်ကြီးစစ်သူကြီးမျိုးနွယ်ကနေဆင်းသက်လာသူမို့ ရွာမှာဝက်သတ်၊အသားရောင်းလုပ်နေရမည့်ဘဝကနေ ရုန်းထွက်ချင်မှာသေချာသည် ၊ တိုက်ပွဲဝင်ဖို့အခွင့်အရေးပေးလိုက်လျှင် မလွတ်တမ်းဖမ်းဆုပ်လိမ့်မည် လို့ပေါ့...
ဘယ်သူထင်မှာလဲ??
ဟောင်သာ့တောက်က ကျင်းရှောင်ကို - 'သူများကိစ္စတွေထဲဝင်စွက်ဖက်လှချည်းလား' ဟုအဓိပ္ပါယ်ရသည့်အကြည့်တို့ဖြင့်ကြည့်လို့ ပြတ်သားစွါဖြင့် - "ကိုယ့်ဟာကိုယ် ဝက်သတ် ၊ အသားရောင်းနေတဲ့ဘဝနဲ့အဆင်ပြေနေတာကို ကျွန်ုပ်က ဘာကိစ္စ အသက်ဖက်နဲ့ထုပ်ထားရမဲ့ စစ်ပွဲတွေဆီသွားချင်မှာလဲ? မသွားနိုင်ဖူး! မလိုက်နိုင်ဖူး! ပြန်လို့ရပြီ" ဆိုပြီး ကျင်းရှောင်ကို ဆိုင်ထဲကနေ မောင်းထုတ်လိုက်၏...

ကျင်းရှောင်ပြောပြသည့် အကြောင်းအရာအစုံကို နားဆင်ပြီး ၊ မုဟန်ကျင်း ရေတစ်ခွက်ငဲ့ပေးကာဖြင့် -
"အရည်အချင်းရှိ စစ်သူကြီးတစ်ယောက်ကို အပိုင်လိုချင်ရင် 'ရှောင်' စိတ်ရှည်ရမယ်လေ...တပ်ဖွဲ့တွေတောင်တက်ဖို့က ရက်တချို့ကြာမှာဆိုတော့ ကျွန်တော်တို့အတွက် အချိန်ရှိပါသေးတယ်"

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမOnde histórias criam vida. Descubra agora