24 : Ryo Yi

5.6K 587 5
                                    

(Unicode)
Chapter 24 : ရော့ယိ

မုလင်းပေါင် တို့နှင့်တွေ့ဆုံခဲ့ပြီးနောက် ပွဲစျေးလည်ခြင်းကိုရပ်ကာ ဝမ်ရယ်နှင့်ဝမ်ဖေး မြင်းတစ်ကောင်ကိုနှစ်ယောက်စီးလျက် နွေစံအိမ်တော် ရှိရာ မြို့တောင်ဖက်ပိုင်းသို့ လာခဲ့ကြသည်...

ကျင်းရှောင်ဖက်ကစပြီး မုလင်းပေါင်တို့ကို ထိုးကြိတ်ခဲ့တာဆိုပေမဲ့ မုလင်းပေါင်တို့ကပဲ ချန်ဝမ်ကို အထင်မြင်လွဲ၊စိတ်ပူပန်မှုဖြစ်စေခဲ့သည့်အတွက်ဆိုပြီး တောင်းပန်ခဲ့ရသည့်မြင်ကွင်းက မုဟန်ကျင်း မျက်စိထဲကမထွက်... မုဟန်ကျင်း ရီချင်တာကို နှုတ်ခမ်းတင်းတင်းစေ့ထားတာကြောင့် ပြုံးစိစိဖြစ်လို့နေသည်...

ရင်ခွင်ထဲမှာ မျက်နှာဝှက်လို့ ပြုံးစိစိဖြစ်နေသော ဝမ်ဖေးကို ဝမ်ရယ် ငုံ့ကြည့်ကာ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွါချလိုက်တော့၏! 'အခွင့်ကြုံတိုင်း မုလင်းပေါင်နှင့်ဝမ်းကွဲနှစ်ယောက်ကို သူထိုးကြိတ်ရိုက်နှက်ရမည်!!'
ကလေးဘဝတုန်းက မုဟန်ကျင်းကို ရေခဲရေကန်ထဲတွန်းချခဲ့သည့် မုလင်းပေါင် နှင့် ဖြစ်ရပ်အစအဆုံးကို ဒီအတိုင်းရပ်ကြည့်နေခဲ့ကြသော ဝမ်းကွဲနှစ်ယောက်ကို အခုလာမဲ့ ဆောင်းတွင်း အအေးဆုံးအချိန် ၂၇ရက်မြောက်နေ့မှာ ရေကန်ထဲပစ်ချခိုင်းရမည်!

ချန်ဝမ်ရဲ့နွေစံအိမ်တော်က မြို့တော်ရဲ့မြောက်စွန်းစွန်းမှာတည်ရှိပြီး မုဟန်ကျင်း အမွေရထားသော မြေကွက်ရိုင်းတစ်ခုသည်လည်း စံအိမ်သွားသည့်လမ်းပေါ်မှာ ရှိသည်... ရှောင်ဟေး ကို ဇိမ်ယူစီးနှင်းနေကြရင်း ကျောက်သားတွေနှင့်ပြည့်နေသော မြေကွက်ရိုင်းတစ်ခုနားအရောက် မုဟန်ကျင်း ကျင်းရှောင်ကို မော့ကြည့်လိုက်တယ်... ကျင်းရှောင်ပုံစံက တစ်ခုခုတွေးနေသည့်ဟန်ရှိတာကြောင့် 'ပန်းရောင်ဝတ်မိန်းကလေးအကြောင်းကို သူတွေးနေတာလား?'
ပြုံးနေသည့် မုဟန်ကျင်းရဲ့နှုတ်ခမ်းတွေက တစ်တန်းတည်း ဖြစ်လို့သွားတယ်..
"ရှောင်းရှောင်..."

"ဟင်??"
ကျင်းရှောင်အတွေးစဖြတ်ကာ သူ့ဝမ်ဖေးကို ငုံ့ကြည့်လိုက်၏...

'အဲ့ဒီမိန်းကလေးကဘယ်သူလဲ' ဟု မုဟန်ကျင်း မေးလိုက်ချင်ပေမဲ့ .. မေးခွန်းကို ပြန်မျိုချကာ အကြည့်တွေကို မြေရိုင်းမြေကွက်တွေဆီသို့သာ ပို့လိုက်ပြီး -
"ဒီမြေရိုင်းမှာ ဘာသီးနှံစိူက်ပျိုးဖြစ်ထွန်းနိုင်မလဲဟင်??"

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမWhere stories live. Discover now