73 : News(2)

4.8K 523 14
                                    

(Unicode)
Chapter 73 : သတင်းကောင်း အပိုင်း(၂)

"ဟန်ကျင်း... အဖေ့ကို စိတ်မခုဖို့မျှော်လင့်ပါတယ်... တရားဝင် သား/သမီး တွေနဲ့ ကိုယ်လုပ်တော်တွေကြား ကွာခြားမှုတွေရှိတယ်... အိမ်တော်တွင်းငြိမ်းချမ်းရေးရှိဖို့ လိုအပ်တယ်လေ"
ပေဝေ့အမတ်ကြီး စိတ်ဓါတ်ကျလွန်းလို့ သေရည်ပင်ဆက်သောက်ချင်စိတ်မရှိတော့ပေ...

မုကျင်းရဲ့ခွက်ထဲ သေရည်ထပ်ဖြည့်ပေးရင်း -
"ဘယ်ကနေဘယ်လို ဒီစကားတွေထွက်လာရတာလဲဟင်?? ဒီသားက အဖေ့ကို စိတ်ခုဖို့မဖြစ်နိုင်ပါဖူး"
အဖေတွေဆိုတာ သားတွေရဲ့ရှေ့ဆောင်လမ်းပြတွေဖြစ်ပြီး အဖေက သူ့အသက်ကိုယူခဲ့မယ်ဆိုရင်တောင် ငြိုငြင်ဖို့မဖြစ်နိုင်ပါဖူး..
သူက တရားမဝင်သားဖြစ်နေခဲ့တာတောင်မှ မုကျင်းက သူ့အပေါ်အတော်လေးကောင်းခဲ့ပါတယ်..
တရားမဝင်သားသည်ဆက်ခံသူမဖြစ်ရဆိုသည့် ဥပဒေသည် ရှေးယခင်ကတည်းက ရှိခဲ့တာဖြစ်တယ်...
သာ့ချန်မင်းဆက် ပထမဆုံးဧကရာဇ်လက်ထပ်တွင် မြို့စားရှိူ့အိမ်တော်မှာ တရားဝင်သား ရုတ်တရက်သေဆုံးသွားချိန် ၊ ဆက်ခံသူမရှိဖြစ်သွားတာကြောင့် တရားမဝင်သားကိူ ဆက်ခံသူအဖြစ်တင်မြောက်လိုက်ချိန် ရှင်ဘုရင်က အိမ်တော်တစ်ခုလုံးကို သိမ်းပစ်ခဲ့၏...
ဥပဒေစည်းမျဉ်းဆိုတာ မိုးကောင်ကင်ရဲ့အလိုကျမို့ မိုးကောင်းကင်ရဲ့သားတော်ရှင်ဘုရင် မကျေနပ်ဖူးဆိုလျှင် အိမ်တော်ကိုပါ ချက်ချင်းဖျက်သိမ်းပစ်နိုင်သည်မို့ ပေဝေ့အမတ်ကြီး မစွန့်စားရဲ... မုဟန်ကျင်းက အခုဆို တရားဝင်ဒုတိယသားဖြစ်နေပြီဆိူပေမဲ့ပေါ့...

(ရှေးယခင်တရုတ်နိုင်ငံတွင် 'ဆက်ခံသူ' တို့သည် 'မိုးကောင်ကင်၏ ချီးမြင့်မှုကိုရထားသူ' ဟု မှတ်ယူကြသည်... တရားမဝင်သားတွေသည် တရားဝင်သားတော်တွေအဖြစ် မမွေးဖွားလာခြင်းသည် ကောင်းကင်အလိုကျ ... ကောင်းကင်အာဏာကို ကိုယ်စားပြုသော ရှင်ဘုရင်သည် ရာထူးအာဏာတွေကို သူ့စိတ်တိုင်းကျ ချီးမြင့်နိုင် ၊ ရုတ်သိမ်းနိုင်၏)

အဖေက ဘိုးဘေးတွေထားခဲ့သည့်အိမ်တော်နာမည်ကို အရာရာထပ့်အလေးထားသည်ဆိုတာကို မုဟန်ကျင်းသိတယ် ... အိမ်တော်တစ်ခုမှာ မျိုးရိုးနာမည်ကိုမှ မထိန်းထားနိုင်ရင် ဘယ်လိုရှင်သန်ကြမလဲ??
မုကျင်း မျိုးရိုးနာမည်အဓွန့်ရှည်တည်တံ့ဖို့ လိုလားတယ်ဆိုပေမဲ့ ဘယ်မိဘက သားသမီးကို မချစ်တာရှိလို့လဲ?? သူငယ်ငယ်တုန်းက မုကျင်းသည် တရားမဝင်သားသူ့ကို သိုင်းပညာသင်ပေးပြီး ကြီးလာလျှင် ကိုယ်တိုင်ရာထူးတစ်ခုရအောင်ယူနိုင်ဖို့ မျှော်လင့်ခဲ့သည်...

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမUnde poveștirile trăiesc. Descoperă acum