83 : Old Friend

5.1K 555 5
                                    

(Unicode)
Chapter 83 : မိတ်ဆွေဟောင်း

ချုန်လင်ဂုဏ်ပြုပွဲ ပြီးသည်နှင့် အလုပ်စီစဉ်နေရာချထားရေးဌာနသည် အောင်မြင်သူတို့ကို နေရာတွေစစီစဉ်ပေးသည်... 
အမတ်ကြီးရှောင်ယွင် မရပ်မနား၊ပြေးလွှားအလုပ်များနေခဲ့တာများ ၃လပိုင်း လလယ်ရောက်သည့်အထိပဲ!

အဆင့်(၃) ပန်းဆက်သသည့်ကိစ္စဖြစ်ပေါ်ခဲ့ပြီးနောက် အိမ်ရှေ့စံရွေးချယ်ပေးရန် တိုက်တွန်းမှုတွေ ရပ်တန့်သွားခဲ့တယ်...
ဧကရာဇ်ဟုန်ကျန့် ဘာတွေတွေးနေလဲဆိုတာ ဘယ်သူသိမှာလဲ!
မင်းကြီးက ကျင်းယွီကို တရားစီရင်ရေးဌာနသို့ ပြောင်းရွေ့ဦးစီးစေခဲ့ပြီး အမတ်ဝမ်ယွမ်ကို ပြည်ပမှဆက်သလာသည့်ပဏ္ဏာလက်ခံရေးဌာနကို ဦးစီးစေသည်...
ပြည်ပမှပဏ္ဏာဝင်သည်က တစ်နှစ်မှ အကြိမ်ရေအနဲငယ်ဆိုပေမဲ့ အမတ်ဝမ်ယွမ်အတွက် တိကျသေချာသော အလုပ်ရာထူး၊တာဝန် ရခဲ့ပြီဖြစ်တယ်...

အဆင့်မြင့်သော အမှုထမ်းရာထူးတွေကို အဆင့်(၁) အောင်မြင်သူ ကြိုက်ရာရွေးနိုင်ပေမဲ့ ၊ အဆင့်(၂) နှင့် အဆင့်(၃) တို့ရချင်ပါက ဝင်ခွင့်စာမေးပွဲဖြေရမှာဖြစ်တယ်...

"အဆင့်(၂) က ဟန်လင်းတော်ဝင် စာသင်ဆောင်မှာ စာတည်းရာထူးရသွားပြီး အဆင့်(၃) မာကျော့ က ပွဲလမ်းသဘင်စီစဉ်ရေးဌာနဆီသွားခဲ့တယ်"
အရင်နှစ်က ဘဏ္ဍာရေးဌာနတွင် အမှုတွေဖြစ်ခဲ့ပြီး ရှောင်ယွင် အရှုပ်ထုပ်တွေကို မောကြီးပန်းပြီးလိုက်ရှင်းပေးခဲ့ရင်း အမတ်ကြီး အဆင့် ရာထူးတိုးခဲ့သည်... ဒီနှစ်မှာတော့ သူက အလုပ်စီစဉ်ရေးဌာနရဲ့အမတ်ကြီးဖြစ်လာခဲ့တယ်... သူဒီဌာနရဲ့အမတ်ကြီးဖြစ်လာသည့်နှစ်မှာပဲ စာမေးပွဲရှိခဲ့တော့ ဖင်ကုန်းနေအောင်လုပ်ရပြန်သည်...
၂နှစ်စလုံး ရှောင်ယွင်အတွက် လွယ်ကူသောနှစ်မဟုတ်ခဲ့...
သူ့ရှေ့မှာ အေးအေးလူလူ ၊ စိမ်ပြေနပြေရှိနေသော လင်လင်နှစ်ယောက်ကို ရှောင်ယွင်ကြည့်ရင်း ... မိုးကောင်းကင်ကတကယ်မတရားဘူး ဟုခံစားမိလာတယ်!

ရှောင်ယွင်မျက်နှာပေါ်မှာပေါ်နေသည့် နာကျည်းမှုတွေကို ကျင်းရှောင် မမြင်မိသည့်အလား -
"နှစ်ဝက်ကျော်မက ရှေ့တန်းထွက်ခဲ့ရတော့ ငါတို့တွေက အနားယူဖို့ထိုက်တန်ပါတယ်လေ..."

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမOnde histórias criam vida. Descubra agora