(Unicode)
Chapter 13 : ဆားကုန်သွယ်မှုနောက်တစ်နေ့မနက် မုဟန်ကျင်းနိုးလာတော့ ... ကျင်းရှောင် က သူ့ကို အနောက်ကနေ ထွေးဖက်ထားလျက် ဝင်လေ ထွက်လေ နွေးနွေးတို့က လည်ဂုတ် ကိုပင် ရိုက်ခတ်လို့...
ကျင်းရှောင်ရဲ့ ခြေထောက်တစ်ချောင်း က သူ့ခြေထောက်တွေပေါ် ထပ်တင် ခွ ထားတာကြောင့် သူ့ခြေထောက်ပင် ထုံ နေသည်...မုဟန်ကျင်း အနဲငယ် လှုပ်ရှားလိုက်သည်နှင့် အနောက်က လူက နိုးလာပြီး အိပ်ချင်မူးတူး အက်ရှရှ အသံဖြင့် -
"... ကျွင်း...ချင်...""အဟမ်း... ကျွန်တော်တို့ အိပ်ယာထသင့်ပြီ.."
မုဟန်ကျင်း ပြောလည်းပြောရင်း လှုပ်ရှားလိုက်ပေမဲ့ ကျင်းရှောင်က ဖက်ထားရာကနေ နဲနဲလေးမှ လွတ်ပေးလာခြင်းမရှိ...
ပိုလို့တောင် တိုး၍ ဖက်လာသေးသည်..
ကျင်းရှောင် က မုဟန်ကျင်း လည်တိုင်မှာ ခေါင်းတိုးဝှေ့ပွတ်သပ်ရင်း -
"မနက်ခင်းညီလာခံမှတက်စရာမလိုသေးတာ... ဘာလို့ အစောကြီး ထကြမှာလဲ?""ဝမ်ရယ် လီလူကြီးမင်း နဲ့ ချိန်းထားတယ် မဟုတ်လား?"
ထိုဟာက အကြောင်းပြချက်တစ်ခုမျှသာဖြစ်၏ ... မနက်စာ စားပြီးကြချိန် ကိုယ်လုပ်တော်တွေ သူ့ကို လာဂါရဝပြုလေ့ရှိတာမို့ ထိုအချိန်ထိ သူတို့က အိပ်ယာထဲမှာပဲ ရှိနေသေးတယ်ဆိုရင် ... ...ကျင်းရှောင် မထချင် ထချင်နှင့် လေးပင်စွါမျက်လုံးဖွင့်လိုက်ရတော့သည်... အရင်ဘဝတုန်းက စစ်ပွဲတွေချည်းတောက်လျှောက်နွဲနေခဲ့ရတော့ ကောင်းကောင်းအိပ်စက်ရသည်ဟူ၍ မရှိခဲ့ ၊ အကျဉ်းကျသွားချိန်မှာ သာ၍သာဆိုးတော့သည်... အေးစက်နေသော သံမံတလင်းအခင်းနှင့် ညစ်ပတ်နံစော်နေသော ကောက်ရိုးအိပ်ယာတို့သာ ရှိသည်လေ...
ပြန်လည်မွေးဖွားလာပြီးနောက် ကျင်းရှောင်က နွေးထွေးသန့်ရှင်းသော အရာတို့နှင့်အိပ်စက်ခြင်းကို တက်မက်လာခဲ့တော့သည်...ကျင်းရှောင်က အိပ်ယာကနေ ချက်ချင်းမထသေးပဲ ကိုယ်တစ်စောင်းအနေအထား ၊ ပါးပြင်ကို လက်ထောက်ထားလျက် အဝတ်အစားလဲနေသည့် မုဟန်ကျင်းကို ငေးကြည့်နေသည်...
မုဟန်ကျင်းက ဒီနေ့အတွက် အဖြူစွတ်စွတ် ဝတ်စုံကို ရွေးချယ်ထားတာကြောင့် ခေါင်းအစ ခြေအဆုံး ဖြူစင်သန့်ရှင်းနေပြီး ကောင်းကင်ဘုံကဆင်းသက်လာသည့် နတ်သားလေးတစ်ပါး အလားပဲ...
'ဒီလူသားက ကမ္ဘာပေါ်မှာ အနွေးထွေးဆုံးနဲ့ အစင်ကြယ်ဆုံး ငါ့အကြိုက်အရာလေး'
VOUS LISEZ
ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမ
Fiction Historique(Unicode) ဘုရင့်သားတော် လည်းဖြစ် ၊ စစ်ဦးစီးချုပ်လည်းဖြစ်သည့် ကျင်းရှောင်... သူ့အပေါ်အမြဲသစ္စာရှိတဲ့ ဝမ်ဖေးကို ပစ်ပယ်ခဲ့ပြီး သေဆုံးချိန်မှ အမြင်မှန်ရခဲ့သည့်နောက်... second chance အနေနဲ့ သေရာကနေ ပြန်ရှင်လာချိန် ... ကံကြမ္မာကို သူပြောင်းလဲနိုင်ခဲ့မလား...