Name - First Frost
Chapter - 85 chapters + 4 extras + special extras from bookကံကြမ္မာစက်ကွင်းကြီးရဲ့စီရင်ခြင်းအောက်မှာ 'ဝိန်းရိဖန်' ဆိုတဲ့ကောင်မလေးက အထက်တန်းကျောင်းတုန်းက ငြင်းခဲ့ဖူးတဲ့ကောင်လေး 'စန်းရန်' နဲ့ တစ်အိမ်တည်းနေဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ နှစ်ဦးနှစ်ဖက်စလုံးက စည်းခြားထားတဲ့မြစ်ချောင်းကြီးကို မချိုးမဖျက်ကြဘဲ တစ်မိုးအောက်ထဲမှာ သူစိမ်းနှစ်ယောက်လိုမျိုး အတူတူနေထိုင်ကြပါသေးတယ်။ ဒီလိုအေးချမ်းငြိမ်သက်နေတဲ့နေထိုင်မှုပုံစံလေးက မနက်ခင်းတစ်ခုမှာတော့ ကပြောင်းကပြန်နဲ့အဆုံးသတ်သွားပါလေရော့သတဲ့....
မနေ့ညကအထိ သူမရဲ့အိပ်ခန်းထဲမှာပဲ ရှိနေခဲ့တဲ့ 'ဝိန်းရိဖန်'က နောက်တစ်နေ့မနက်မိုးလင်းတော့ 'စန်းရန်'ရဲ့အိပ်ရာပေါ် ရောက်နေပါတယ်တဲ့လေ။ အိပ်နေတဲ့အချိန် ယောင်ယမ်းပြီး လမ်းထလျှောက်တတ်တဲ့အကျင့်ရှိတဲ့သူ 'ဝိန်းရိဖန်' ကသာ ဒီလိုအကျင့်မျိုးရှိကြောင်း 'စန်းရန်'ကို ရှင်းပြပြီး တောင်းပန်စကားဆိုရတော့တာပေါ့။ ဒါပေမယ့် ဒီလိုအခြေအနေမျိုးတွေက တစ်ကြိမ်ထပ်တစ်ကြိမ် ထပ်ပြီးဖြစ်လာတဲ့အခါကျတော့ ပြဿနာအတွက် ဆွေးနွေးကြရတော့တယ်လေ။
'ဝိန်းရိဖန်' က 'စန်းရန်' ကို အိပ်ခန်းတံခါးကို လော့ခ်ချထားသင့်ကြောင်း အကြံပြုပေးတော့တာပေါ့။
'စန်းရန်' က စိတ်ထဲမထည့်တဲ့ပုံစံမျိုးနဲ့ အလျင်းသင့်သလို ပြောလိုက်တာက ;
"မင်းက သော့ဖျက်ဝင်လာရင်ရော"
'ဝိန်းရိဖန်'ကလည်း စိတ်ရှည်လက်ရှည်နဲ့ကို ရှင်းပြရင်း
"ငါ့မှာ ဘယ်လိုလုပ်ပြီး သော့ဖျက်နိုင်တဲ့အစွမ်းအစမျိုးရှိပါ့မလဲ"
"ကိုယ်နဲ့ တစ်ကုတင်ထဲ အတူတူအိပ်ရဖို့အတွက်.."
စန်းရန်က မျက်လုံးကိုအသာအယာပင့်ကြည့်ရင်း ;
"မင်းမလုပ်နိုင်တဲ့အရာဆိုတာမျိုး မရှိရင်ရော"
'ဝိန်းရိဖန်'က နှစ်စက္ကန့်မျှလေးငြိမ်သွားပြီးတဲ့အခါမှာတော့ လေးလေးနက်နက်နဲ့ကို အတည်ပေါက် မေးတော့တယ်လေ။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-