Chapter 21

988 72 0
                                    

စန်းရန်ထံမှ ဤဝါကျစကားထွက်ကျလာပြီးပြီးချင်းပင် ​ကျောင်းတက်​ခေါင်း​လောင်းမြည်သွားခဲ့သည်။

​ခေါင်း​လောင်းသံက သက်သာရာရ​အောင်လုပ်​ပေးနိုင်ခြင်းနှင့်အလားတူစွာ မျက်မှန်နှင့်​ကောင်​လေးသည်လည်း သက်ပြင်းကြီးကြီးချမိပြီး ​တောင်းပန်စကားဆိုလိုက်​တော့သည်။စန်းရန်က မည်သည်ကိုမှဂရုမစိုက်သည့်ဟန်မျိုးဖြင့် ထို​ကောင်​လေးကိုသာ တစ်ချက်လှမ်းကြည့်ပြီး​နောက် သူ့ထိုင်ခုံ​နေရာသို့ ပြန်​လျှောက်သွားခဲ့သည်။

သူ့​ဘေးနားပတ်ပတ်လည်ဝိုင်းကြည့်​နေကြသည့်သူများမှာလည်း တစ်စစနှင့် လမ်းဖယ်​ပေးကုန်ကြ၏။

ဆရာမ မဝင်လာခင် အတန်းထဲ၌ ယခုလိုတိတ်ဆိတ်​နေသည့်အချိန်မျိုးမှာ ရှားကိုရှားလှ​ပေ​တော့သည်။

ဝိန်းရိဖန်က စားပွဲခုံ​အောက်မှဖတ်စာအုပ်ကိုထုတ်ပြီး သင်စာခန်းမာတိကာသို့လှန်​လှောကြည့်လိုက်၏။သို့​သော်လည်း စိတ်အစဥ်က ယခု​လေးတင်ဖြစ်သွားခဲ့သည့်ကိစ္စ​ပေါ်၌သာ ​ရောက်​နေဆဲ။ မ​နေ့က စန်းရန်သူငယ်ချင်းအ​ပေါင်းအပါများနှင့် ထမင်းစားခန်းထဲ၌ ဆုံဖြစ်ကြသည့်အ​ကြောင်းအား ​တွေးမိလိုက်သည့်အချိန်တွင်​တော့ ပြဿနာအား ​​​ချော​ချော​မွေ့​မွေ့​အစ​ဖော်ကြည့်လိုက်နိုင်၏။

ထို့​ကြောင့် အခြားသူများ၏အမြင်တွင် သူမက စန်းရန်ကိုသစ္စာ​ဖောက်ပြီး ရှန့်လန်နှင့်အတူရှိလိုက်ခြင်းပင် ဖြစ်မည်။

ဝိန်းရိဖန်က ​ဘောပင်အား ကျစ်ကျစ်ပါ​အောင်ဆုတ်ကိုင်ထားမိလိုက်၏။

အခြားသူများက သူမအား ရွံစရာ​ကောင်းသည်ဟူ၍ သမုတ်​နေကြသည်ကို မထူးဆန်း​တော့။

​ခေါင်း​မော့ပြီး စန်းရန်ရှိရာဆီသို့ လှမ်းကြည့်လိုက်၏။

သူ့အရပ်ကမြင့်​သော​ကြောင့် သူ့ထိုင်ခုံ​နေရာအား ပထမလိုင်း၏​နောက်ဆုံးအတန်းတွင် စီစဥ်​ပေးလိုက်ကာ သူမ​နေရာနှင့်ယှဥ်လျှင် နှစ်​ယောက်ကြားရှိအကွာအ​ဝေးမှာ ​တော်​တော်​လေးလှမ်းသည်။ စန်းရန်က ​အောက်သို့စိုက်ကြည့်​နေပြီး မည်သည့်အ​ကြောင်းအရာကိုဖတ်ကြည့်​နေမှန်းမသိ။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now