Chapter 82

905 59 3
                                    

ပတ်ဝန်းကျင်အ​ခြေအ​နေမှာ တစ်ခုခုမူမမှန်​တော့မှန်း စန်းကျစ် ခံစားမိလိုက်သည်နှင့် သူတို့နှစ်ဦးကို ​ဝေ့ဝဲ၍အကဲခတ်လိုက်ကာ အလိုက်တသိဖြင့် နှစ်ကိုယ်တည်းအတွက်နေရာ​ပေးရန် မီးဖို​ချောင်ထဲမှထွက်လာ​ပေးလိုက်သည်။

ထွက်လာသည့်အချိန်တွင် တံခါးကိုပါ ​စေ့ထား​ပေးခဲ့၏။

ဝိန်းရိဖန်က အကြည့်လွှဲပစ်လိုက်ပြီး စဥ်းနှီတုံး​ပေါ်တင်ထားသည့် အသားပြားကို လှီးဖြတ်​နေ၏။ ဆံပင်များကို သိမ်းကျုံးစည်း​နှောင်ထားခြင်းဖြစ်ရာ သူမ၏နားရွက်ဖျားများနှင့် လည်ဂုတ်တို့က အတိုင်းသားလှစ်ဟထားပြီး မျက်နှာထက်တွင်ရှိ​နေကျဖြစ်​သော ​နွေး​ထွေးသည့်အပြုံးများက လက်ရှိအချိန်တွင်​တော့ မည်သည့်ခံစားချက်မှမရှိ​တော့သည့်အသွင်အပြင်မျိုးအဖြစ် ​ပြောင်းလဲထားနှင့်ပြီ​ပေ။

စန်းရန်က သူမ၏​ဘေးနားသို့​လျှောက်သွားပြီး စက္ကန့်ပိုင်းကြာကြာတိတ်ဆိတ်​နေပါ​သေးသည်။ ထို့​နောက်တွင်မှ ကိုးရိုးကားယားဖြစ်​နေသည့်အ​ခြေအ​နေအတွက် စကားစဆိုလိုက်၏။

"ဝိန်းရွှမ်းကျန့် ၊ ကိုယ် နောက်မီးလင်း​နေတယ်လို့ထင်​နေတာ​တောင်မှ အဲ့အပြင်စာကို စားဖြစ်​အောင်စားလိုက်​သေးတာလား"

"...."

တစ်ဖက်ရန်သူ၏အချက်ကျကျတိုက်ကွက်က ချက်ကောင်းကိုတည့်တည့်ကြီးထိလျက်။

ဝိန်းရိဖန်၏လှုပ်ရှားမှုများ တုံ့ခနဲရပ်သွားခဲ့သည်။ သူ့စကားတစ်ခွန်း​ကြောင့် လက်​ချော်မလိုပင်ဖြစ်သွားခဲ့ပြီး ထိုမကြည်မသာဖြစ်​နေသည့်စိတ်​သေး​သေး​လေးမှာလည်း ​လွင့်စင်သွားခဲ့သည်။ မျက်လွှာကိုချထားပြီး စူပုတ်​နေသည့်မျက်နှာထားမျိုးကို အတင်းလုပ်ယူကာ ခပ်တည်တည်ဖြင့် ;

"ဝယ်​တောင် ဝယ်ထားပြီးပြီ​လေ"

စကားလုံး၏ရှုပ်​ထွေးပုံက သည်လိုပင်။

မစားဘဲ ပစ်လိုက်လျှင် အလကားဖြစ်သွားမည့်အ​ကြောင်းကို ဆိုလိုခြင်း။

သူမအား တစ်ခဏကြာကြာစိုက်ကြည့်ပြီး​နောက် စန်းရန်က သည်အ​ကြောင်းနှင့်ပတ်သတ်၍ မ​မေးမမြန်း​တော့​ဘဲ အခြားတစ်ခုကိုသတိရသွားခဲ့ကာ အိတ်ကပ်ထဲမှ လက်ကိုင်ဖုန်းကိုထုတ်လာပြီး အ​ရှေ့တွင်​ဝေ့ရမ်းပြ၏။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now