ဝိန်းရိဖန်သည် အကြည့်များပြန်လွှဲလိုက်ပြီး မည်သည့်မှတ်ချက်မျိုးမှမပေးဘဲ 'အင်း' တစ်လုံးတည်းသာ အထိုက်အလျောက်ပြန်ဖြေလိုက်သည်။
ဤစကားတစ်ခွန်းက အမှန်တကယ်ဟုတ်မဟုတ် အတည်ပြုနေဖို့ရာလည်း သူမတွင်အကြောင်းပြချက်ကရှိမနေ။
တစ်ခုတည်းသော နားမလည်သလိုဖြစ်နေသည့်ကိစ္စမှာ သူတို့၏တက္ကသိုလ်ဘွဲ့ရညစာစားပွဲတွင် အဘယ်ကြောင့် စန်းရန်၏အထက်တန်းကျောင်းမှကိစ္စများကို ပြန်စမြုံပြန်နေခဲ့ခြင်းကိုပင်။ အသေးစိတ်လိုက်ပြောရလျှင် သူတို့နှစ်ဦးကြားရှိကိစ္စများအား စုဟောက်အန်းပင် ခရေစေ့တွင်းကျမသိခဲ့။
သည့်ထက်အပြင် စန်းရန်၏ မာနကြီးသည့်အကျင့်စရိုက်အရ သူ့အားနည်းချက်အား အခြားသူများရှေ့၌ ဘယ်တော့မှထုတ်ပြမည်မျိုးမဟုတ် ၊ အခြားသူများအား ရင်ဖွင့်ရမည်ကိုပင် ပျင်းနေပါလိမ့်မည်။
ထို့ကြောင့် ဝိန်းရိဖန်လည်း ဤကိစ္စအား အဘယ်ကြောင့် အစမရှိ အဆုံးမရှိဘဲ စကားချီလာမှန်းကို နားမလည်တော့၏။
သို့သော်လည်း ဖြစ်နိုင်ချေအဖြစ်နှင့် တွေးမိသည်မှာ ဟာသစကားတစ်ခု အဖြစ် တရင်းတနှီးပြောပြလာခြင်းဟူ၍ပင်။
ဘယ်လိုပင်ဖြစ်စေ အချိန်တွေမှာကြာလှခဲ့ပြီဖြစ်သည်။
ဤသို့ဤနှယ်တွေးလိုက်ပြန်တော့လည်း အတင်းစကားပြောလာခြင်းက ကျိုးသင့်ကြောင်းသင့်ရှိသလိုလို။
ဝိန်းရိဖန်က ထပ်မတွေးတော့ဘဲ မုချန်ယွင်က မဆီမဆိုင်ပြောပြလာခြင်းအပေါ်ကိုသာ နားလည်ရခက်သလိုခံစားမိလိုက်ရသည်။
ဝိန်းရိဖန်သည်လည်း မထင်ထားမိ ၊ သူမကိုယ်တိုင်က ထိုကဲ့သို့သော 'အကောင်းဆုံး' ဆိုသည့်တစ်ယောက်ဖြစ်နေလိမ့်မည်ဟူ၍။
"နောက်တော့ စီနီယာအစ်ကိုစန်းက ပြောသေးတယ်"
မုချန်ယွင်က သူမအား လှမ်းကြည့်လာပြီး စကားတစ်ခွန်းကို ထိုက်လျောက်စွာထည့်ပေါင်းပြောဆိုလာခဲ့သည်။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-