Chapter 27

960 68 6
                                    

အ​ခြေအ​နေမှာ အ​တော်​လေးကသိက​အောက်နိုင်လျက်ရှိသည်။

စန်းရန်က ထိုစကားကို​ပြောလာသည့်အချိန် အဘယ်​ကြောင့် သူမကိုကြည့်၍ပြော​နေမှန်းလည်းမသိ ၊ ဝိန်းရိဖန်က အကြည့်လွှဲလိုက်ကာ အထဲသို့​လျှောက်ဝင်လာရင်းဖြင့် ;

"ဒါဆို နင့်သူငယ်ချင်းက ​တော်​တော်စွဲ​ဆောင်မှုရှိလို့ပဲ​နေမှာ"

ဤစကားကို​ပြောလိုက်ရင်း စိတ်ထဲမှ​နေ၍လည်း တိတ်တခိုးသက်ပြင်းချလိုက်မိ၏။

စန်းရန်ရဲ့သူငယ်ချင်းလို့ မ​ပြောရဘူး....စကား​ပြောတာ​တောင်မှ တ​စ်လေသံတည်း....

စန်းရန်၏အကြည့်များသည်​တော့ အဓိပ္ပါယ်ပါပါဖြင့် သူမ​ပေါ်၌သာကပ်ညှိ​နေဆဲ။

ထို့​နောက် ရုတ်တရက်ဖုန်းချပစ်လိုက်​တော့၏။

ဝိန်းရိဖန်က ထုံးစံအတိုင်း​ကော်ဖီစားပွဲနားတွင်ထိုင်ပြီး ​ရေ​နွေးတစ်အိုးတည်လိုက်သည်။

​ရေ​နွေးပွက်မည်ကို​စောင့်ရင်း စန်းရန်သည်လည်း သူထိုင်​နေကျ​နေရာတွင်ထိုင်လိုက်​ကြောင်း မျက်ဝန်း​ထောင့်မှတဆင့်လှမ်းမြင်​နေရသည်။ ဝိန်းရိဖန်အ​နေဖြင့် ​လော​လောလတ်လတ်လုပ်စရာအလုပ်လည်းမရှိသဖြင့် စန်းရန်၏အခု​လေးတင်ဖုန်း​ပြောထားသည့်စကားများကို အစအန​ကောက်ကြည့်ရင်းစကားဆိုလိုက်၏။

"ဒါ​ပေမယ့် ဟိုမိန်းက​လေးက နင့်သူငယ်ချင်းကို ဖွင့်​ပြောထားပြီးပြီလား"

စန်းရန် လှမ်းကြည့်လာ၏။

"ဘာလဲ"

"နား​ထောင်ကြည့်ရသ​လောက်​တော့ မဟုတ်​သေးဘူးထင်တယ် ၊ တကယ်လို့သာ ဟိုမိန်းက​လေးက နင့်သူငယ်ချင်းကို အရမ်းသ​ဘောကျ​နေတာဆိုရင်​တော့ သူ ဖက်လိုက်တဲ့အ​ကြောင်းပြချက်က အရမ်းသိသာ​နေပါပြီ ၊ နင့်သူငယ်ချင်းက နင့်ကို တကူးတက​မေးပြီး အ​ဖြေရှာ​နေစရာ​တောင်မလိုဘူး"

"အို့....အဲ့ဒါနဲ့ပဲ...."

စန်းရန်က စကားလုံးတစ်လုံးချင်းစီတိုင်းအား အားနှင့်မာန်နှင့်ထုတ်​ပြောလာ​တော့၏။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now