Chapter 23

1K 67 3
                                    

မီးဖို​ချောင်၏ဖွဲ့စည်းပုံစတုရန်းမီတာပတ်လည်က ခပ်​ကျဥ်းကျဥ်းမျိုးမဟုတ်။

L ပုံသဏ္ဍာန် အနက်​ရောင်စင်တစ်ခု၏​ဘေးတွင် ​ရေခဲ​​သေတ္တာရှိပြီး အ​ပေါ်ဘက်တွင်ကား အဖြူ​ရောင်နံရံကပ်ဗီဒို။ မီးဖို​ချောင်သုံးလျှပ်စစ်ပစ္စည်းများ များလာခြင်း​ကြောင့်သာ မီးဖို​ချောင်အ​နေအထားက အနည်းငယ်ကျပ်ညှပ်သလို ခံစား​နေရခြင်းဖြစ်သည်။

ဝိန်းရိဖန်က စန်းရန်အနားသို့​လျှောက်သွားလိုက်ပြီး အိုးထဲတွင် ပျော့​နေပြီဖြစ်​သောကြာဇံဖတ်များအား ငုံ့ကြည့်လိုက်၏။ တစ်ခဏ​လေးငြိမ်​ကြည့်နေပြီး​နောက်အင်္ကျီလက်ကို​ခေါက်တင်ပြီး ​ရေပိုက်​ခေါင်းကိုဖွင့်ကာ လက်​ဆေးလိုက်သည်။ ​နောက်တွင် သူမ၏​ဘေး၌ရှိ​နေ​သော ပစ္စည်းများအား လက်ညှိုးထိုးပြ၍ ;

"ဒါဆို ငါ ဒီဟာတွေကို ​ရေခဲ​သေတ္တာထဲ ပြန်ထည့်လိုက်ရမလား"

စန်းရန်က လှမ်းကြည့်လာရင်း

"ဟင်းရွက်​တွေချန်ခဲ့"

ဝိန်းရိဖန် ;

"အင်း"

သူမက အသားလုံးဘူးအား ​ကောက်ယူလိုက်သည့်အချိန် စန်းရန်မှ ;

"အသားလုံး မစားဘူးလား"

ဝိန်းရိဖန် တုံ့ခနဲရပ်သွားရင်း ;

"နင်စားချင်တယ်ဆိုရင် ထည့်လို့ရတယ်​လေ"

"ဖက်ထုပ်​​ရော...."

"နည်းနည်းစီ ထည့်လိုက်လို့ ရတယ်"

"အို့"

စန်းရန်က ​ဘေးနားရှိ ပဲငံပြာရည်ဘူးအား လှမ်းယူရင်း တစ်ဆက်တည်းဆိုသလို ;

"ကိုယ့်ကို ကြက်ဥနှစ်လုံးယူလာခဲ့​ပေး"

"...."

ချက်ပြုတ်​နေသည့်ဟင်းက ယခုလိုအ​ခြေအ​နေမျိုး​ရောက်​နေပြီဖြစ်ကာ စန်းရန် ဆက်လုပ်​နေသည့်အရာများအ​ပေါ် ဝိန်းရိဖန်နားမလည်နိုင်ပါ​တော့​ချေ။ သူမအ​နေဖြင့် အစားအ​သောက်အား မဖြုန်းတီးလို ၊ ထို့​ကြောင့် မတတ်နိုင်သည့်အဆုံးတွင် စကားဆိုလိုက်သည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now